မိန်းကလေးတစ်ယောက်ရဲ့သဘာကျနှစ်သက်မှုရအောင်ဘယ်လိုလုပ်ရမလဲ

ယောက်ျားလေးတွေအနေနဲ့ မိန်းကလေးတစ်ယောက်သဘောကျနှစ်သက်လာအောင်လုပ်စရာ သိပ်များများစားစားမရှိပါဘူး။အဲဒီလိုသိပ်မများတဲ့အချက်တွေထဲကမိန်းကလေးတစ်ယောက်သ ဘောကျမှုကိုဘယ်လိုရအောင်ယူမလဲဆိုတာနဲ့ပတ်သက်ပြီးဖော်ပြ ပေးလိုက်ပါတယ်။

(၁)အတူတူရယ်မောနိုင်အောင် ကြိုးစားပါ

ယောက်ျားလေးအများစုမှာဟာသဥာဏ်ရှိကြပါတယ်။အဲဒီလိုဟာသဥာဏ်ရှိခြင်းကြောင့်တစ်ဖက်မိန်းကလေးကိုပျော်အောင်လုပ်ပေးနိုင်သလိုကိုယ်လည်းသူနဲ့အတူလိုက်ပြီးရယ်မောခြင်းက ယောက်ျားလေးနဲ့မိန်းကလေးကြားမှာယုံကြည်မှုပိုတိုးစေပါတယ်။တကယ်လို့ကိုယ့်မှာပင်ကိုယ်ဗီဇအားဖြင့်ဟာသဥာဏ်မရွှင်တဲ့သူဆိုရင်လည်းရယ်ရွှင်စရာကိုပြောနိုင်မယ့်အခွင့်အလမ်းတွေဖန်တီးနိုင်ပါတယ်။မိန်းကလေးတစ်ယောက်သဘောကျဖို့ဆိုရင်ဟာသဥာဏ်ရှိခြင်းကလည်းအဓိကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

(၂)သူမကိုပန်းလက်ဆောင်ပေးပါ

ပန်းမကြိုက်တဲ့ မိန်းကလေးဆိုတာ မရှိသလောက်ရှားပါတယ်။အမှန်တကယ်ပဲ ပန်းမကြိုက်တတ်ဘူးဆိုရင်တောင် ကိုယ့်အတွက် ၀ယ်လာပေးတဲ့ပန်းကို ငြင်းပယ်ဖို့အထိတော့ ဆန္ဒမရှိကြပါဘူး။ပန်းပေးတယ်ဆိုတာ တကယ်တော့ သူမအပေါ်ထားတဲ့ကိုယ့်ရဲ့စေတနာကိုရိုးသားစွာဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ကိုသဘောကျစေတဲ့မိန်းကလေးတစ်ယောက်ဆီသွားမယ်ဆိုရင်ပန်းယူသွားဖို့မမေ့ဖို့တော့လိုပါတယ်။

(၃)နည်းလမ်းဟောင်းတွေကိုအသုံးပြုပါ

တခါတလေ ကောင်မလေးသဘောကျအောင်ဆန်းသစ်တဲ့နည်းလမ်းတွေရှာရင်း ခေါင်းခြောက်ရတဲ့အဖြစ်မျိုး  ယောက်ျားလေးအများစုကြုံဖူးကြမှာပါ။ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာမြင်ဖူး၊တွေ့ဖူး၊ သုံးဖူးနေကျဖြစ်တဲ့ နည်းလမ်းဟောင်းတွေထဲမှာ တချို့ဟောင်းပေမယ့်လည်း ကောင်းနေဆဲနည်းလမ်းတွေရှိပါတယ်။အဲဒီနည်းလမ်းတွေကိုအသုံးချဖို့လိုအပ်ပါတယ်။ဥပမာ ကောင်မလေးနဲ့အတူလမ်းလျှောက်တဲ့အခါလမ်းရဲ့အတွင်းဘက်အခြမ်းမှာလျှောက်စေတာ၊ထိုင်ခုံမှာထိုင်တဲ့အခါ ကောင်မလေးအတွက်နေရာအရင်စီစဉ်ပေးပြီးမှထိုင်တာ၊ ကောင်မလေးချမ်းတဲ့အခါကိုယ့်ရဲ့အပေါ်ထပ်ကိုပေးခြုံတာစတာတွေကယောက်ျားလေးတစ်ယောက်အ တွက် မိန်းကလေးတစ်ယောက်ရဲ့ သဘောကျနှစ်သက်မှုကိုရရှိစေတဲ့နည်းတွေပါပဲ။

(၄)ခနာကိုယ်အမွေးအမျှင်တွေကိုသေချာပုံသွင်းပါ

အခုခေတ်ဆို ယောက်ျားလေးတွေ ခြေသလုံးမွေးမရှိ၊မုတ်ဆိတ်မွေးမရှိဆိုရင် အခြောက်လိုလိုအထင်ခံရတတ်ပါတယ်။ဒါက လည်း ကမ္ဘာကျော်ဟောလိဝုဒ်ရုပ်ရှင်တွေထဲကမင်းသားတွေဆိုရင် မုတ်ဆိတ်နဲ့ ခနာကိုယ်တောင့်တောင့်တင်းတင်းနဲ့တွေ့ရ တာများတော့ဆံပင်ကိုသေချာညှပ်ထားပြီးမုတ်ဆိတ်သပ်သပ်ရပ်ရပ်နဲ့ ခြေသလုံးမွေးတွေနဲ့ဆိုရင်မိန်းကလေးတွေက ယောက်ျားပီသသူအဖြစ်သတ်မှတ်ပြီးသဘောကျတတ်ကြပါတယ်။ဒါပေမယ့် တစ်ခုရှိတာက မုတ်ဆိတ်မွေး၊ပါးသိုင်းမွေးစသဖြင့် ခနာကိုယ်က အမွေးအမျှင်တွေကို သေချာသန့်သန့်ရှင်းရှင်းထားဖို့တော့လိုပါတယ်။

READ
ဖခင်စိတ်အပြည့်ရှိပြီး စံနမူနာယူထိုက်တဲ့ ဟောလိဝုဒ် အကျော်အမော်များ

ChoChoThan(Shwemom)

ref:stylegirlfriend.com

SHARE