Kylie နဲ့ တခြားအမျိုးသမီးဆယ်လီတွေ အများကြီးပါနေတဲ့ Cardi B ရဲ့ MV အသစ်

YouTube- Cardi B

သြဂုတ်လ ၇ ရက်နေ့တုန်းကပဲ Cardi B ဟာ music video ပါဝင်တဲ့ သီချင်းသစ်တစ်ပုဒ်ထွက်လာခဲ့ပါတယ်။ လက်ရှိအရမ်းကို ခေတ်ပြန်စားနေတဲ့ Megan Thee Stallion ဆိုတဲ့ အမျိုးသမီးရက်ပ်ပါတစ်ဦးနဲ့အတူတူ ဆိုထားတဲ့ “WAP” ဆိုတဲ့သီချင်းပဲဖြစ်ပါတယ်။

YouTube- Cardi B

အစကတည်းက sexy ကျတဲ့ ဖက်ရှင်တွေဝတ်တတ်တဲ့ Cardi B တစ်ယောက် ဒီ MV မှာလည်း Megan Thee Stallion နဲ့အတူတူ ကြမ်းထားခဲ့ပါသေးတယ်။ ဒီ mv ကို ရိုက်ဖို့အတွက် Cardi B ဟာ တော်တော်လေးစဉ်းစားခဲ့ရတယ်တဲ့။ ဘာကြောင့်လဲဆိုရင် ရှင်းရှင်းလင်းလင်းနဲ့ သီချင်းအကြောင်းအရာတွေကို တင်ပြချင်တဲ့အပြင်ကိုမှ ဒီအထဲမှာ အမျိုးသမီးတွေရဲ့ အင်အားကိုလည်း ပြချင်သေးတယ်လို့ Apple Music ကို ပြောပြခဲ့ပါတယ်။

YouTube- Cardi B
YouTube- Cardi B

Dancer တွေအပြင်ကိုမှ ရက်ပ်အဆိုတော်တွေအပြင် တခြားမတူညီတဲ့နယ်ပယ်က အမျိုးသမီးဆယ်လီတွေကိုပါ ပါဝင်စေချင်တာကြောင့် တကယ်ဆွဲဆောင်မှုရှိတဲ့လူတွေကို စဉ်းစားခဲ့ပါတယ်တဲ့။ အဲဒီမှာ ထွက်လာတာကတော့ ရက်ပ်ပါမတွေဖြစ်တဲ့ Mulatto, Rosalia, Rubi Rose နဲ့ Sukihana တို့တွေပါဝင်တဲ့အပြင်ကိုမှ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ Kylie Jenner တို့၊ Normani တို့ကိုလည်း Cardi B က ထည့်သုံးထားပါသေးတယ်။

READ
ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ခပ်လန်းလန်းပုံစုံနဲ့ ဖမ်းစားလိုက်ပြန်တဲ့ ခိုင်သင်းကြည်

ဒါကတော့ WAP ရဲ့ MV ပါ။

လက်ရှိအချိန်မှာတော့ WAP ဟာ YouTube ရဲ့ #1 on trending ဖြစ်နေပြီး ကြည့်ရှုသူပေါင်း ၁၃ သန်းရောက်တော့မှာပါ၊

penny

SHARE