ဘာတွေဖြစ် Pre Listening ပါတီမှာတွေ့ရတဲ့ ၀ါဆိုမိုးဦး

အဆိုတော်ဖြိုးလေးရဲ့ ဘာတွေဖြစ် ဆိုတဲ့ အယ်ဘမ်ကတော့(၉.၃.၂၀၁၉)မှာ ထွက်ရှိလာတော့မှာပါ။အခွေမထွက်ခင်မှာ ဖြိုးလေးက့  ဘာတွေဖြစ် pre listening party  ပွဲလေးတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲလေးကိုတော့ ဂီတနယ်ပယ် ကရော၊ တခြားအနုပညာနယ်ပယ်က ပုဂ္ဂိုလ်တွေ အများကြီးတက်ရောက်ပေးခဲ့ပါတယ်။ဖြိုးလေးရဲ့ ချစ်သူ ၀ါဆိုမိုးဦး ကတော့ ဒီပွဲကို ခရမ်းရောင်ဖက်ရှင်လေးနဲ့ တက်ရောက်လာခဲ့ပါတယ်။

အပေါ်ပိုင်းမှာတော့ ခရမ်းရောင် crop top နဲ့အောက်ပိုင်းမှာတော့ Body fit စကပ်ကို ၀တ်ဆင်ထားပါတယ်။ကောက်ေ ကြာင်းလှတဲ့ သူမနဲ့ သူမရွေးချယ်ထားတဲ့ ၀တ်စုံလေးကတော်တော်လေးကို လိုက်ဖက် မှု ရှိတာ ကိုလည်း တွေ့ရပါတယ်။

 ဘာတွေဖြစ် အယ်ဘမ်ရဲ့ Promotion Show  ကိုတော့ မနက်ဖန် 9/3/2019  မှာတော့ Hledan Centre  မှာ ညနေ (၃)နာရီကနေ (၆)နာရီအထိ ကျင်းပပြုလုပ်သွားမှာပါ။မန္တလေးမှာတော့ 10/3/2019 မှာ မင်္ဂလာမန္တလေး မှာ ညနေ (၄)နာရီကနေ (၇)နာရီအထိကျင်းပပြုလုပ်မှာပါ။

Source ၀ါဆိုမိုးဦး၊ဖြိုးလေး

READ
သင်မသိလောက်သေးတဲ့ Gal Gadot ရဲ့ ဘ၀အစိတ်အပိုင်းတစ်ချို့...........
SHARE