ဒုက္ခရောက်နေတဲ့ စစ်ပြန်တစ်ယောက်ရဲ့ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်

သတင်းထောက် Dave Hallနဲ့ သူ့ရဲ့FOX5 Surprise အဖွဲ့သားတွေဟာ Las Vegas မြို့ထဲက စည်ကားလှတဲ့ ကုန်စုံဆိုင်တစ်ခုအတွင်းမှာ သူတို့ရဲ့အကြင်နာတရားဖြန့်ဝေခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်နေတုန်းမှာ မြို့ခံစစ်မှုထမ်းဟောင်း (၂)ဦးဟာ သူတို့ရဲ့စိတ်ခံစားချက်တွေကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ Daveက အရင်ဆုံး ငွေရှင်းရန်တန်းစည်တဲ့နေရာမှာ ဝှီးချဲပေါ်မှာထိုင်နေတဲ့ ဒုက္ခိတစစ်မှုထမ်းဟောင်း Stephanieနဲ့ တွေ့ခဲ့ပါတယ်။ Stephanieဟာ သူမကိုယ်တိုင်နဲ့ သူမသိပ်ချစ်တဲ့ခွေးလေးတို့အတွက် စားဖို့သောက်ဖို့ ငွေတောင်အနိုင်နိုင်ပေးနေရပါတယ်။ သူမရှိသမျှ ငွေအကုန်က ဒေါ်လာ (၅၀)သာ ကျန်ပါတော့တယ်။

Little Things

Daveနဲ့ အဖွဲ့သားတွေဟာ Stephanie ဝယ်လိုတဲ့ ပစ္စည်းတွေအတွက် ပျော်ပျော်ရွှင်ရွှင်ငွေရှင်းပေးခဲ့ပြီးနောက်မှာ သူမကို စတိုးဆိုင်ကိုလိုက်ပို့ပေးတဲ့ အမျိုးသားတစ်ယောက်ကိုသတိထားမိကြပါတယ်။ သူ့နာမည်ကတော့ Larryပါ။ Stephanieရဲ့ အမျိုးသားဟာ Larry ရဲ့လူမှုရေးအသင်းအဖွဲ့က အသင်းဝင်မိတ်ဆွေတစ်ဦးဖြစ်ပြီး ကုန်တင်ကားမောင်းတဲ့အလုပ်ကို လုပ်တာကြောင့် အမြဲလိုလို လမ်းပေါ်မှာသွားလာနေရတာပါ။ စားဝတ်နေရေး ရုန်းကန်နေရတဲ့ နောက်ထပ်စစ်ပြန်စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်တဲ့ Larry ဟာ Stephanie သွားလိုတဲ့နေရာတွေကို သူ့ကိုယ်ပိုင်အချိန်တွေထဲကဖဲ့ပြီး ကားမောင်းလိုက်ပို့ ကူညီပေးနေခဲ့တာပါ။ “ဘယ်စစ်ပြန်စစ်မှုထမ်းဟောင်းကိုမှ သူမ (Stephanie) အခုကြုံတွေ့နေရတဲ့ အခက်အခဲမျိုး မကြုံတွေ့စေချင်ဘူးဗျာ” လို့ Larry က Dave ကို ပြောပါတယ်။

READ
ကမ္ဘာ့ပထမဆုံး တန်ဖိုးနည်း အမျိုးသမီးသုံးပစ္စည်းထုတ်စက်ကို မိတ်ဆက်ခဲ့တဲ့အလှမယ်

ဗီယက်နမ်စစ်ပွဲအတွင်းမှာ သူ့ရဲ့စစ်မှုထမ်းဖက် ညီအစ်ကိုတော်တော်များများကို ဆုံးရှုံးခဲ့ရတဲ့ Larryဟာ “Bones of Blanket” လို့အမည်ရတဲ့ ပရဟိတအဖွဲ့အစည်းကို ကူညီတည်ထောင်ခဲ့ပြီး အိမ်ခြေမဲ့စစ်မှုထမ်းဟောင်းတွေအတွက် အလိုအပ်ဆုံးဖြစ်တဲ့ စောင်တွေကို လှူဒါန်းလေ့ရှိပါတယ်။

ငွေပြတ်လပ်နေတဲ့ Larry ဟာ အဲ့နေ့က ကုန်စုံဆိုင်မှာ ပါးစပ်ဆေးရည်နဲ့ သကြားလုံးထုပ်လေးတစ်ခုသာ ဝယ်မလို့ လုပ်နေခဲ့တာပါ။ သို့ပေမယ့် Dave နဲ့ သူ့ရဲ့ Surprise အဖွဲ့သားတွေဟာ Larry ရဲ့ ဇာတ်ကြောင်းကို ကြားရပြီးတဲ့နောက်မှာ ဒီအတိုင်းပြန်မလွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပြီးတော့ Larryကို ဆိုင်ရဲ့ပစ္စည်းထားစင်တွေရှိရာကို ပြန်ခေါ်သွားခဲ့ကြပြီး သူ့အတွက်အထူး Surpriseလုပ်ပေးခဲ့ကြပါတယ်။

Little Things

“ခင်ဗျားတို့က ကျွန်တော်တို့အတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြတယ်။ အခု ကျွန်တော်တို့က ပြန်တာဝန်ကျေရမယ့်အချိန်ပါ”

Larrey ရဲ့ တုံ့ပြန်မှုက တကယ့်ကို စိတ်ကြည်နူးစရာပါ။

READ
သခင်တွေရဲ့အသက်ကို ရဲရင့်စွာကယ်ဆယ်ပြီး အသက်စွန့်သွားတဲ့ ခွေးမလေး

ကိုယ်လုပ်ခဲ့တဲ့အရာတွေဟာ တစ်ချိန်မှာ ကိုယ့်ကိုပြန်အကျိုးပေးမှာပါ။

 

Sam

Source : Littlethings

SHARE