အမျိုးသားတိုင်း ရှိကိုရှိထားသင့်တဲ့ အ၀တ်အစား အသုံးအဆောင်များ

ယောင်္ကျားလေးတွေက အ၀တ်အစားနဲ့ ပတ်သက်လာရင် နည်းနည်း ဂျီးများကျတယ်။ မိန်းကလေးတွေ ဂျီးများတာလောက်တော့သနားတယ်။ ကိုယ်မကြိုက်တဲ့ ပုံစံဆို လုံးဝပဲ ကိုင်တောင်မကြည့်ဘူး။ ဒါပေမယ့် ဘယ်လို ဖက်ရှင် ဒီဇိုင်းပဲကြိုက်ကြိုက် မဖြစ်မနေရှိရမယ့် အရာတွေရှိတာပေါ့။ ကိုယ်ကြိုက်တဲ့ ဘရန်းတွေ၊ ပုံစံတွေသာကွဲသွားမယ် အခုဖော်ပြတဲ့ ခေါင်းစဉ်အောက်က အရာတွေကတော့ စုဆောင်းထားသင့်တဲ့ အရာတွေဖြစ်ပါတယ်။

လူပျိုခန်း

justpic
တည့်ပွ ဂျင်းအရှည်

စကင်နီ ဂျင်းဝတ်ရတာ အဆင်မပြေတဲ့သူတို့၊ မကြိုက်တဲ့သူတွေအတွက် တည့်ပွဂျင်းဘောင်းဘီက အကောင်းဆုံးပါပဲ။ စကင်နီလိုလဲ ကျပ်မနေဘူး၊ သက်တောင့်သက်သာနဲ့ ပုံကျနေစေမယ့် ဘောင်းဘီမျိုးဖြစ်တဲ့အတွက် ရှိကိုရှိသင့်ပါတယ်။

လည်ဝိုက် တီရှပ်အဖြူ

တီရှပ် အဖြူတွေက တော်ရုံ ဘောင်ဘီရော၊ နေရာရော မရွေးဘူး၊ ဈေးလည်း သက်သာတယ်၊ အဲ့ဒီ့မှာမှ ကိုယ်ကြပ်နဲ့ ပွပွချောင်ချောင် နှစ်မျိုးရှိတတ်တယ်။ တီရှပ်တွေက ကိုယ်နဲ့ ကွက်တီဖြစ်ရမယ်၊ ပေါ့ပေါ့ပါးပါးလေးလည်း ရှိမှ အဆင်ပြေမှာပါ။ ရှပ်အင်္ကျီအပေါ်က ထပ်ဝတ်မယ်ဆိုရင်လည်း အဖြူတီရှပ်က ဘယ်အရောင်နဲ့မဆို လိုက်ဖက်မှုရှိတယ်။ များများဝယ်ထားလေ ကိုယ့်အတွက်ကောင်းလေပါပဲ။

 

ဆွယ်တာ

ယောကျာင်္းတွေက လှချင်ရင် မအိုက်တတ်ကြဘူးတဲ့…။ ဒီအဆိုဟာ မှန်သင့်သလောက်တော့မှန်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လူငယ်တော်တော်များများက လှရင်ပြီးရော ရာသီဥတုကို မကြည့်ဘဲ hoodie တွေ၊ အပေါ်စွပ်တွေဝတ်တာကို တွေ့တွေ့နေရတတ်တယ်။ အဲ့ဒီလိုမျိုး အပေါ်ဝတ်လေးတွေ ၀တ်မယ်ဆိုရင်လည်း ခေါင်းစွပ် အနွေးထည်တွေထက် ပြောင်တီရှပ် လက်ရှည်မျိုး၊ ဆွယ်တာအပါးမျိုးလေးတွေ ရှာဝတ်သင့်ပါတယ်။ ပိုပြီးတော့လည်း သက်တောင့် သက်သာရှိစေမှာဖြစ်သလို လူတွေအမြင်မှာလည်း သင့်တော်ပါတယ်။ စေတနာနဲ့ပါ…။

 

ရောင်စုံခြေအိတ်

ခြေအိတ်တွေဆိုလည်း အရောင်အသွေး အစုံဝယ်စုထားသင့်ပါတယ်။ အများစုကတော့ အနက်ကိုသာ အဓိကထားဝယ်ကြပေမယ့် ရောင်စုံခြေအိတ်တွေက ပုံမှန် စီးနေကျဖိနပ်နဲ့ တွဲလိုက်တာအခါ နည်းနည်းပိုထူးခြားသွားတာမျိုး၊ ဘောင်ဘီအရောင်နဲ့ စပ်ပြီးဝတ်ထားတဲ့အခါ ဖက်ရှင်ကျတာမျိုးတွေ ဖြစ်စေပါတယ်။

READ
လူကို အားယုတ်သွားစေတဲ့ အပျက်စိတ် အတွေးတွေကို ဘယ်လိုရပ်တန့်ပစ်မလဲ

 

ဘလေဇာကုတ်

ဘလေဇာကုတ်ကို အပေါ်ကထပ်စွပ်လိုက်တာ အလွယ်အကူဆုံးနဲ့ အထာကျတဲ့ ဆင်ယင်ပုံဖြစ်ပေမယ့် နည်းနည်းတော့ အကုန်အကျများတယ်။ ဒါပေမယ့် အမျိုးသားတွေအတွက်က တစ်ထည်လောက်မှ မရှိရင်လည်း အဆင်မပြေပြန်ဘူး။ ဒီလို ဘလေဇာကုန် အမိုက်တစ်ထည်ဝယ်ဖို့ ဓားမြတိုက်ဖို့လောက်ထိ လုပ်စရာမလိုပါဘူး။ ကိုယ်နဲ့ အဆင်ပြေမယ့်၊ သင့်တော်မယ်၊ နှုန်းထားရှိတဲ့ ဆိုင်မှာ ကိုယ်ရဲ့ ကိုယ်အတိုင်း သေချာပေးပြီး တစ်ထည်လောက်တော့ စုဆောင်းထားသင့်ပါတယ်။ အခမ်းအနားတွေပဲ တက်တက်၊ ထသွာထလားပွဲပဲ သွားသွား ဒါမျိုးလေးရှိမှလည်း အဆင်ပြေမှာပါ။

သားရေ လည်ရှည်ဖိနပ်

လည်ရှည် ဖိနပ်မြင့် တစ်ရံလောက်လည်း ရှိဖို့လိုတယ်နော်။ ဒီဖိနပ်မျိုးက ဂျင်းနဲ့ပဲဝတ်ဝတ်၊ တခြား စတိုင်လ်ဘောင်ဘီနဲ့ ချီနိုဘောင်ဘီတွေနဲ့လည်း အထာကျနေရောပဲ။ ဒီလိုဆိုလို့ Timberland ကြီး ပြေးဝယ်စရာမလိုဘူးနော်… ၀ယ်မိသွားရင်လည်း တောင်တက်ဖို့နဲ့ နှင်းတောတိုးဖို့သာ သိမ်းထားလိုက်ပါ။ ဆိုလိုတာက နည်းနည်းပိုပြီး သာမန်ရိုကျဆန်တဲ့ ဖိနပ်မျိုးကို ရွေးချယ်စေချင်တာဖြစ်ပါတယ်။

 

ဘေးလွယ်အိတ်

ဘယ် ယောကျာင်္းလေးမှ ကျောပိုးအိတ်တစ်လုံးတည်း မလွယ်ချင်ဘူး။ ဘော်ဒါ အိမ်ကို သွားအိပ်ဖို့ ပလန်ရှိလာတာပဲ ဖြစ်ဖြစ်၊ ခရီးတိုသွားဖို့ပဲဖြစ်ဖြစ်၊ ဘောကန် ရေကူးသွားဖို့ပဲ ဖြစ်ဖြစ်၊ ကောင်မလေးနဲ့ ပိတ်ရက် ဟိုဟိုဒီဒီပဲသွားသွား ဘေးလွယ်အိတ် ကောင်းကောင်းတစ်လုံးရှိဖို့ လိုပါတယ်။ သားရေအိတ်တွေဆိုလည်း ကောင်းတယ်၊ ဒါပေမယ့် ဈေးများတဲ့အတွက် နိုင်လွန်တို့၊ ချည်တို့နဲ့ ချုပ်ထားတဲ့ အိတ်တွေဆိုလည်း ဖိုင်းပါကြောင်း…။

READ
မိုးသည်းထန်ရုံးပိတ်ရက်များကို ပျော်ရွှင်စွာကျော်ဖြတ်နည်းများ
Sneaker မိုက်မိုက်တစ်ရံ

အလုပ်သွားဖို့ ဖိနပ်အပြင် အမိုက်စား sneaker လေးတစ်ရံလည်း ချိဖတို့အနေနဲ့ ရှိထားသင့်တယ်။ Gym သွားလည်း ဂေါ်တယ်လေ။ နောက်ပြီး လေ့လာတွေ့ရှိချက်များအရတော့ အမိုက်စားဖိနပ်စီးထားတဲ့ ဘဲတွေက အလန်းစား ပျိုမဒီတွေကို ချဉ်းကပ်ရာမှာ အခွင့်အလမ်းပိုများတယ်ဆိုတာပါပဲ။

ဘောင်းဘီတို

အားကစားလုပ်မလား၊ ဟိုးနား ဒီနား မြို့တစ်ပတ် ပတ်မလား…။ ဒီလို ချွေးစုပ်တဲ့ဘောင်ဘီတိုက သင့်အတွက် အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်။ မုန့်သွားစားတာပဲ ဖြစ်ဖြစ်၊ Gym သွားတာပဲဖြစ်ဖြစ် သင့်တော်တယ်။ နောက်ပြီး ရုပ်လည်း မပေါက်ဘူး။ ဒီဘောင်းဘီတွေက မပွ မချောင် အနေအထားရှိပြီး ဒူးပေါ်ဝတ်ရတာမျိုးဖြစ်ပါတယ်။ တစ်ခုပဲ အပေါ်က ရှပ်နဲ့ ဒီဘောင်ဘီနဲ့ တွဲမ၀တ်ပါနဲ့….ဘာကြီးမှန်းမသိ ဖြစ်နေလိမ့်မယ်။ တီရှပ်၊ စပို့ရှပ်၊ ဆွယ်တာအပါး စတာတွေနဲ့ တွဲဝတ်ရင် တော်တော်လေး သန့်ပါတယ်။

ပုဆိုးနဲ့ တိုက်ပုံ
facebook

ဒါကတော့ မြန်မာ အမျိုးသားမှန်ရင် ရှိကိုရှိရမယ့် ပွဲတက် ၀တ်စုံဖြစ်ပါတယ်။ မြန်မာ့ ဓလေ့ထုံးစဉ်နဲ့ ကျင်းပတဲ့ ပွဲလမ်းတွေ၊ အခမ်းအနားတွေ တက်ဖို့၊ ဂုဏ်ပြု ချီးမြှင့်ပွဲတွေတက်ဖို့၊ နောက်ဆုံး ကိုယ် ချစ်တဲ့ အမျိုးသမီးနဲ့ ရုံးတက်လက်မှတ်ထိုးတဲ့ အခါပဲဖြစ်ဖြစ် နှစ်ယောက်သား အချစ်နှစ်ပတ်လည် အမှတ်တရ ဓာတ်ပုံကို ဗင်းတေ့ခ်ျဆန်ဆန်ရိုက်ဖို့ပဲ ဖြစ်ဖြစ်၊ အယ်… မြန်မာလို မင်္ဂလာဆောင်မယ်ဆိုရင်တော့ ၀တ်ကို ၀တ်ရမှာ ကိုယ့်လူရေ….။ အဲ့တော့ အဖြူတစ်ထည်၊ အနက်တစ်ထည်တော့ ချုပ်ထားတာ မမှားပါဘူးလို့ ပြောချင်ပါတယ်။

Ref: Men’s Journal

Matthew (ShweMOM)

 

SHARE