Bubble Tea ထဲက ပုလဲသီး အူမှာပိတ်နေလို့ ဆေးရုံပြေးခဲ့ရတဲ့ ဆယ်ကျော်သက်လေး

instagram/f004.x

ပုလဲလက်ဖက်ရည်နှစ်ခြိုက်ကြသူတွေအတွက် လက်ဖက်ရည်ထဲမှာပါတဲ့ ပုလဲသီးတွေကို သေချာဝါးစားဖို့လိုတဲ့အကြောင်း သတိပေးလိုပါတယ်။ Ladbible မှာ တွေ့ရတဲ့ သတင်းတစ်ပုဒ်မှာ ဆယ်ကျော်သက်လေးတစ်ယောက်ရဲ့ အူထဲ ပုလဲလက်ဖက်ရည်ထဲက ပုလဲသီးအချို့ ပိတ်ဆို့ခဲ့တာကို ဖော်ပြထားပါတယ်။

ဆယ်ကျော်သက်လေးဟာ တရုတ်နိုင်ငံက (၁၃) နှစ်သား ကောင်လေးပါ။ သူက တစ်ပတ်မှာ တစ်ကြိမ်လောက်တော့ သူကြိုက်တဲ့ ပုလဲလက်ဖက်ရည်ကို ၀ယ်သောက်လေ့ ရှိပါတယ်။ တစ်နေ့မှာတော့ ကောင်လေးမှာ ရုတ်တရက် ဗိုက်နာလာခဲ့ပါတယ်။

ဆေးခန်းပြအပြီးမှာတော့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာကျန်းက ကောင်လေးကို ပုလဲနို့နဲ့ ပတ်သက်ပြီး သတိထားဖို့ မှာကာ ဆေးကုသပေးခဲ့ပါတယ်။ “မနက် ၃ နာရီလောက်မှာ အရေးပေါ်လူနာတစ်ယောက် ရောက်လာတယ်။ ကလေးက (၁၃) နှစ် ယောက်ျားလေးပါ။ ဗိုက်နာလို့ဆိုပြီးရောက်လာတာ။ ဓာတ်မှန်ကြည့်တော့ အူထဲမှာ တစ်ခုခုပိတ်နေတာ တွေ့တယ်။ အူတွေထဲ သေချာစစ်ကြည့်တော့ အလုံးမာမာလေးနှစ်လုံး၊ အကြီးတစ်လုံး အသေးတစ်လုံး တွေ့ရတယ်။ အူလမ်းကြောင်းထဲမှာ ပိတ်နေတာပါ…” လို့ ဆရာဝန်ကြီးက ဆိုပါတယ်။

READ
သင်္ဘောသီး၏အသုံးဝင်ပုံနှင့်အကျိုးကျေးဇူးများ

အစပိုင်းမှာတော့ ခွဲစိတ်ဆရာဝန်တွေက ဗိုက်ခွဲပြီး ပုလဲသီးတွေကို ဖယ်ထုတ်ဖို့ လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းတော့ ကောင်လေးကို ပုလဲသီးတွေ သူ့ဘာသာသူ ၀မ်းထဲပါသွားအောင် ဆရာဝန်ကြီးက ကူညီပေးခဲ့ပါတယ်။

လူနာကောင်လေးရဲ့ ဆေးမှတ်တမ်းနဲ့ ပတ်သက်လို့ “ကောင်လေးက ပုလဲလက်ဖက်ရည်အရမ်းကြိုက်တာ။ ခုလို ဗိုက်မအောင့်ခင် တစ်ပတ်လောက်တုန်းက နို့လက်ဖက်ရည်တစ်ဘူး သောက်ထားတယ် ပြောတယ်။ နောက် သုံးလေးရက်လောက်ကြာတော့ တစ်ဘူးထပ်သောက်တယ်တဲ့။ သူက လက်ဖက်ရည်ထဲပါတဲ့ ပုလဲသီးတွေကိုလည်း ၀ါးမစားဘူးလို့ ပြောပြပါတယ်။ ဒီတိုင်း မြိုချပစ်တာ ပိုများတယ်တဲ့။ ဒါကြောင့် ပုလဲသီးတွေက ညှပ်ပြီး အူထဲမှာ သွားပိတ်နေတာ ဖြစ်မယ်…” လို့ ဆရာဝန်ကြီးက ပြောပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE