သင့်အသည်းဟာ စိုးရိမ်ဖွယ်အနေအထားမှာရှိတယ်ဆိုတာ ပြနေတဲ့လက္ခဏာများ

သင့်ရဲ့အသည်းဟာ သင့်အတွက်အစစ်မှန်ဆုံးနဲ့ အလုပ်အလုပ်ပေးဆုံး အကောင်းဆုံးသူငယ်ချင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး တခြားလုပ်ဆောင်ချက် (၅၀၀)ကျော်ကို လုပ်ဆောင်ပေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီလောက်သင့်အပေါ်ကိုကောင်းပေးတဲ့ သင့်သူငယ်ချင်း(အသည်း)ဟာ ဒီလက္ခဏာတွေ ပြနေပြီဆိုရင်တော့ မကျန်းမာကြောင်း ပြနေတာဖြစ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ဆရာဝန်ဆီမှာ သွားပြလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။

(၁) ခြေထောက်တွေ ရောင်လာတယ်

သင့်ရဲ့ခြေထောက်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းဟာ နာကျင်မှုတော့မရှိပေမယ့် ရောင်လာတတ်တယ်၊ လေးလံပြီး ကြီးလာတတ်တယ်ဆိုရင် အဲဒါဟာ အသည်းရောဂါရဲ့လက္ခဏာတစ်ခုပါ။

(၂) ပေါင်ချိန်တက်လာတယ်

သင်ဟာ အရမ်းစားလို့ ဒါမှမဟုတ် တခြား ပယောဂတစ်ခုခုကြောင့်မဟုတ်ပဲ တဖြည်းဖြည်းဝိတ်တက်လာတယ်၊ ဘယ်လောက် အားကစားလုပ်လုပ် ဝိတ်မကျသွားဘူးဆိုရင်တော့ သင့်အသည်းမှာ ပြဿနာရှိနေတာ ဖြစ်နိုင်ပါတယ်။ အသည်းက ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ကောင်းစွာ မခြေနိုင်တော့တာကြောင့် အဆီတွေတက်တက် လာတာဖြစ်ပါတယ်။

READ
ဟောက်တာရပ်ဖို့ နည်းလမ်းကောင်းလေးတွေ

(၃) Allergies တွေဖြစ်တယ်

သင့်ဆီမှာ ဓာတ်မတည့်မှုတွေ ခဏခဏဖြစ်နေရင်တော့ အသည်းမကျန်းမာလို့ပါ။ သင့်ရဲ့အသည်းဟာ သွေးထဲက အဆိပ်တွေကို ကောင်းကောင်း မသန့်စင်ပေးနိုင်တာကြောင့် ဒီလိုမျိုးဓာတ်မတည့်မှုတွေ ခဏခဏဖြစ်နေရတာပါ။

(၄) အသားဝါ၊ မျက်လုံးဝါ

တကယ်လို့ လူတစ်ယောက်ရဲ့မျက်လုံးဟာ ဝါကျင်ကျင်ဖြစ်နေတယ်၊ အသားအရောင်လည်း ဝါနေတယ်ဆိုရင်တော့ အသည်းရောင်အသားဝါလို့ခေါ်တဲ့ အသည်းရောဂါဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါကတော့ အသည်းက သွေးဟောင်းတွေကို ကောင်းကောင်းမကိုင်တွယ်နိုင်တော့တဲ့ အခြေအနေမှာ ဖြစ်တတ်ပါတယ်။

(၅) ပင်ပန်းနွမ်းနယ်ခြင်း၊ မကြာခဏဖျားနာခြင်း

ပင်ပန်းနွမ်းနယ်တာ၊ မကြာခဏဖျားနာတတ်တာ၊ ထုံထိုင်းပြီးစိတ်မကြည်လင် မလန်းဆန်းတာတွေဟာ အသည်းရောဂါရဲ့ လက္ခဏာတွေပါ။ ဒါ့အပြင်အသည်းနားတစ်ဝိုက်မှာ နာကျင်တာတွေခံစားရတယ်ဆိုရင်တော့ အသည်းရောဂါရဲ့လက္ခဏာဖြစ်ပါတယ်။

Em Em(Shwemom)

SHARE