ဘီလျံနာ ဝေါရင်းဘတ်ဖတ် ပြောတဲ့ ဘဝမှာ အရေးအကြီးဆုံးအရာ

Bill Gates/YouTube

၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံ၊ ကိုလံဘီယာတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတခုမှာ ဘီလျံနာ (၂)ဦးဖြစ်တဲ့ ဝေါရင်းဘတ်ဖက် နဲ့ ဘီလ်ဂိတ်စ်တို့ကို ကျောင်းသားတဦးက ‘ခင်ဗျားတို့ရဲ့ ဘဝအတွေ့အကြုံအရ လူမှုဆက်ဆံရေးနဲ့ နှလုံးသားရေးရာကဏ္ဍမှာရခဲ့တဲ့ အရေး အကြီးဆုံး သင်ခန်းစာက ဘာဖြစ်မလဲ’လို့ မေးခဲ့ဖူးပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘတ်ဖက်က ‘အရမ်းအရေးကြီးတဲ့ မေးခွန်းပါပဲ။ တကယ်တော့ မင်းတို့ တွေ့ကြုံဆက်ဆံရတဲ့ လူတွေရဲ့ ညွှန်ပြချက်အတိုင်း မင်းတို့ ဘဝက သွားတတ်ပါတယ်။ ဒီတော့ မင်းတို့ထက် ပိုပြီး တော်တဲ့၊ ကောင်းမွန်တဲ့ သူတွေနဲ့ ဆက်ဆံဖို့က အရေးအကြီးဆုံးပဲ’ လို့ ဖြေခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၃၀)ရက်နေ့က အသက်(၈၉)နှစ်ပြည့်ခဲ့တဲ့ ဝေါရင်းဘတ်ဖက်ဟာ အရင်ကလည်း ဒီလိုအကြံမျိုး ပေးခဲ့ဖူးပါတယ်။ ၂၀၀၁ ခုနှစ်က ဂျော်ဂျီယာတက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲမှာလည်း ‘ကျွန်တော့် အသက်အရွယ်ရောက်ရင် ဘဝမှာ ဘယ်လောက်အောင်မြင် ခဲ့သလဲ ဆိုတာကို တိုင်းတာစရာ တခုပဲရှိပါတယ်။ ဒါကတော့ သင် ချစ်ခဲ့တဲ့လူ ဘယ်နှစ်ယောက်က သင့်ကို အခုအထိ ချစ်နေတုန်းလဲ ဆိုတာ ပါပဲ’ လို့ ပြောခဲ့တာပါ။ ‘အသက်ကြီးလာပြီဆိုရင် လူတိုင်းက သင့်ကို မနှစ်မြို့တော့ပါဘူး။ သင့်ရဲ့ ဘဏ်အကောင့်ထဲမှာ ငွေဘယ်လောက်ရှိနေ ပါစေ အသက်ကြီးလာရင် ဘဝကြီးက စိတ်ပျက်စရာအပြည့်ဖြစ်လာတာပါ။ အဲဒီအချိန်မှာ သင့်အတွက် တကယ်ပေးဆပ်ပြီး ချစ်ခင်ပေးမဲ့ သူတွေ ရှိနေဖို့က သင့်ဘဝရဲ့ တကယ့်အရေးအကြီးဆုံး အဆုံးအဖြတ်ပါပဲ’လို့ ဆိုခဲ့ပါတယ်။

 

 

View this post on Instagram

 

Life with Warren is always an adventure. Happy 89th birthday! Here’s to many more boat rides together—with life jackets, of course!

A post shared by Bill Gates (@thisisbillgates) on

စစ်တမ်းတွေအရ မိသားစုဝင်တွေ၊ ဘဝလက်တွဲဖော် နဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီက ဘဝအတွက် အထောက်အပံ့ကောင်းကောင်းရတဲ့ သူတွေဟာ စိတ်ဓာတ်ကျတာ၊ လူမှုအသိုင်းအဝိုင်းကနေ ပစ်ပယ်ခြင်းခံထားရတယ်လို့ ခံစားနေရတာတွေ ပိုနည်းပြီး ဒီလိုခံစားရတဲ့သူတွေ ထက် ကျန်းမာရေးပိုကောင်းကြတယ်လို့ သိရပါတယ်။ ဒါကြောင့် သူဌေးကြီး ဝါရင်းဘတ်ဖက်ပြောခဲ့တဲ့အတိုင်း ကိုယ် ချစ်ခင်တဲ့သူတွေ၊ ဂရုစိုက်တဲ့သူတွေက ကိုယ့်ကို ပြန်ပြီး အမှန်တကယ် ချစ်ခင်ဂရုစိုက်ဖို့က အရေးအကြီးဆုံးဖြစ်ပြီး၊ ဒါတွေကပဲ သင့်ကို ပိုပြီးကောင်းမွန်တဲ့ လူတယောက်ဖြစ်လာစေမှာ ဖြစ်ပါတယ်။

KYM

SHARE