ကောင်းကင်နဲ့ ငရဲကို ထူးခြားတဲ့တံတားနဲ့ ဆက်သွယ်ထားတဲ့ အဖြူရောင်ဘုရားကျောင်း

ထိုင်းနိုင်ငံရဲ့ အဖြူရောင်ဘုရားကျောင်းလို့ လူသိများတဲ့ Wat Rong Khun ဟာ အရမ်းရိုးရှင်းတဲ့ အိုင်ဒီယာနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဘုရားကျောင်းကို ဖန်တီးခဲ့တဲ့ Chalermchai Kositpipat ဟာ တစ်ကမ္ဘာလုံးမှာ အလှဆုံးဘုရားကျောင်း တည်ဆောက်ဖို့ စိတ်ကူးရခဲ့ပါတယ်။ သံသယဖြစ်စရာ မရှိအောင်ကို ဘုရားကျောင်းထဲ ၀င်ရောက်လာသူ မှန်သမျှဟာ ဘုရားကျောင်းရဲ့ ခမ်းနားတဲ့ အဆောက်အဦးတွေနဲ့ ရုပ်ထုကြီးတွေကြောင့် မချီးမွမ်းပဲ နေနိုင်မှာ မဟုတ်ပါဘူး။

boredpanda

ဘုရားကျောင်းရဲ့ရှေ့မှာ ရပ်လိုက်တဲ့အခါ ပထမဆုံးတွေ့ရမှာက ကစဥ့်ကလျားဖြစ်နေတဲ့ လက်အစုအဝေးတွေပါ။ ဒါကတော့ အဆက်မပြတ် သောကအပူမီးတွေ တောက်လောက်နေတဲ့ ငရဲကို ညွန်းဆိုထားတာဖြစ်ပါတယ်။ ငရဲတံတားကို ဖြတ်ကျော်ပြီးတာနဲ့ နတ်ပြည်က အစောင့်အရှောက်တွေရဲ့ ရုပ်ထုကြီးတွေကို တွေ့ရမှာပါ။ ဒီအခါမှာ နောက်ပြန်လှည့်လို့မရပါဘူး။ ရှေ့ကိုသာ ဆက်သွားရမှာဖြစ်ပါတယ်။

READ
ဆန်ဖရန်စစ္စကိုရောက်ရင် သွားသင့်တဲ့နေရာလေးတွေ
boredpanda

တကယ်လို့ စာဖတ်သူက ထိုနေရာကနေ နောက်ကိုပြန်လှည့်ဖို့ ကြိုးစားရင် ဘုရားကျောင်းအစောင့်က စာဖတ်သူကို နောက်ပြန်မလှည့်ဖို့ အော်ဟစ်ပြောဆိုမှာပါ။ အကြောင်းကတော့ ဘုရားကျောင်းမှာရှိတဲ့ ငရဲတံတားကို ဖြတ်သန်းရခြင်းရဲ့ အဓိပ္ပါယ်က ငရဲကနေ ကောင်းကင်ဘုံကို သွားခြင်း၊ တနည်းအားဖြင့် ဥာဏ်အလင်းပွင့်ရာလမ်းကို ရောက်သွားပြီလို့ ယူဆထားတဲ့အတွက် ဖြစ်ပါတယ်။

boredpanda

ဘုရားကျောင်းထဲမှာတော့ ခေတ်သစ်ဗုဒ္ဓဘာသာ ဘုရားရုပ်ထုတွေနဲ့အတူ မိရိုးဖလာ ဗုဒ္ဓဘာသာရုပ်ပုံတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဘုရားကျောင်းအကြောင်းပြောပြီး ဘုရားကျောင်းကို ဖန်တီးခဲ့သူရဲ့အကြောင်းကိုလည်း ချန်ထားလို့မရပြန်ပါဘူး။ ဘုရားကျောင်းကို ကိုယ်တိုင်မတည် ဆောက်လုပ်ခဲ့တဲ့ Chalermchai Kositpipat ဟာ ထိုင်းအနုပညာကျောင်းကနေ ဘွဲ့ရပြီးသူတစ်ယောက်ပါ။ သူ့လက်ရာတွေမှာ ခေတ်သစ် အတွေးအခေါ်တွေနဲ့ ထိုင်းရိုးရာ အနုပညာတွေ ရောယှက်နေတာကြောင့် သူ့အနုပညာတွေဟာ အမြဲပဲအငြင်းပွားစရာ ဖြစ်နေတတ်ပါတယ်။

boredpanda

Chalermchai Kositpipat ဟာ သီရိလင်္ကာနဲ့ လန်ဒန်မှာနေထိုင်ခဲ့ပါတယ်။  ဥရောပနဲ့ အာရှတစ်ခွင်မှာ သူ့အနုပညာလက်ရာတွေကို ရောင်းချပြီး ပြပွဲတွေလည်း လုပ်လေ့ရှိပါတယ်။ ထို့နောက်မှာတော့ မွေးရပ်ဇာတိထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီး Wat Rong Khun ကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ယနေ့အချိန်အထိ သူဟာ ဘုရားကျောင်းတည်ဆောက်ရာမှာကိုယ်ပိုင်ငွေ ဒေါ်လာ(၁)သန်းကျော် နဲ့ကိုယ်တိုင်မ,တည်ပြီး ဆောက်လုပ်ခဲ့တာပါ။

READ
တစ်ခေါက်လောက် မြည်းကြည့်သင့်တဲ့ ကမ္ဘာအနှံကထူးထူးဆန်းဆန်းစားသောက်ဆိုင် (၆) ခု
boredpanda

ဘုရားကျောင်းကို အလှူငွေထည့်ဝင်ကြသူတွေဟာ ဘုရားကျောင်းရဲ့ ကိစ္စအ၀၀နဲ့ ပတ်သက်ပြီး ၀င်ရောက်စွက်ဖက်မှာစိုးလို့ Chalermchai Kositpipat ဟာ တစ်ဦးကို အလှူငွေအနေနဲ့ ဒေါ်လာ(၁၀,၀၀၀) သာ အများဆုံးထည့်ဝင်နိုင်ဖို့ သတ်မှတ် ထားပါသေးတယ်။ အောက်ဘက်မှာတော့ အလွန်အနုစိတ်ပြီး ကြီးကျယ်ခမ်းနားလှတဲ့ Wat Rong Khun ဘုရားကျောင်းတွင်း ဓာတ်ပုံတွေကို ထပ်ဖော်ပြပေးလိုက်ပါတယ်။

boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda
boredpanda

လင်းလင်း (ShweMom)

Ref: Boredpanda

SHARE