ရုပ်ရှင်ကြည့်ရင်း အင်္ဂလိပ်စာလေ့လာချင်တဲ့သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းများ

ဘာသာစကားတစ်ခုကို သင်လွယ်၊တက်လွယ်စေတဲ့ နည်းလမ်းဆိုရင်တော့ ရုပ်ရှင်ကားတွေကြည့်ခြင်းလို့ပြောရမှာပါ။ ဒါ့အကြောင့် ဒီကနေ့မှာ ရုပ်ရှင်ကားတွေကြည့်ရင်း အင်္ဂလိပ်စာကို လေ့လာနိုင်စေဖို့အတွက် ရုပ်ရှင်ကား ၅ကားကို ဖေါ်ပြပေးလိုက်ပါတယ်။  ဒီဇာတ်ကားတွေကို ကြည့်ပြီး သဘာဝကျကျ အင်္ဂလိပ်စကားပြောနည်းတွေကိုလည်း လေ့လာနိုင်မှာပါ။

1. “Toy Story” (1995)

studybreak

ဒီဇာတ်လမ်းလေးကတော့ ၁၉၉၀ ခုနှစ်ပိုင်းတွေမှာမွေးဖွားခဲ့တဲ့ လူငယ်လေး တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားကတော့ ဘယ်အသက်အရွယ်မျိုးမဆိုကြည့်လို့ သင့်တော်တဲ့ ဇာတ်ကားဖြစ်ပြီး အင်္ဂလိပ်စာကို လက်တွေ့ကျကျ သင်ယူနိုင်ဖို့အတွက် ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားကတော့ အမေရိကန်နိုင်ငံရဲ့ သူငယ်ချင်းရင်းနှီးမှုတန်ဖိုးကို နားလည်စေနိုင်တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။ ယဉ်ကျေးမှုတွေ၊ဟာသ တွေကတစ်ဆင့် ဝေါဟာရတွေကိုလည်း သင်ယူနိုင်မှာပါ။

2. “Forrest Gump” (1994)

studybreak

ဒီဇာတ်ကားမှာတော့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးချို့တဲ့နေတဲ့ Forest Gumpက စကားတွေကို ဖြေးဖြေးလေးပြောတာကြောင့် နားလည်ရလွယ်ပြီး စကားလုံးအတိုလေးတွေ နဲ့ စာပိုဒ်လေးတွေက အင်္ဂလိပ်စာလေ့လာသူတွေအတွက် အထောက်အကူဖြစ်မှာပါ။

READ
2016ထဲမှာအသစ်ပြခဲ့တဲ့ ဒိုင်နမိုရဲ့မျက်လှည့်များ

3. “10 Things I Hate About You” (1999)

studybreak

ဒီဇာတ်ကားကတော့ ဟာသကားလေးဖြစ်ပြီး အမေရိကန်လူငယ်တွေကြားမှာ အသုံးများတဲ့ စကားလုံးတွေကို ကြည့်ရှုသူတွေ လေ့လာနိုင်မှာပါ။ ဒီဇာတ်ကာကတော့ ရယ်စရာဟာသတွေပါတယ်။ ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်တဲ့ ဇာတ်ကွက်တွေပါတယ်။ ဒါ့အပြင် နေ့စဉ်ဘဝမှာ အသုံးပြုနေကြ စကားလုံးတွေပဲ သုံးထားတယ်။ သရုပ်ဆောင်တွေရဲ့ အမေရိကန် အသံနေအသံထားတွေတစ်ဆင့် ဝေါဟာရ အသုံးအနှုန်းတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

4. “Jurassic Park” (1993)

studybreak

“Jurassic Park”ကတော့ ပရော်ဖက်ရှင်နယ်ကျတဲ့ အင်္ဂလိပ်စာကို လေ့လာချင်သူတွေအတွက် အကောင်းဆုံး ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားထဲမှာပါတဲ့ သိပ္ပံပညာရှင်တွေ၊သမိုင်းပညာရှင်တွေ၊ ရုပ်ကြွင်းဗေဒပညာရှင်တွေပြောတဲ့ စကားပြောတွေက အင်္ဂလိပ်စာကို သင်ယူနေတဲ့ သူတွေအတွက် အထောက်အကူဖြစ်မှာပါ။

5. “The Office” (2005-2013)

studybreak

အခုဖေါ်ပြထားတဲ့ နောက်ဆုံးတစ်ခုကတော့ ရုပ်ရှင်မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ကားတွေကိုကြည့်ရင်း လေ့လာသလိုပဲ အင်္ဂလိပ်စာလေ့လာနိုင်တဲ့ တီဗွီရှိုးဖြစ်ပါတယ်။ ၂ နာရီရုပ်ရှင်ကားတွေ မကြည့်ချင်သူတွေအတွက်လည်း အဆင်ပြေတဲ့ တီဗွီရှိုးပါ။ တီဗွီရှိုးရဲ့ အပိုင်းတစ်ပိုင်းစီတိုင်းက စိတ်ဝင်စားစရာ ဇာတ်ကွက်တွေကို ကြည့်ရှုနိုင်ပြီး ဟာသတွေကိုလည်း တဝကြီးရယ်ရင်းနဲ့ အင်္ဂလိပ်စာတွေကို ပေါ့ပေါ့ပါးပါး အသုံးအနှုန်းတွေသာမက ပရော်ဖက်ရှင်နယ်ဆန်တဲ့ အသုံးအနှုန်းတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

READ
ပုံထဲမှာ ကြောင်ကိုရှာနိုင်ပါသလား? (လူ၁၀၀မှာ ၁ယာက်လောက်ပဲတွေ့နိုင်ပါတယ်)

Source: Studybreak

 

SHARE