ပါစတာခေါက်ဆွဲခြောက်တွေကို သုံးပြီး ကွန်ပြူတာတည်ဆောက်ပြသွားတဲ့ ဉာဏ်ကြီးရှင်

PC (personal computer) တွေကို မျိုးစုံတည်ဆောက်ပြတာ တွေ့ဖူးကြမှာပါ။ အဲဒီ့အထဲကမှ Youtube ဆယ်လီတစ်ယောက်ဖြစ်တဲ့ Micah Laplante က အီတလီပါစတာခေါက်ဆွဲခြောက်ပြားတွေကို သုံးပြီး PC တစ်ခု တည်ဆောက်ပြသွားတာကတော့ မျက်လုံးပြူးစရာပါပဲ။

Micah က ဒီအိုင်ဒီယာကို သူ့ဇနီးက နောက်ပြောင်ပြီး ပေးခဲ့ရာမှ စစဉ်းစားမိခဲ့တယ် ဆိုပါတယ်။ သူတည်ဆောက်မယ့် ခေါက်ဆွဲခြောက်ကွန်ပြူတာက ဂိမ်းတွေ အကြီးအကျယ်ဆော့ရလောက်အောင် သွက်တဲ့ ကွန်ပြူတာမျိုးတော့ မဟုတ်ပေမယ့် မီဒီယာတချို့ကို streaming လုပ်နိုင်ပြီး ဂိမ်းနည်းနည်းဆော့လို့ရတဲ့ ကွန်ပြူတာမျိုး ဖြစ်ပါတယ်။

Laplanet Arts

Micah ဟာ အရင်ဆုံး touch screen ပျက်နေခဲ့တဲ့ Asus notebook တစ်လုံးက hardware ပစ္စည်းတွေကို ဖြုတ်ယူခဲ့ပါတယ်။ အရင်ဆုံး ပါစတာခေါက်ဆွဲခြောက်ပြားတွေကို တစ်ခုနဲ့တစ်ခု ကော်နဲ့ကပ်ပြီး ဆက်ခဲ့ပါတယ်။ အခြေခံအနေနဲ့ I/O panel အဖြစ် သုံးဖို့ USB အပေါက်ကို အရင်စိုက်ပါတယ်။ အဲဒီ့နောက်မှာတော့ USB-B နဲ့ HDMI port တွေအဖြစ် သုံးဖို့ ကေဘယ်ကြိုးအချို့ကို ထပ်ထည့်ပါတယ်။

READ
ဒစ်ဂျစ်တယ်ဆယ်လီတွေက လူ့အဖွဲ့အစည်းကို ဘယ်လိုသက်ရောက်မှု ရှိလာနေလဲ
Laplanet Arts

အောက်ခံ ပါစတာခေါက်ဆွဲခြောက်ပြင်ပေါ်မှာ ပစ္စည်းတွေ ဆင်ပြီးနောက်မှာတော့ အပေါ်ကနေ ပါစတာပြင်နဲ့ တစ်ထပ် ထပ်အုပ်ပြီး ကော်နဲ့ ကပ်လိုက်ပါတယ်။ ထို့နောက်မှာတော့ ဆော့စ်ပုံစံနဲ့ လိုက်အလှဆင်လိုက်ပြီး USB နဲ့ HDMI အပေါက်တွေက ပါစတာ ၂ ထပ်ကြားကနေ ဆော့စ်တွေကြားက ထွက်နေတဲ့ ပုံစံမျိုး ဖန်တီးလိုက်ပါတယ်။

သူဖန်တီးထားတဲ့ ကွန်ပြူတာ အလုပ်လုပ်ဖို့ကို တီဗီမော်နီတာနဲ့ အရင်ချိတ်ဆက်လိုက်ပါတယ်။ Windows ကို စ run ခဲ့ပြီး ဂိမ်းတချို့နဲ့ ဗီဒီယို app တွေဖြစ်တဲ့ Hulu နဲ့ Youtube တို့ကိုတောင် ဖွင့်ပြနိုင်ခဲ့ပါတယ်။ Windows 10 update လုပ်ပြီးချိန်မှာဆို Xbox controller နဲ့တောင် ချိတ်ပြီး သုံးပြခဲ့ပါသေးတယ်။ ဒါပေမယ့် ကွန်ပြူတာက စင်းလုံးချောတော့ အလုပ်မလုပ်ခဲ့ပါဘူး။

Laplanet Arts

ဘာပဲဖြစ်ဖြစ် PC ပုံးက အလုပ်လုပ်ခဲ့ပြီး ဆော့ဖ်ဝဲက အလုပ်မလုပ်တာဖြစ်တဲ့အတွက် ပါစတာခေါက်ဆွဲခြောက်နဲ့ ကွန်ပြူတာဆောက်တာ အောင်မြင်သွားတယ်လို့ ပြောလို့ရပါတယ်။ အောက်မှာ ဗီဒီယိုနဲ့ သေချာကြည့်ကြည့်လိုက်နော်။

READ
Selfie Stick နေရာမှာ အစားထိုးဝင်ရောက်လာတဲ့ ဖုန်းအရွယ်စား AirSelfie

Ref: PC Gamer

SHARE