အက်ရှင်ဇာတ်ကားတွေ ကြည့်ခြင်းက မုန့်တွေကို ပိုစားဖြစ်စေကြောင်း ပညာရှင်များထုတ်ဖော်

Shutterstock/Kamila_P

အက်ရှင်ဇာတ်ကားကို လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အခုအချိန်ထိလည်း အက်ရှင်ဇာတ်ကားတွေဟာ ရုံတင်တိုင်း ဝက်ဝက်ကွဲ ပေါက်နေကြဆဲ ဖြစ်ပါတယ်။ အခု တွေ့ရှိချက်မှာတော့ အက်ရှင်ဇာတ်ကားတွေ ကြည့်ခြင်းဟာ လူတွေကို မုန့်တွေ၊ သွားရေစာတွေ ပိုစားစေကြောင်း ဆိုပါတယ်။

ဒီလေ့လာမှုကို Cornell University က ပညာရှင်တွေက တွေ့ရှိခဲ့တာပါ။ သူတို့တွေ့ရှိချက်မှာ အက်ရှင်ဇာတ်ကားကြည့်သူတွေဟာ တစ်ခြားဇာတ်ကားကြည့်သူတွေထက် Snack တွေကို နှစ်ဆအထိ ပိုပြီးစားတယ်လို့ ဆိုပါတယ်။ ဒီအက်ရှင်ဇာတ်ကားတွေ အသည်းစွဲကြိုက်လေ Snack တွေ ပိုစားဖြစ်လေလို့တောင် ပြောရမှာပါ။

YouTube/CBS

သုတေသနပညာရှင်တွေဟာ အဲဒီတက္ကသိုလ်က ဘွဲ့လွန်ကျောင်းသား (၉၄)ဦးကို (၃)အုပ်စုခွဲပြီး တစ်ယောက်ချင်းစီကို တူညီတဲ့ မုန့်ပမာဏတွေ ပေးဝေခဲ့ပါတယ်။ အုပ်စုတစ်စုကတော့ Charlie Rose ရဲ့ Talk Show ကို ကြည့်ကြပြီး၊ အခြားအုပ်စုကတော့ Michael Bay ပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို The Island ဇာတ်ကားကို ကြည့်ကြပါတယ်။

Imdb.com

နောက်ဆုံးအုပ်စုကတော့ The Island ဇာတ်ကားကိုပဲ အသံမပါဘဲ ကြည့်ကြပါတယ်။ သုံးအုပ်စုစလုံးမှာ The Island ဇာတ်ကားကို အသံနဲ့ကြည့်တဲ့အုပ်စုက ကျန်တဲ့လူတွေထက် သွားရေစာစားမှု (၉၈)%အထိ ရှိခဲ့တယ်လို့ တွေ့ရှိခဲ့ရတာပါ။ သာမန်ဇာတ်ကားတစ်ကားကြည့်ရင်း စားတဲ့အစားအစာတွေရဲ့ ကယ်လိုရီဟာ (၂၁၅)ဖြစ်သော်လည်း၊ ဇာတ်ကြမ်းကား ကြည့်သူတွေကတော့ ကယ်လိုရီ (၃၅၄) စားကြတယ်လို့ ဆိုပါတယ်။

လင်းသုတ

SHARE