အပြာကားကြည့်လွန်းသူအမျိုးသားများ လက်တွေ့ဘဝတွင်စွမ်းဆောင်ရည်ကျဆင်းနိုင်ဟုဆို

အမေရိကန် လိင်အင်္ဂါဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်း( American Urological Association) ရဲ့သုတေသန ပြုချက်အရ ညစ်ညမ်းကားများ အလွန်အကျွံကြည့်ရှုခြင်းဟာ တကယ်လက်တွေ့အချိန်ကျရင် အမျိုးသားများကို သန်စွမ်းမှုအားနည်းစေပြီး စွမ်းဆောင်ရည်နည်းပါစေတယ် လို့သိရပါတယ်။

လွန်လွန်ကြူးကြူးညစ်ညမ်းကားများကြည့်ရှုခြင်းဟာ အမျိုးသားများရဲ့ လိင်စိတ်ကို ထိခိုက်စေပြီး များသောအားဖြင့်အဖြစ်များဆုံးအချက်ကတော့ လိင်ဆက်ဆံစဉ်မှာ ထောင်မတ်ခြင်းမပြုနိုင်တဲ့ ဝေဒနာ အဖြစ်များတယ် လို့ဆိုခဲ့ပါတယ်။ဒါပေမဲ့ လွန်လွန်ကြူးကြူးညစ်ညမ်းကားများကြည့်ရှုတဲ့ အမျိုးသမီးတွေကိုတော့ မည်သည့်အကျိုးသက်ရောက်မှုမှ မရှိဘူးလို့ဆိုပါတယ်။

ဒီလေ့လာချက်ကို ၁၁၂ ကြိမ်မြောက် အမေရိကန် လိင်အင်္ဂါဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းရဲ့ နှစ်ပါတ်လည်အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပြီး ညစ်ညူးဇာတ်ကားများကြည့်တတ်တဲ့ အလေ့အကျင့်ရှိသော မိန်းမ၊ယောင်္ကျား နှစ်ဖွဲ့ကို သုတေသန ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လေ့လာသူများဟာအသက် ၂၀ မှ ၄၀ အတွင်းရှိတဲ့ လိင်အင်္ဂါဆိုင်ရာ ကျန်းမာရေးဆေးခန်းအမျိုးသမီး အလုပ်သမားများနဲ့ အခြားသော အမျိုးသား ၃၁၂ ယောက်ကို စစ်တမ်းအမေးလွှာများပေးခဲ့ပြီး အမျိုးသမီးများကတော့ ညစ်ညမ်းကားကြည့်လို့ ထိခိုက်ခြင်းမရှိပေမဲ့ အမျိုးသားများကတော့ လိင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ နီးကပ်စွာ ဆက်နွယ်နေတာကို တွေ့ရှိခဲ့ရတယ် လို့သိရပါတယ်။

READ
ယောက်ျားလေးတွေချစ်သူအပေါ်လိမ်ရသည့်အကြောင်းအရင်းများ

လေ့လာမှုကို ခေါင်းဆောင်ခဲ့သူ ဒေါက်တာမက်သယူ ခရစ်မန် (Dr Matthew Christman)ကတော့ ” ကိုယ်အင်္ဂါဆိုင်ရာချို့ယွင်းမှုကြောင့် လိင်ပိုင်းဆိုင်ရာစွမ်းဆောင်မှု အားနည်းတယ်ဆိုတာ ဒီအသက်အရွယ်မှာ တော်တော်အဖြစ်နည်းပါတယ်။ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာစွမ်းဆောင်မှု အားနည်းတဲ့ ပြဿနာတွေနဲ့ ဆေးခန်းကို လာရောက်ကြသူများလာတဲ့အခါ ကျွန်တော် တို့သုတေသန တစ်ခုပြုလုပ်ခဲ့ပြီး ညစ်ညမ်းဇာတ်ကားများကို ကြည့်ရှုခြင်းက ပြဿနာရဲ့ အဖြေဖြစ်နေပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

Slash (Shwemom)

Ref : Metro

SHARE