နီယာဂါရာရေတံခွန် ရေများအနက်ရောင်ပြောင်း၊အနံ့ဆိုးထွက်မှုအပေါ် စိုးရိမ်မှုများမြင့်တက်

နီယာဂါရာရေတံခွန်ဟာ ကမ္ဘာပေါ်မှာ လူသိအများဆုံး ရေတံခွန်ကြီး ဖြစ်ပြီး၊ ကနေဒါနဲ့ အမေရိကန်နယ်စပ်မှာ တည်ရှိပါတယ်။ ယခုအခါ အဲဒီရေတံခွန်ကြီးဟာ ရေရဲ့အရောင် အနက်ရောင်အဖြစ် ပြောင်းလဲနေပြီး၊ အနံ့အသက်ကလည်း မကောင်းတဲ့အတွက် ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။

နယူးယောက်ခ်မြို့အနီး၊ နီယာဂါရာဖောလ်စ်မြို့အနီးက ရေတံခွန်ရဲ့ အစိတ်အပိုင်းမှာ ရေရဲ့ပြောင်းလဲမှုမှာ ပိုသိသာပြီး၊ တာဝန်ရှိသူတွေကတော့ ယိုစိမ့်မှုတစ်ခုကြာင့် အခုလိုဖြစ်ခဲ့တာလို့ ကြေငြာခဲ့ပြီး၊ ထိန်သိမ်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဟယ်လီကော်ပတာနဲ့ မှတ်တမ်းရယူထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ နီယာဂါရာရေတံခွန်ရဲ့ ရေပြောင်းလဲမှုဟာ သိသာလွန်းနေပြီး၊ Niagara Falls Water Board အဖွဲ့မှလည်း ဒေသခံတွေကို သတိပေးကြေငြာချက်တွေ ထုတ်ပြခဲ့ပါတယ်။ အဆိုပါ ကြေငြာချက်ထဲမှာတော့ ရေထဲမှာ ဓာတုဓာတ်ပေါင်းတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ကြေငြာချက်တွင် ” နီယာဂါရာရေတွေ အရောင်ပြောင်းလဲမှုကို မိဘပြည်သူထံ အသိပေးလိုပါတယ် … ရေထဲမှာ ဓာတ်ပေါင်း အခဲတွေပျော်ဝင်မှုကိုလည်း တွေ့ရပြီး၊ ကာဗွန်အကြွင်းအကျန်တွေရဲ့ ဓာတ်တွေကိုလည်း တွေ့ရပါတယ် … အများပြည်သူ တွေးထင်ထားသလို၊ ဆီယိုစိမ့်မှု မဟုတ်ဘဲ တစ်ခြား အော်ဂဲနစ်နဲ့ ပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ပျော်ဝင်မှုတွေ မတွေ့ရှိရပါဘူး … “လို့ ပြောခဲ့ပါတယ်။

READ
မော်ဒယ်တွေနဲ့ ခဏခဏပင်လယ်ထဲ ခရီးထွက်တဲ့ မီလျှံနာသူဌေး

အများပြည်သူနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကတော့ ဆီယိုစိမ့်မှုကြီးကြီးမားမား ဖြစ်ခဲ့တယ်လို့ ထင်မြင်နေကြပြီး၊ အခြား သိပ္ပံဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ကြေငြာချက်တွေနဲ့ NFWB ရဲ့ ထုတ်ပြန်ကြေငြာချက်မှာ ကွဲလွဲမှုတွေ ရှိနေတယ်လို့လည်း ဆိုကြပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE