လျစ်လျူမရှုထားသင့်တဲ့ ကမ္ဘာ့ရေအရင်းအမြစ် ရှားပါးလာမှု အန္တရာယ် ၈ ချက်

ယနေ့ မတ်လ ၂၂ ရက်နေ့ဟာဆိုရင်တော့ World Water Day ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်ကစလို့ နှစ်စဉ် မတ်လ ၂၂ ရက်နေ့တိုင်း ကမ္ဘာ့ကုလသမဂ္ဂကနေ ကြီးမှူးကျင်းပခဲ့ပါတယ်။ World Water Day ကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ သန့်စင်တဲ့ ရေချိုအရင်းအမြစ် ရှားပါးလာမှုကို ကမ္ဘာသူကမ္ဘာသားတို့ ဂရုပြုမိပြီး ရေအရင်းအမြစ်ကို ထိန်းသိမ်းစေလို့တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

ယခု ၂၀၁၉ ခုနှစ် World Water Day အတွက် theme ကတော့ ‘Leaving no one behind’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ လူတိုင်းအတွက် အကျိုးပြုနိုင်မယ့် ရည်မှန်းချက်တွေကိုသာ ဖော်ဆောင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အောက်မှာ ဆက်လက်ဖော်ပြပေးသွားမှာကတော့ ကမ္ဘာတဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ (ဖြစ်ပေါ်လာတော့မယ့်) ရေရှားပါးလာမှု အန္တရာယ် ၁၀ ချက်ဖြစ်ပါတယ်။

Shutterstock

(၁) ရာသီဥတုပြောင်းလဲမှု၊ လူဦးရေထူထပ်လာမှု၊ စိုက်ပျိုးရေးလိုအပ်ချက်တွေနဲ့ ရေဖြုန်းတီးမှုတွေကြောင့် ၂၀၂၅ ခုနှစ်ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေတစ်ဝက်လောက်က ရေရှားပါးတဲ့ နေရာဒေသတွေမှာ နေထိုင်ရနိုင်ချေရှိတယ်လို့ ယူနက်စကိုက ခန့်မှန်းထားပါတယ်။

(၂) ၂၀၅၀ ခုနှစ်ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေက လက်ရှိ ၇.၇ ဘီလီယံကနေ ၉.၇ ဘီလီယံအထိ တိုးလာနိုင်ပြီး မြို့ပြမှာ နေထိုင်တဲ့ လူဦးရေက ၂ ဆဖြစ်လာနိုင်ပါတယ်။ ထို ၂၀၅၀ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း သို့မဟုတ် ၃.၉ ဘီလီယံက ရေအလွန်ရှားပါးမှုကို ရင်ဆိုင်လာရနိုင်ချေ ရှိနေပါတယ်။

READ
မထင်မှတ်ထားနည်းလမ်းလေးများနဲ့ အကြီးအကျယ်ထောင်ထောက်ပြေးကြသူများ (၁)

(၃) ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ လူ ၁၀ ယောက်မှာ ၃ ယောက်နှုန်းဖြစ်တဲ့ ကမ္ဘာ့လူဦးရေရဲ့ ၂.၁ ဘီလီယံဟာ သန့်ရှင်းတဲ့ သောက်သုံးရေကို မရရှိကြပါဘူး။

Shutterstock

(၄) ကမ္ဘာပေါ်က လူ ၃ ယောက်မှာ ၁ ယောက်က လူ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ အိမ်သာကိုတောင် အသုံးမပြုနိုင်ကြသေးပါဘူး။ လူ့အညစ်အကြေးနဲ့ ဆက်စပ်နေတဲ့ ရေအရင်းအမြစ်ကနေ ရတဲ့ ရေတွေကို လူဦးရေ ၂ ဘီလီယံက သောက်သုံးနေကြရတယ်လို့ WHO က ဖော်ပြထားပါတယ်။ ထိုမှတစ်ဆင့် ရေကနေ ဖြစ်ပွားတဲ့ အသည်းရောင်ရောဂါ၊ ဝမ်းရောဂါတွေ ဖြစ်ပွားလာပါတယ်။

(၅) မသန့်ရှင်းတဲ့ ရေကြောင့် ဖြစ်ပွားတဲ့ ရောဂါတွေနဲ့ သေဆုံးသူဦးရေဟာ ကမ္ဘာပေါ်မှာ နှစ်စဉ် ၁.၆ သန်း ရှိနေပါတယ်။

(၆) အမေရိကန်လို ဖွံ့ဖြိုးပြီးနိုင်ငံမျိုးမှာတောင် အခြေခံအဆောက်အအုံ ချို့ယွင်းချက်တွေကြောင့် နှစ်စဉ် သန့်ရှင်းတဲ့ရေ ၂.၁ ထရီလီယံ ဂါလန် ဆုံးရှုံးမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

READ
(၂၀၁၈)ခုနှစ် နြူလက်နက် အမြင့်ဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံ(၅)နိုင်ငံ

(၇) အာဖရိကနဲ့ အာရှတိုက်ရှိ ရေရှားပါးတဲ့ အရပ်ဒေသတွေမှာ အမျိုးသမီးတွေဟာ နေ့စဉ်ပျှမ်းမျှခြင်း တစ်နေ့ကို ၄ မိုင် အကွာအဝေး ရေသယ်ရပါတယ်လို့ စစ်တမ်းများအရ သိရပါတယ်။ အဲဒီလို ရေရတဲ့နေရာကနေ မိမိအိမ်ကို သယ်ရတဲ့ ရေကလည်း သန့်ရှင်းမှု အပြည့်အဝရှိတယ်လို့ အာမ မခံနိုင်ပါဘူး။

Shutterstock

(၈) ကမ္ဘာတဝှမ်းက အဝီစိရေတွင်းတွေရဲ့ သုံးပုံတစ်ပုံဟာ ခမ်းခြောက်သွားခဲ့ကြပါပြီ။

ကမ္ဘာ့ရေရှားပါးမှုဟာ တကယ်အလေးအနက်ထားစဉ်းစားရမယ့် ပြဿနာ ဖြစ်လာခဲ့ပါပြီ။ ကျွန်တော်တို့ လုပ်နိုင်တာတွေကတော့ ရေကို လိုတာထက် အလွန်အကျွံ မဖြုန်းတီးမိအောင် သတိထားရမယ်၊ ရေတွေကို အလေအလွင့်ဖြစ်ပြီး မဆုံးရှုံးရအောင် သေချာစီမံသိုလှောင်ရမယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရမယ်၊ သစ်ပင်တွေ တတ်နိုင်သလောက် စိုက်ကြရပါမယ်။ ကမ္ဘာ့ရေရှားပါးလာမှုနဲ့ ပတ်သက်တဲ့ အသိပညာတွေကိုလည်း လူထုအဖွဲ့အစည်းထဲ တတ်နိုင်သလောက် ဝေမျှနိုင်အောင် ကြိုးစားကြရပါမယ်။

Ref: World Water Reserve

SHARE