ရွန်းနီကို တစ်ပါတ်လုပ်ခ ပေါင်တစ်သန်းဖြင့်ကမ်းလှမ်းလိုက်တဲ့ တရုတ်ကလပ်

မန်ယူအသင်းခေါင်းဆောင် ရွန်းနီဟာ စတုတ်နဲ့ ပွဲအပြီးမှာ မန်ယူအသင်းအတွက် ၂၅၀ မြောက်ဂိုးကို ပြစ်ဒဏ်ဘောက နေသွင်းယူခဲ့ပြီးနောက် တရုတ်ကလပ်အသင်းတစ်သင်းက ကမ္ဘာစံချိန်တင်လစာ တစ်ပါတ်လုပ်ခ ပေါင် တစ်သန်းနဲ့ ကမ်းလှမ်းလိုက်ပါတယ်။ရွန်းနီသာလက်ခံခဲ့ရင် သူရဲ့လုပ်ခဟာ တစ်နှစ်ကို ပေါင် သန်း ၆၀ ရှိလာမှာဖြစ်ပြီး လက်ရှိ မန်ယူအသင်းမှာဆိုရင် တစ်နှစ်လုပ်ခ ၁၃ သန်းရရှိနေတာဖြစ်ပါတယ်။
nintchdbpict000296067691
တရုတ်ဘက်က သတင်းရင်းမြစ်တစ်ခုကတော့ ရွန်းနီဟာ မန်ယူအသင်းရဲ့ ပထမဦးစားပေးကစားသမားမဟုတ်တော့တာကြောင့် တရုတ်ဆူပါလိဂ်က ကမ်းလှမ်းချက်ကို မငြင်းနိုင်လောက်ဘူးလို့ ဆိုနေကြပါတယ်။ရွန်နီဟာ လက်ရှိအကြွယ်ဝဆုံးကစားသမားများစာရင်းမှာ နောက်ဆုံးရပ်တည်နေတာဖြစ်ပြီး ပေါင် ၈၂ သန်းကျော်ကြွယ်ဝတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။
nintchdbpict000296059146
” သူဟာအခုဆိုရင် ကလပ်အသင်းမှာ ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်နေပြီဆိုတော့ သူအခု တရုတ်ကလပ်အသင်းနဲ့ ၂ နှစ်စာချုပ်ဆိုလိုက်ရင် သူကစားသမားသက်တမ်းတစ်လျှောက် ပိုက်ဆံရခဲ့တာထက် ပိုရမှာပါ ” လို့တရုတ်ရင်းမြစ်တစ်ခုက ဆိုပါတယ်။ရွန်းနီဟာ သူအသင်းပြောင်းခဲ့မယ်ဆိုရင် ဘယ်ပရီမီးယားလိဂ် အသင်းကိုမှ ပြန်လည်ကစားတော့မှာ မဟုတ်ပါဘူးလို့ အရင်ကဆိုခဲ့ပါသေးတယ်။
တရုတ်နိုင်ငံရဲ့ လူဦးရေ  ၈ % ခန့်(၁၀၈ သန်း)ဟာ မန်ယူအသင်းရဲ့ ပရိတ်သတ်များဖြစ်ပြီး ရွန်းနီဟာ တရုတ်နိုင်ငံမှာလည်း နာမည်ကြီး ကစားသမားဖြစ်နေပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဘေဂျင်းဂူအန်အသင်းက ရွန်းနီကို စတင်ကမ်းလှမ်းခဲ့တာဖြစ်ပြီး ရွန်းနီက မန်ယူအသင်းမှ ပျော်ရွှင်နေတယ်လို့ အဖြေပေးခဲ့ပါတယ်။ ဘေဂျင်းဂူအန်အသင်း အပြင် CSL ကလပ် ဂွမ်ဇူး အဲဗားဂရမ်ဒီ ထာဘောင်းကလပ်ကလည်း ရွန်းနီကို  နောက်ထပ်ကမ်းလှမ်း ထားပါသေးတယ်။အာဆင်ဝင်းဂါးကတော့ တရုတ်အသင်းတွေပေးနေတဲ့ လစာလောက် ဥရောပ အသင်းတွေ မပေးနိုင်ဘူးလို့ ၀န်ခံခဲ့ပါတယ်။
nintchdbpict000295947516
တရုတ်နိုင်ငံမှာ တိဗက်ဇ် ဟာ တစ်ပါတ်လုပ်ခ ပေါင် ၆၁၅၀၀၀ ဖြင့်လည်းကောင်း၊အော်စကာ ဟာ တစ်ပါတ်လုပ်ခ ပေါင် ၄ သိန်းဖြင့်လည်းကောင်း၊ရာမီရက်စ် က တစ်ပါတ်လုပ်ခ ပေါင် ၂ သိန်းဖြင့်လည်းကောင်း၊ဆောက်သမ်တန် တိုက်စစ်မှူးဟောင်း ဂယာဇီယာနိုပယ်လီဟာ တစ်ပါတ်လုပ်ခ ပေါင် ၂သိန်း၆ သောင်းဖြင့်လည်းကောင်း အသီးသီးကစားနေကြတာဖြစ်ပြီး ရော်နယ်ဒိုရဲ့ လစာဟာ ၃၆၅၀၀၀ ပေါင်သာရှိတာဖြစ်ပါတယ်။
Lumos (Shwemom)
Ref : The Sun
SHARE