မန်ယူအသင်းကို သံယောဇဉ်မပြတ်တဲ့ ပရိသတ်အချစ်တော်ကြီးဝိန်းရူနီ

ပြီးခဲ့တဲ့အင်္ဂါညကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မန်ယူအသင်းနဲ့ CSKA အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ယူအသင်းက (၂-၁)ရလဒ်အနိုင်ယူနဲ့ (၁၆)သင်းအဆင့်ကို အုပ်စုပထမနေရကနေတက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲကို မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရွန်းနီလည်း သားဖြစ်သူ Kai Rooney နဲ့အတူ လာရောက်ကြည့်ရှုခဲ့တာကို တွေ့ရပါတယ်။

ရွန်းနီတို့ သားအဖနဲ့အတူ နှလုံးခွဲစိတ်မှုကြောင့် အနားယူနေရတဲ့ မန်ယူအသင်းရဲ့ လက်ရှိအသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်လည်း အတူတူတွေ့ခဲ့ရပြီး၊ အိုးထရက်ဖို့ဒ်ရဲ့ အထူးပွဲကြည့်စဉ်ဖြစ်တဲ့ အသင်းဒါရိုက်တာတွေကြည့်ရှုတဲ့ပွဲကြည့်စဉ်နေရာကနေပြီး အသင်းဟောင်းကို အားပေးခဲ့တာပါ။

ယခုပွဲမှာ မန်ယူအသင်းအတွက် ဂိုးတွေကို လူကာကူနဲ့ ရက်ရှ်ဖို့ဒ်တို့က ပွဲချိန် (၆၄)မိနစ်နဲ့ (၆၆)မိနစ်တွေမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အသက်(၃၂)နှစ်ရွယ် ရွန်းနီဟာ မန်ယူအသင်းရဲ့ လက်ကျန်စာချုပ်ကို ဖျက်သိမ်းပြီး ယခုနှစ် အပြောင်းအရွှေ့ရာသီမှာ အဲဗာတန်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

ရွန်းနီဟာ ၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မန်ယူအသင်းအတွက် ဥရောပပွဲပေါင်း (၉၈) ပွဲကစားကာ (၃၉)ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ပြီး မန်ယူအသင်းနဲ့အတူ ဥရောပရဲ့ အဆင့်အမြင့်ဆုံးဖလားတွေဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

READ
ပရီးမီးယားလိဂ်အကြောင်း သင်ဘယ်လောက်သိလဲ?

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE