အိမ်မှာနေပြီး သားတွေကို စာပြပေးလိုက်၊ပန်းချီ အတူတူဆွဲလိုက်နဲ့ ပျော်ရွှင်နေတဲ့ Rooney

[email protected]

နာမည်ကြီးဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ မန်ယူလို့ ပြောလိုက်တာနဲပ တော်တော်များများသတိရကြမှာ တစ်ချိန် မန်ယူအသင်ူရဲ့ မရှိမဖြစ်တိုက်စစ်မှူး Wayne Rooney ပါပဲ။ အခုအချိန်မှာတော့ Rooney ဟာ Derby အသင်းမှာ ကစားနေတဲ့ တိုက်စစ်မှူတစ်ယောက်ပဲ ဖြစ်ပါတယ်။ COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မျိုးမှာ Rooney ဟာ သူရဲ့ နေအိမ်ကြီးမှာပဲ သူ့ဇနီးရယ်၊ သား ၄ ယောက်နဲ့အတူတူ နေထိုင်နေကြပြီး သားဖြစ်သူတွေကို စာသင်ပေးလိုက်၊ ပန်းချီဆွဲသင်ပေးလိုက်၊ ဘောလုံးကန်နည်း သင်ပေးလိုက်နဲ့ အချိန်ကုန်နေကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

❤️

A post shared by Wayne Rooney (@waynerooney) on

Rooney ရဲ့ ပရိသတ်တော်တော်များများ သိကြတဲ့အတိုင်း Rooney ဟာ ကျောင်းမပြီးသေးပဲ ကျောင်းထွက်ခဲ့ပြီး ဘောလုံးလောကကို ခြေစုံပစ်ဝင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဘောလုံးသမားဘ၀မှာတုန်းကလည်း တစ်ခုခု အဆင်မပြေဖြစ်တိုင်း သူ့ရဲ့ပညာရေး အားနည်းချက်ကို လက်ညှိုးထိုးပြီး ဝေဖန်ခံခဲ့ရသူပါ။ ဒါပေမယ့်လည်း သူ့ရဲ့ အငယ်ဆုံးသားဖြစ်သူ Cass ရဲ့ ကျောင်းသင်ခန်းစာကို ကတ်ဂိမ်းတစ်ခုနဲ့ ရှင်းပြပြီး နားလည်အောင် သင်ကြားပေးခဲ့ပါတယ်။ Rooney ရဲ့ Instagram ကနေ သူ့သားကျောင်းသင်ခန်းစာတွေကို သင်ပေးနေတဲ့ ပုံလေးကိုတင်ခဲ့တာကြောင့် Rooney ရဲ့ ပရိသတ်တွေကတော့ Rooney ကို ဖခင်ကောင်းတစ်ယောက်ပီသတယ်လို့ ချီးကျူးခဲ့ကြပါသေးတယ်။

ဒါ့အပြင် Rooney ဟာ သူ့သားအကြီးဆုံးဖြစ်သူ Kai ကိုလည်း ဘောလုံးကန်တတ်အောင် သင်ကြားပေးခဲ့ပုံပါပဲ။ Kai လေးဟာ တစ်ရှူးလိပ်တစ်ခုကို ဘောလု့းအဖြစ် ခြေထောာက်နဲပ တော့ပြီး ကစားခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း Rooney ကိုယ်တိုင်ရိုက်ပေးပြီး ဆိုရှယ်မီဒီယာအပေါ် မျှဝေခဲ့ပါသေးတယ်။

READ
မိန်းမနဲ့အရုပ်မ ဘာရွေးရမှန်းမသိဖြစ်နေတဲ့ ခင်ပွန်းကို အားမလိုအားမရဖြစ်နေတဲ့ဇနီး

“ကျွန်တော်က ဘောလုံးသမားဆိုတော့ များသောအားဖြင့် မိသားစုကို အချိန်မပေးနိုင်ခဲ့ဘူး။ အခုလိုဖြစ်တဲ့အချိန် အိမ်မှာနေတုန်းလေး မိသားစုနဲ့ အတူတူနေရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။ ဘာနဲ့မှကို မလဲနိုင်ပါဘူး။ တစ်နေ့တစ်နေ့ ကျွန်တော်သားတွေကို စာသင်ပေးလိုက်၊ ဘောလုံးကန်လိုက်၊ ပန်းချီဆွဲလိုက်နဲ့ တော်တော်ပျော်ဖို့ကောင်းပါတယ်” လို့ Rooney က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE