အိမ်ထောင်တစ်ခုဟာပိုက်ဆံကြောင့် ပြိုကွဲတော့မှာလားသိနိုင်တဲ့အချက်(၅)ချက်

ငွေကြေးနဲ့ ပျော်ရွှင်မှုကို မ၀ယ်နိုင်၊ ငွေကြေးဟာ မီးလိုပါဘဲ … အသုံးချတတ်ရင် အကျိုးရှိပြီး … အသုံးမချတတ်ရင်တော့ မိမိကိုယ်ကို ပြန်ပြီး လောင်တတ်ပါတယ်။ တစ်ချို့က ငွေကြေးနဲ့ လွဲမှားတဲ့ အရာတွေကို ၀ယ်ယူမိတတ်ကြပါတယ်။ ငွေရှိ
ရင် လုံးဝဥဿုံအဆင်ပြေတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ငွေကြေးနဲ့ စတင်ခဲ့တဲ့ အိမ်ထောင်ရေးတွေထဲမှာ ငွေ
ကြေးကြောင့် ပျက်စီးခဲ့ရတဲ့ အိမ်ထောင်ဘက်တွေ အများကြီး ရှိပါတယ်။ ပိုက်ဆံကြောင့် ပြိုကွဲဖို့ ဦးတည်နေတဲ့ အိမ်
ထောင်ရေး အခြေအနေကို Shwemom ရဲ့ အိမ်ထောင်သည် ပရိသတ်ကြီးအတွက် တင်ဆက်ပေးထားပါတယ်။

(၁) ငွေကိုသာ ဦးစားပေး ရှာမိနေရင်

တစ်ချို့က ငွေကို ဒုတိယဘုရားသခင်လို့ ယူဆကာ ကြိုးစားပမ်းစား ရှာတတ်ကြပါတယ်။ တကယ်လည်း လောကကြီးမှာ ငွေသာ လက်ထဲမှာ အစစအရာရာ ပြည့်စုံသလောက် နီးပါးပါဘဲ။ ဒါပေမယ့် ငွေကြေးချမ်းသာသူ အများစုဟာ ရေးယခင်မှ ယခုအချိန်ထိ ငွေကြေးနဲ့ပတ်သက်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်လေ့ရှိပါတယ်။ ဒါပေမယ့် လှပတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ငွေကြေးကို ဦးစားပေးမိနေလို့ပါ။

READ
မိန်းကလေးများ သိထားသင့်တဲ့ ယောက်ျားတွေရဲ့ လျှို့ဝှက်ချက်များ

(၂) ငွေကြေးကြောင့် ရွေးချယ်ခဲ့တဲ့ အိမ်ထောင်ဘက်

စောစောက ပြောသလို၊ ကိုယ်တိုင်ကဖြစ်စေ … မိမိရဲ့ အိမ်ထောင်ဘက်က ဖြစ်စေ အိမ်ထောင်ဘက် ရွေးချယ်တဲ့အခါ
ငွေရေး ကြေးရေးခိုင်မာမှု တစ်ခုတည်းကိုပဲ စဉ်းစားတယ်ဆိုရင် ဒါဟာ အနာဂတ် အလားအလာ မကောင်းနိုင်တဲ့ အခြေ အနေဖြစ်ပါတယ်။ အချိန်မရွေး ပြိုကွဲနို်င်တဲ့ သဘောရှိပါတယ်။

(၃) ငွေရေးကြေးရေး ပြိုင်ဆိုင်မှုနဲ့ အိမ်ထောင်ရေး အခြေအနေ

တစ်ခါတစ်လေမှာတော့ လင်ကော မယားကော စီးပွားရှာရမှာ အလွန်တော်နေတာမျိုးလည်း ရှိတတ်ပါတယ်။ အစက
တည်းက ဒီအချက်တွေကို အခြေခံပြီး အိမ်ထောင်ဘက် ဖြစ်ခဲ့ဖို့ များပါတယ်။ ဒါပေမယ့် ငွေကြေးဟာ လောဘကို ဘယ်
တော့မှ မတင်းတိမ်စေပါဘူး။ တစ်ခုခု ရှာရင်း တစ်ခုခု ဆုံးရှုံးနေရတာ ဓမ္မတာပါဘဲ။ ငွေကြေးနောက်ကို ကောက်ကောက်
ပါအောင် လိုက်လေ … လင်နဲ့မယားကြား တွေ့ထိချိန် နည်းပါးပြီး ဆက်ဆံရေး အေးစက်လေပါဘဲ။

READ
ချစ်ရမှာကြောက်နေတဲ့သူမှန်း သိသာစေတဲ့လက္ခဏာများ

(၄) အချင်းချင်း ငွေးရေးကြေးရေးကို စေးကပ်ခြင်း/မသထာခြင်း

တစ်ခါတရံကျပြန်တော့ အိမ်ထောင်တစ်ထု ရပ်တည်ဖို့ လင် သို့မဟုတ် မယားရဲ့ လုပ်အားခတစ်ခုတည်းကိုပဲ အားကိုးနေရတဲ့ အခြေအနေမျိုး ရှိတတ်ပါတယ်။ ဒီအခါမှာ ငွေးကြေးဆိုင်ရာ စီမံခန့်ခွဲမှုတွေအပေါ် သဘောထားကွဲလွဲမှုတွေ တစ်
နည်းမဟုတ် တစ်နည်း ကြုံလာရဖို့ ရှိပါတယ်။ ဒါကလည်း အိမ်ထောင်ရေး တစ်ခုအတွက် မကောင်းနိုင်ပါဘူး။

(၅) ငွေရေးကြေးရေးအရ စကားခဏခဏ များရတဲ့အခါ

များသောအားဖြင့် အခြေခံလုပ်ခလစာ နည်းပါးတဲ့ မိသားစုတွေ၊ ဒီကြားထဲမှာ စားစရိတ် ပိုကြီးစေတဲ့ သားသမီးအခြွေရံ များတဲ့ မိသားစုတွေဟာ ဘယ်တော့မှ ပြေလည်လေ့ မရှိပါဘူး။ ပိုဆိုးတဲ့ အခြေအနေက တစ်စုံတစ်ယောက်ရဲ့ လုပ်အားခကို တစ်ရက်တာအသုံးစရိတ်အဖြစ် အနိုင်နိုင် လည်ပတ်နေရတဲ့ အိမ်ထောင်ရေးဆို တကျက်ကျက် ရန်ဖြစ်ရတတ်ပါ
တယ်။ ရန်ဖြစ်တိုင်း မကောင်းပါဘူး။ ရန်ဖြစ်တိုင်း ပြန်ချစ်စေတာ မဟုတ်ပါဘူး။

နတ်စည်တော် (Shwemom)

source : lifehack.org

 

SHARE