ကမ္ဘာတစ်လွှားက လူတွေရဲ့ ကော်ဖီသောက်ပုံ သောက်နည်း အမျိုးမျိုး

ကော်ဖီကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်စွာ သောက်သုံးကြပါတယ်။ မနက်ခင်းနိုးလာတာနဲ့ ကော်ဖီလေးတစ်ခွက်မှ မသောက်ရရင်ကို မနေနိုင်ကြတဲ့ ကော်ဖီချစ်သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကော်ဖီသောက်သုံးပုံ သောက်သုံးနည်းကတော့ ရိုးရာယဉ်ကျေးမှုတွေအပေါ်မှာ အခြေခံပြီး ပြောင်းလဲတတ်ပါတယ်။ အောက်ဘက်မှာတော့ တစ်ကမ္ဘာလုံးကလူတွေရဲ့ ကော်ဖီသောက်ပုံ နည်းစနစ် အမျိုးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Kaffeost (Finland)

Flickr

ဖင်လန်နိုင်ငံက လူတွေဟာ ကော်ဖီပူပူထဲကို ချိစ်အတုံးလေးတွေ ခပ်ပြီး သောက်ရတာကို သဘောကျကြပါတယ်။

Spiced coffee (Morocco)

SpiceLines

မော်ရိုကန် ကော်ဖီမှာတော့ ဖာလာ၊ ငရုတ်ကောင်းမဲ၊ သစ်ကြံပိုးခေါက်၊ လေးညှင်းနဲ့ ဇာတိပ္ဖိုလ်သီးလို အမွှေးအကြိုင်တွေပါဝင်တတ်ပါတယ်။

Yuanyang (Malaysia)

The Works of Life

မလေးကော်ဖီကတော့ ထူးထူးခြားခြားပဲ ကော်ဖီထဲကို လက်ဖက်ရည်တွေပါ ရောပြီး နို့နဲ့ နှစ်မျိုးစပ်ဖျော်ထားတာ ဖြစ်ပါတယ်။

Flat White (Australia)

Shutterstock

သြစတေးလျလူမျိုးတွေဟာ အက်စ်ပရက်ဆို ကော်ဖီပေါ်မှာ နို့ခရင်မ်လေး ဆမ်းထားတာမျိုးကို အရမ်းနှစ်ခြိုက်ကြပါတယ်။

Espresso Romano (Italy)

Kofee Book

အီတလီမှာတော့ ကော်ဖီတည်ခင်းတဲ့အခါ လီမွန်သီးကွင်းလေးပါ အတူထည့်ပြီး ဧည့်ခံလေ့ရှိပါတယ်။

READ
ကောလာဟလတွေကိုမမှုဘဲ အောင်မြင်နေကြသူတွေဆိုတာ … ဒီလိုတွေပါ

Cà Phê Dá (Vietnam)

Caphexunghe
တကယ်လို့ စာဖတ်သူဟာ ကော်ဖီကို ချိုချိုခါးခါး ကြိုက်တတ်သူ ဆိုရင်တော့ ဒီကော်ဖီကို နှစ်သက်မှာပါ။ လှော်ထားတဲ့ ကော်ဖီစေ့တွေကို နှပ်ပြီး နို့ဆီ၊ ရေခဲတို့နဲ့ သောက်ရတာ ဖြစ်ပါတယ်။

Irish Coffee (Ireland)

Chowhound

အိုင်ယာလန်ကော်ဖီထဲမှာတော့ ကော်ဖီပူ၊ အိုင်းရစ်ဝီစကီ၊ သကြား နဲ့ နို့ခရင်မ်တွေ ပါဝင်ပါတယ်။

Cafe Bombon (Spain)

Hogarmania

ဒီကော်ဖီကတော့ နို့ဆီတစ်ဝက်၊ ကော်ဖီတစ်ဝက်ထည့်ပြီး သောက်ရတဲ့ ကော်ဖီမျိုး ဖြစ်ပါတယ်။

Cafezinho (Brazil)

Cafezinho.net

ခွက်သေးသေးနဲ့ပဲ တည်ခင်းဧည့်ခံတဲ့ အခုကော်ဖီကတော့ ကော်ဖီကို သကြားနဲ့ တစ်ခါတည်းနှပ်ထားပြီး သောက်သုံးရတဲ့ ကော်ဖီအမျိုးအစား ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE