ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ နည်းလမ်းများ

Shwemom ရဲ့ အမျိုးသမီး ပရိသတ်ကြီးအနေနဲ့ ရေရှည်ကျန်းမာစေဖို့ အောက်ပါအချက်ကလေးတွေကို လိုက်နာလုပ်
ဆောင်နေရုံဖြင့် ကျန်းမာရွှင်လန်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၁) ကျန်းမာစေတဲ့ အစားအစာကို စားပါ

စားချင်တဲ့အစားအစာကို စားပစ်လိုက်တာထက် ကိုယ်စားမယ့်အစားအစာဟာ ကျန်းမာရေးနဲ့ ညီညွှတ်ခြင်း ရှိမရှိကို အသိ
ဉာဏ်နဲ့ ချင့်ချိန်တတ်ဖို့ လိုပါတယ်။ စားချင်တာကို အငမ်းမရစားပြီး အဆီကျဆေး၊ ပိန်ဆေး သောက်နေခြင်းဟာ ကျန်းမာ
ရေး ရှု့ထောင့်ကနေ ကြည့်ရင် အလွန်အန္တရာယ်များပါတယ်။

(၂) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

မနက်ခင်း အိပ်ယာနိုးတိုင်း လေ့ကျင့်ခန်း လုပ်ဖို့ မပျင်းပါနဲ့။ အရမ်းကြီး ပြင်းပြင်းထန်ထန် လုပ်စရာ မလိုပါဘူး။ သွေးလည်
ပတ်မှု စနစ်ကောင်းမွန်သွားရုံလောက်ဆို လုံလောက်ပါပြီ။ ဒါပေမယ့် ပြင်းပြင်းထန်ထန်လုပ်ချင်တယ်ဆိုလည်း ကိုယ့် ခန္ဓာ
ကိုယ်ရဲ့ ခံနိုင်စွမ်းနဲ့ ချင့်ချိန်ပြီး လုပ်နိုင်ပါတယ်။

READ
ကျန်းမာပြီးကိုယ်အလေးချိန်ထိန်းသိမ်းနိုင်သော နည်းလမ်းကောင်း(၆)ခု

(၃) ကျန်းမာရေးကို ထိခိုက်စေတဲ့အလေ့အကျင့်တွေကို စွန့်ပစ်ပါ

ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ နေလောင်ခံခြင်း၊ အစားရှောင်ခြင်း၊ စိတ်ဖိအားကို မွေးမြူထားခြင်းတို့ကို
ရှောင်ရှားပါ။ စွန့်ပစ်ပါ။ စတိသဘောတောင် မလုပ်မိအောင် နေပါ။

(၄) စိတ်ဖိအားကင်းအောင်နေပါ

အမျိုးသမီးတွေရဲ့ အလှဟာ စိတ်အပေါ်မှာလည်း မူတည်ပါတယ်။ စိတ်ထောင်းလို့ ကိုယ်ကြေဖြစ်နေတဲ့ အမျိုးသမီးတွေကို
လေ့လာကြည့်ပါ။ ပြီးခဲ့တဲ့လက လှခဲ့တဲ့အလှနဲ့ လက်ရှိအလှဟာ ယူပစ်လိုက်သလို ကွာခြားပါတယ်။

(၅) ကင်ဆာစမ်းသပ်မှုပုံမှန်လုပ်ပါ

အမျိုးသမီးတွေကို ဒုက္ခအပေးဆုံးဖြစ်တဲ့ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မမျိုးဥအကြိတ်ကင်ဆာ-စတာတွေကို
ဖြစ်နိုင်ရင် တစ်ပတ်တစ်ခါလောက် စစ်ပေးပါ။ မိမိဘာသာလည်း အမြဲမပြတ် ဂရုစိုက် သတိထားပါ။ မသင်္ကာဖွယ် အဖု၊ အ
ကြိတ်၊ အနာ တွေ့လာခဲ့ရင် နာရီပိုင်းတောင် စိုင်းခြင်းမရှိဘဲ ဆရာဝန်နဲ့ ပြသအကြံဉာဏ်ရယူပါ။

READ
ဝမ်းလျှောခြင်းကို အမြန်ပျောက်ကင်းစေမယ့် အိမ်သုံးဆေးများ

နတ်စည်တော် (Shwemom)

shwemom-2

source : everydayhealth.com

SHARE