ရေယုန်နဲ့ ခံတွင်းအနာတွေကို သဘာဝအတိုင်း လျင်မြန်စွာသက်သာပျောက်ကင်းစေဖို့…

အရွယ်ရောက်ပြီးသူ ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံခန့်ဟာ ရေယုန်နဲ့ အာခံတွင်းအနာတွေကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို သယ်ဆောင်ထားကြပါတယ်။ ၄င်းဗိုင်းရပ်စ်ပိုးဟာ လူ့ခန္ဓာကိုယ်ထဲ ၀င်ရောက်ပြီးတာနဲ့ ထွက်မသွားတော့ပဲ နာ့ဗ်ဆဲလ်တွေထဲမှာ အသက်ရှင်နေထိုင်ပါတယ်။ အချို့လူတွေကျတော့လည်း ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲ ရောက်နေပေမယ့် အပြင်မှာ တစုံတရာ အချင်းအရာလက္ခဏာမျိုး မပြပါဘူး။ ဒါပေမယ့် အချို့တွေမှာတော့ ပါးစပ်နားတစ်ဝိုက်မှာ အပူနာလို နာကျင်ပြီး ဖူးယောင်နေတဲ့ အရည်ကြည်ဖုနဲ့ ရေယုန်နာတွေ ဖြစ်တတ်ပါတယ်။ အောက်ဘက်မှာတော့ တကယ်လို့များ ပါးစပ်နားတစ်ဝိုက်မှာ ရေယုန်နဲ့ ခံတွင်းထဲမှာ အနာတွေဖြစ်နေတယ်ဆိုရင် လျင်မြန်စွာ ပျောက်ကင်းသက်သာစေမယ့် သဘာဝဆေးနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင် စီ

© Depositphotos.com

လူ့ခန္ဓာကိုယ်အတွက် ကိုယ်ခံအားကျန်းမာကြံ့ခိုင်ဖို့က အဓိကအရေးကြီးဆုံးပါ။ ဗီတာမင်စီကိုတော့ ကိုယ်ခံအားကောင်းမွန်စေတဲ့ အင်တီအောက်ဆီးဒန့်တစ်မျိုးလို့ သိကြပါတယ်။ ဒါကြောင့် နှုတ်ခမ်းအနာ၊ ခံတွင်းအပူနာတွေမဖြစ်ချင်ရင် ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေကို လုံလောက်အောင် စားသုံးပေးပါ။

ရနံ့ဆီများ

© Shutterstock.com © Depositphotos.com

ပက်ပါမင့်ဆီနဲ့ tea tree အဆီတွေဟာ ရောပါပိုးတွေကို သေစေနိုင်တယ်လို့ ဆိုပါတယ်။ အပေါ်က ပြောခဲ့သလိုမျိုးပဲ နှုတ်ခမ်းသားနေရာက စပ်ဖြဉ်းဖြဉ်းဖြစ်နေတယ်၊ ရေယုန်ပေါက်တော့မယ်လို့ ခံစားနေရရင် အခုလို ပိုးသတ်ပေးတဲ့အဆီတွေကို လိမ်းပေးခြင်းက အနာဖြစ်မလာအောင် ကာကွယ်ပေးပါလိမ့်မယ်။ ပက်ပါမင့် သို့မဟုတ် tea tree အဆီကို အုန်းဆီ သို့မဟုတ် သံလွင်ဆီနဲ့ ရောပြီး အနာဖြစ်တဲ့နေရာပေါ်ကို ၀ါဂွမ်းသန့်သန့်လေးနဲ့ သုတ်လိမ်းပေးနိုင်ပါတယ်။

READ
ညံ့ဖျင်းတဲ့ ဆေးစင်တာအစီအမံကြောင့် လူထောင်နဲ့ချီ HIV ကူးစက်ခံရဖွယ်ရှိတဲ့ ဖြစ်ရပ်

ရှားစောင်းလက်ပတ်

brightside

ရှားစောင်းလက်ပတ်ဟာ ဘက်တီးရီးယားကြောင့် ဖြစ်ပေါ်လာတဲ့ နှုတ်ခမ်းအနာတွေကို သက်သာစေဖို့ အရမ်းထိရောက်တဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ ရှားစောင်းလက်ပတ်မှာ နဂိုသဘာဝကိုက နာကျင်တာ၊ အရေပြားမသက်မသာဖြစ်တာကို သက်သာစေပြီး အနာကျက်မြန်စေတဲ့ အစွမ်းရှိပါတယ်။ တကယ်လို့ ရှားစောင်းလက်ပတ်ပင်က ကိုယ်နဲ့ လက်တစ်ကမ်းမှာ ရှိနေခဲ့ရင် အပင်ကို(၂) စင်တီမီတာအရှည်လောက် ဖြတ်လိုက်ပါ။ ပြီးတော့ အပေါ်ယံအစိမ်းသားအခွံကို ခွာပြီး အတွင်းက စေးကပ်ကပ် ချွဲကျိကျိဖြစ်နေတဲ့ အနှစ်သားဂျဲလ်ကို ယူလိုက်ပါ။ အနာပေါ်မှာ မိနစ်(၂၀) လောက်ထားပေးပါ။ တစ်နေ့ကို နှစ်ခါ သုံးခါလောက် လုပ်ပေးရင် အနာတော်တော်လေး သက်သာလာတာကို ခံစားမိမှာပါ။

ဗီတာမင်အီး

© Depositphotos.com

ဗီတာမင်အီးက ပျက်စီးနေတဲ့ အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာအောင် အားပေးပါတယ်။ ဗီတာမင်အီးကိုလည်း နှုတ်ခမ်းနဲ့ ခံတွင်းအနာတွေအတွက် သုံးနိုင်ပါတယ်။ ပျက်စီးနေတဲ့အရေပြားပေါ် ဗီတာမင်အီး လူးပေးတာပဲ ဖြစ်ဖြစ် ဗီတာမင်အီး ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးတာပဲ ဖြစ်ဖြစ် အရေပြားကို အားပြန်ဖြည့်တင်းနိုင်ပါတယ်။

READ
သွေးဆုံးပြီး ၀ိတ်တက်လာတယ်ထင်ရာမှ ဧရာမအကြိတ်ကြီးရှိနေခဲ့တဲ့ အမျိုးသမီး

ကြက်သွန်ဖြူ

brightside

ကြက်သွန်ဖြူဟာ သဘာဝပိုးသတ်ဆေးပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ရောင်ရမ်းတာ၊ ဖူးယောင်တာကို သက်သာစေတဲ့အပြင် အနာကို လွယ်လွယ်ကူကူ သက်သာပျောက်ကင်းစေပါတယ်။ တကယ်လို့ နှုတ်ခမ်းမှာ ရေယုန်ပေါက်နေရင် ကြက်သွန်ဖြူနဲ့ ပွတ်လိမ်းနိုင်ပါတယ်။ တကယ်လို့ နှုတ်ခမ်းသားတစ်နေရာက စပ်ဖြဉ်းဖြဉ်းဖြစ်နေတယ်၊ ဒါပေမယ့် အရည်ဖုတော့ မထသေးဘူးဆိုရင် ကြက်သွန်ဖြူကို ကြိုတင်သုတ်လိမ်းပြီး အနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

လင်းလင်း (ShweMom)

Ref: brightside

SHARE