ဆံကေသာအုံကောင်းကောင်းနဲ့ လှပစေမယ့်နည်းလမ်းများ

ဆံပင်အုံပါးခြင်းဟာ လှချင်တဲ့ မိန်းကလေးတွေအတွက် ကသိကအောက်ဖြစ်စေတဲ့အရာ ဖြစ်ပါတယ်။ ဆံပင်ပုံစံလှလှလေး လိုချင်ပါသော်လည်း ပြားကပ်နေတဲ့ ဆံပင်တွေကြောင့် မျက်နှာကြီးက ပြူးပြဲထွက်ပြီး တစ်ခါတစ်လေ မှာ ထိပ်ပြောင်သလိုတောင် ဖြစ်သွားတတ်လို့ ထိုင်ငိုချင်စိတ်ပေါက်ဖူးကြပါလိမ့်မယ်။ ဒါဟာ ဆံပင်ပါးတဲ့ မိန်းကလေးအများစု ကြုံကြရတဲ့ ပြဿနာတစ်ခု ဖြစ်တာကြောင့် လွယ်လွယ်နဲ့ ဆံပင်အုံထူထူလေး ရရှိနိုင်မယ့်နည်းလေးတွေ ကို မျှဝေပေးချင်ပါတယ်။

ဆံပင်ခွဲကြောင်းပြောင်းပါ။

မိန်းကလေးအများစုမှာ ဆံပင်ခွဲကြောင်းကို ပုံသေထားတတ်တဲ့အကျင့် ရှိကြပါတယ်။ အလယ်ခွဲဖြစ်စေ၊ ဘေးခွဲဖြစ်စေ ကိုယ်နှ်စ်သက်သလို သန်တဲ့ဘက်ကို ဖြီးတတ်ကြတာကြောင့် အဲ့သည့်ခွဲကြောင်းနေရာမှာ ဆံပင်က အသားသေပြီး အပြားကပ်ဆုံး ဖြစ်နေတတ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် ခွဲကြောင်းပြောင်းသင့်ပါတယ်။ ကိုယ်ထားနေကျ ခွဲကြောင်းနဲ့ ဆန့်ကျင်ဘက်ကို ယူလိုက်တဲ့အခါ ဆံပင်အုံပိုထူသွားသလို ထင်ရစေပါတယ်။ တစ်ဖက်က ကိုယ်ယူလိုက်တဲ့ ဆံပင်ပေါ် မူတည်ပြီး အုံအထူပမာဏက ကွာသွားပါလိမ့်မယ်။ တကယ်လို့ အသားမသေဘဲ ဆံပင်တွေ ပွယောင်းနေမှာကြောက်ရင် ခေါင်းလျှော်ပြီး မခြောက်တခြောက်အချိန်မှာ ခွဲကြောင်းပြောင်းနိုင်ပါတယ်။ ဆံပင်ဖြန်းစပရေး (hair spray) အနည်းငယ်ဖြန်းပြီး ပုံကျသွားအောင် လုပ်နိုင်ပါသေးတယ်။

READ
MytelPay ရဲ့ လက်လွတ်မခံသင့်တဲ့ ငွေလွှဲရင်း ဆုကြေးများ ရယူနိုင်မယ့် အခွင့်အရေး

Dryer မှုတ်တဲ့ပုံစံ ပြောင်းလိုက်ပါ။

ခေါင်းလျှော်ပြီးကာစ dryer မှုတ်တဲ့အချိန်ဟာ ဆံပင်အုံထူတာ၊ပါးတာကို ဖြစ်စေတဲ့ အဓိကအချိန်ဖြစ်ပါတယ်။ သာမာန် အနေအထားအတိုင်း dryer မှုတ်တဲ့အခါ ဆံပင်က အသားသေပြီးသားအတိုင်း ခြောက်သွားမှာဖြစ်လို့ နဂိုပုံအတိုင်း အုံပါးနေဦးမှာပါပဲ။ ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့ ပုံစံပြောင်းလိုက်ပါ။ ခေါင်းကိုငုံ့ချပြီး တစ်ခေါင်းလုံးက ဆံပင်တွေကို အောက်ကိုသပ်ချလိုက်ပါ။ အဲ့အပေါ်ကနေမှ dryer ပြန်မှုတ်ပေးမယ်ဆိုရင်တော့ ဆံပင်တွေ ပြန်လှန်ချလိုက်တဲ့အခါ အုံထူထူ၊ဖောင်းဖောင်းလေးကို ရရှိမှာ ဖြစ်ပါတယ်။

ဆံထုံးထုံးပြီး အိပ်ပါ။

ဒါကတော့ အပူမလိုဘဲ ဆံပင်အုံထူထူလေး ရရှိနိုင်မယ့် နည်းလမ်းပါ။ ညဘက်ရေချိုး၊ခေါင်းလျှော်ပြီးတဲ့အခါ မခြောက်တခြောက်ဆံပင်ကို သားရေပင်ပျော့ပျော့လေးသုံးပြီး ထိပ်မှာ ခပ်ဖွဖွထုံးထားလိုက်ပါ။ (ဒီနေရာမှာ သားရေပင်အပျော့ကိုသာ သုံးပါ။ တင်းလွန်းတဲ့ သားရေပင်ကို သုံးလိုက်မိရင် မနက်နိုးလာတဲ့အခါ ဆံပင်မှာ အရာတွေ ထင်သွားတတ်လို့ ဖြစ်ပါတယ်။) ဒီအခါမှာ ဆံပင်က ဦးရေပြားပေါ်ကို ပင့်တင့်ထားရင်း ခြောက်သွားမှာဖြစ်တဲ့အတွက် မနက်နိုးလို့ ဖြည်ချလိုက်တဲ့အခါ လှိုင်းတွန့်လေးတွေနဲ့ အုံထူထူ ဆံပင်လေးကို ရရှိနိုင်ပါလိမ့်မယ်။

READ
အသားအရေကို ပျက်စီးစေတဲ့ အကျင့်ဆိုးများ

ဆံပင်အုံထူစေတဲ့ ခေါင်းလျှော်ရည်သုံးပါ။

ဒါကတော့ ခေါင်းစားစရာမလိုဘဲ အုံထူတဲ့ဆံကေသာကို အလွယ်တကူ ရရှိနိုင်မယ့်နည်းလမ်း ဖြစ်ပါတယ်။ ဆံကေသာကို အာဟာရဓာတ် ဖြည့်တင်းပေးနိုင်ပြီး နဂိုထက် အုံပိုထူတဲ့ဆံနွယ်တွေကို ပိုင်ဆိုင်နိုင်မယ့်ခေါင်းလျှော်ရည် အခုဆိုရင် ဈေးကွက်ထဲမှာ ၀ယ်ယူရရှိနိုင်ပါပြီ။ လက်ရှိလူကြိုက်များနေတာကတော့ Dove မိုးပြာရောင် Volume Nourishment ရှမ်ပူပဲဖြစ်ပါတယ်။ Oxyfusion နည်းပညာနဲ့ ထုတ်လုပ်ထားပြီး ဆံကေသာကိုပူးကပ်မှုမရှိစေပဲ ဆံသားတစ်မျှင်ခြင်းစီကိုသီးခြားမှုဖြစ်စေတာကြောင့် ဆံနွယ်လေးတွေကပုံမှန်ထက် အုံထူလာပြီး လှပလာရခြင်းပဲ ဖြစ်ပါ တယ်။ ပျိုမေတို့အားလုံးပဲ ဒီနည်းလေးတွေနဲ့ ကျန်းမာလှပပြီး အုံထူတဲ့ ဆံကေသာကို ရရှိပိုင်ဆိုင်နိုင်ကြပါလိမ့်မယ်။

Sponsored by Dove

SHARE