ထိထိ ရောက်ရောက် ၀ိတ်ကျချင်ရင် အုတ်ဂျုံကို ဒီလို စားသုံးပေးပါ

Image:.freepik.com/fabrikasimf

အုတ်ဂျုံ (Oats) ကေ တာ့ ၀ိတ်ကျချင်သူတွေ ကြားမှာ တော်တော် လေး နာမည်ကြီး နေပါတယ်။ထမင်း မစား တော့ပဲ အုတ်ဂျုံ ကို အစားထိုးပြီး စားသောက် ကြတာပါ။အဆာခံ နိုင်တဲ့ အပြင် ကယ်လို ရီ လည်း နည်း ပါတယ်။အုတ်ဂျုံကို စားတဲ့ နေရာမှာ မှန်မှန် ကန်ကန် စားပေးဖို့ လိုပါတယ်။ဒါမှဟာ ၀ိတ် ကျ ဖို့ အတွက် ပိုပြီး ထိ ရောက် စေမှာပါ။

အုတ်ဂျုံကို ပြင်ဆင် ချက်ပြုတ်နည်း

Image:freepik.com/tetiana-tychynska

အုတ်ဂျုံကို စားမယ်ဆိုရင်တော့ အရင်ဆုံး အုတ်ဂျံ လက်ဖက် ရည် ခွက် တစ်ခွက် လောက်ကို ယူ ပါ။ပြီး ရင် တော့ ရေ (ဒါမှမဟုတ်)နို့  လက်ဖက်ရည်ခွက် တစ်ခွက်ထည့်ပါ။ဝိတ်ကျ ချင်တယ်ဆိုရင်တော့ ရေကိုပဲ ထည့်ပါ။နို့ ထည့်မယ်ဆိုရင်တော့ အဆီ ထုတ် ထားတဲ့ နို့ ကို ထည့်ပါ။ပြီးရင်တော့ ဆား အနည်းငယ်ထည့်ပါ။မီး အ နေ တော်နဲ့ ငါးမိနစ် လောက် ပြုတ် ပေးပါ။ပြီးရင် တော့ စားလို့ ရပါပြီ။လုံးဝ သကြား မထည့်ပါနဲ့။

READ
မိဘတွေရဲ့ဥာဏ်နည်းမှုကြောင့် အဝေးမှုန်(၉၀၀)ဒီဂရီရှိနေပြီဖြစ်တဲ့ ကောင်မလေး

အမျှင်ဓါတ် ပါတဲ့ အသီးအနှံ တွေကို ပဲ သုံးပေးပါ

Image:freepik.com/yuliyafurman

အုတ်ဂျုံ စားပြီး ၀ိတ် ချတယ်ဆိုတာ မျိုးက အ ပြော လွယ်သ လောက် လုပ်ရ ခက်ပါတယ်။ရေ နဲ့ ပြုတ် ထားတဲ့ အုတ်ဂျုံကို ဒီတိုင်းကြီး စားဖို့ ဆိုတာ တကယ်ကို ခက်ပါတယ်။ဒါကြောင့်  အသီး လေးတွေ နဲ့ ရော စား ပေးပါ။ဝိတ်ကျ ချင် လို့ စားတာ ဖြစ်တဲ့ အတွက် ကြောင့် အမျှင်ဓါတ်များများပါပြီး အချိုဓါတ် နည်းတဲ့ အသီး အနှံ့ မျိုးတွေကိုပဲ စားပေးပါ။ Massachusetts Medical School က ပညာရှင် တွေ က တော့ အမျှင်ဓါတ် ပါတဲ့ အရာ တွေ က အဆာခံ စေ တာ ကြောင့် ၀ိတ်ကျ ချင်သူတွေ အတွက် အများကြီး အကူအညီ ပေးနိုင်တယ်လို့ ဆိုပါတယ်။ဘယ်လို အသီးတွေ ကို ထည့်ရမလဲ ဆိုရင်တော့ ငှက် ပျောသီး၊စ တော် ဘယ်ရီ၊ဘယ်ရီ သီး  တို့ ကို ထည့် ပေးပါ။ထောပတ် တို့ ၊ဒိန်ခဲ တို့ လို အရာ မျိုးတွေကို ထည့်ထာ မျိုးတွေ လုံးဝ မလုပ်ပါနဲ့။သဘာဝ အသီး တွေကိုပဲ ထည့်ပြီး စားပေးပါ။

READ
ဒီလက္ခဏာတွေခံစားရရင် ရောဂါပိုးကူးစက်ခံရမှုကြောင့် STI ရောဂါရှိနေနိုင်ကြောင်းသတိပြုသင့်

oatmeal diet plan

Image:freepik.com/user9858360

မနက် စာ အဖြစ်  ပုံမှန် စားပေးလို့ ရပါတယ်။ဝိတ် အရမ်းတက် နေလို့ ကျ ချင်တယ်ဆိုရင် တော့ တစ်ပတ် ကို သုံးရက် လောက် စားပေးလို့ ရပါတယ်။အ ပေါ်မှာ ပြောခဲ့သလိုပဲ စားတဲ့ အခါ သကြား နဲ့ အဆီ တက် စေမယ့် အရာ မျိုးတွေကို ရှောင်ပါ။အုတ်ဂျုံ က ၀ိတ်ကျ စေဖို့ အ ထောက် အကူဖြစ် ရုံတင် မကပဲ ပဲ နှလုံး နဲ့ အစာ ခြေ စနစ် အတွက် ပါ ကောင်းပါတယ်။

#SHWEMOM

SHARE