မိမိခန္ဓာကိုယ်ရဲ့ကောင်းကွက်လေးတွေကို ချစ်မြတ်နိုးလာအောင်လုပ်နည်း

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဆိုရင်ကိုယ့်ရဲ့ခနာကိုယ်အချိုးအစား၊ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီးဘယ်လိုအခြေအနေပဲရှိရှိ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တာမျိုး လက်မခံတာမျိုးမလုပ်ဖို့လိုပါတယ်။ကိုယ့်ခနာကိုယ်ကိုချစ်မြတ်နိုးတာ ကိုယ့်ရဲ့ဘ၀ကို ကိုယ်တိုင်ထိန်းကျောင်းခွင့်ရတာနဲ့အတူတူပါပဲ။ဒါကြောင့်ကိုယ့်ခနာကိုယ်ရဲ့ကောင်းကွက်လေးတွေကိုရှာပြီးဘယ်လိုချစ်မြတ်နိုးအောင်လုပ်နိုင်မလဲဆိုတာ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ့်စိတ်ကိုပျော်အောင်ထားပါ

အရာရာတိုင်းကို အောင်မြင်ပြီးမြောက်ဖို့စိတ်ကအဓိကကျပါတယ်။ကိုယ့်စိတ်ကို ပျော်အောင်ထားပါ။စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုတွေက စိတ်ကျန်းမာရေးကိုသာမက ခနာကိုယ်ကျန်းမာကြံ့ခိုင်ရေးကိုပါထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် ဒီလိုအရာရာကို အကောင်းဆုံးတုန့်ပြန်နိုင်တဲ့ရင့်ကျက်တည်ငြိမ်တဲ့စိတ်ဓာတ်မွေးမြူဖို့လိုပါတယ်။တရားထိုင်ခြင်း၊စာဖတ်ခြင်း၊လမ်းလျှောက်ခြင်း၊အိပ်ချိန်လုံလောက်အောင်အိပ်ခြင်းတို့ကြောင့် စိတ်ကျန်းမာရေးကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါတယ်။

အစားအသောက်နဲု့ငြိမ်းချမ်းမှုကိုရှာဖွေပါ

ကိုယ်အကြိုက်ဆုံးအစားအစာတစ်နပ်ကကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားဖို့ခွန်အားတွေပေးနိုင်ပါတယ်။ခနာကိုယ်အလေးချိန်ကြောင့်စားချင်တဲ့အစာကိုထိန်းချုပ်ထားခြင်းကအပြစ်ကျူးလွန်ရာရောက်ပါတယ်။ဆိုးရွားတဲ့ခံစားချက်တွေဟာ ကျန်းမာရေးအတွက် အသင့်လျော်တဲ့ အစားအစာတွေကိုစားခြင်းနဲ့ဆက်စပ်မှုရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်ကြိုက်နှစ်သက်တဲ့အစားအစာတွေကို စားရရင် လူတိုင်းပျော်ရွှင်ကြလို့ပါ။

ကိုယ့်ခနာကိုယ်အတွက်အကောင်းဘက်ကတွေးပါ

ပိန်တဲ့သူဖြစ်စေ၊၀တဲ့သူဖြစ်စေကိုယ့်ခနာကိုယ်နဲ့ပတ်သက်ပြီးအလိုမကျဖြစ်နေတတ်ပါတယ်။တကယ်တော့ ပြောင်းလဲသွားတဲ့ကိုယ်ခနာကိုယ်နဲ့ပတ်သက်ပြီးအကောင်းဘက်ကတွေးမယ်ဆိုရင်ကျန်တဲ့အပြောင်းအလဲတိုင်းကိုလည်းအကောင်းဘက်ကတွေးပြီး လက်ခံသွားနိုင်မှာပါ။ဒါ့အပြင် ကိုယ့်ခနာကိုယ်ကဘာလိုအပ်နေလဲအသားအရေအတွက်အားဖြည့်ဖို့လိုသလား၊ အဆီလျော့ဖို့လိုနေလားစသဖြင့် သတိပြုနေဖို့လိုပါတယ်။

ကိုယ့်ခနာကိုယ်ကိုအလေးထားပါ

သတင်းကောင်းတစ်ခုကတော့ ကိုယ်ကိုယ်ကိုယ်အလေးထားပြီး ကိုယ့်ခနာကိုယ်ကိုယ်ချစ်မြတ်နိုးတဲ့အမျိုးသမီးတွေဟာ ဘ၀မှာကိုယ်ပိုင်လုပ်ငန်း၊ကိုယ်ပိုင်ရပ်တည်ချက်နဲ့အောင်မြင်လေ့ရှိကြပါတယ်။ကျန်းမာရေးကောင်းဖို့ ပျော်ရွှင်ဖို့အမြဲတမ်းကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နေသူတစ်ယောက်ကို တခြားသူတွေကလည်း အားကျအတုယူမှုတွေနဲ့တန်ဖိုးထားကြပါလိမ့်မယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

ref:mindbodygreen.com

SHARE