ချိုင်းကြားက အဆီတွေကို ရှင်းထုတ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းများ

ချိုင်းကြားမှာ စုပုံနေတဲ့ အဆီတွေကြောင့် လက်ပြတ်ဝတ်ရမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဖြစ်နေတဲ့ ပျိုမေတွေအတွက် ချိုင်းကြားအဆီတွေကို ရှင်းထုတ်ပေးနိုင်တဲ့ လေ့ကျင့် ခန်း တွေကို ဖော်ပြပေးချင်ပါတယ်။

#1

ချိုင်းကြားက အဆီတွေကို ဖယ်ရှားချင်ရင် အရင်ဆုံးလုပ်ရမှာက ရင်ဘတ်နဲ့ လက်မောင်း အပေါ်ပိုင်းက ကြွက်သားတွေ တင်းရင်းနေဖို့ပါ။ အလေးတုံးနှစ်တုံးလိုပါတယ်။တကယ်လို့ မရှိရင်တော့ ရေသန့်ဘူးထဲကို ရေဖြည့်ပြီး အစားထိုး သုံးပါ။အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း ကြမ်းပေါ်မှာလှဲနေပါ။ ဒူးကိုတင်နဲ့(၉၀)ဒီဂရီအထက်မှာ ထားပေးပါ။ပြီးရင်တော့ စုမြှောက်ထားတဲ့ လက်နှစ်ဖက်ကို ခွဲပေးရမှာပါ။ အလေးတုံးသုံးမယ်ဆိုရင် အသေးလေးဆိုရင်ရပါပြီ။ အကြိမ်ရေကို တော့ ကိုယ် လုပ်နိုင်သလောက် လေးလုပ်ပေးပါ။

#2

ဒီတစ်ခါကတော့ မတ်တပ်ရပ်ပြီး အလေးမရမှာပါ။ ပထမလေ့ကျင့်ခန်းလိုမျိုးပဲ အလေးတုံး နှစ်တုံး လိုပါတယ်။ပုံထဲက အတိုင်း ဒူးကို နည်းနည်းကွေးပါ။ လက်နှစ်ဖက်ကို ရှေ့ထုတ်ပါ။ တံတောင်ဆစ်ကို ကွေးပြီး အလေးတုံးကို မထားရမှာပါ။ ပြီးရင်တော့ လက်နှစ်ဖက်ကို ဘေးကို ဆန့်တန်းပေးရမှာ ပါ။ကွေးလိုက် ဆန့်လိုက် လုပ်ပေးရမှာပါ။

#3

ဒီလေ့ကျင့်ခန်းကတော့ ဒိုက်ထိုးတဲ့ လေ့ကျင့်ခန်းနဲ့ ဆင်ပါတယ်။မတူတာကတော့ ခြေထောက် (ခြေဖ၀ါး)အနေအထားပါ။ဒိုက်ထိုးရင်တော့ ခြေဖျားကို ထောက်ပြီး ထိုးတာဖြစ်ပေမယ့် ဒီလေ့ကျင့်ခန်းကတော့ ခြေထောက်ကို ဒီအတိုင်း ချပြီး ကိုယ်ကို အပေါ်ကို နည်းနည်း ချင်းစီ ကြွအောင် ကြိုးစားရတာပါ။

READ
အသားအရေကို နုပျိုစေတဲ့ သဘာဝပစ္စည်းများ

#4

ဒီလေ့ကျင့်ခန်းကတော့ လုပ်နေကျမဟုတ်ရင် နည်းနည်းခက်နိုင်ပါတယ်။ဒိုက်ထိုးတဲ့ ပုံစံ အနေ အထား နဲ့ စရမှာပါ။ပြီးရင်တော့ တံတောင်ဆစ်ကို ကွေးပြီး ဒိုက်ထိုးပါ။အရင်ဆုံး အဲ့ဒီ လို ဒိုက် ထိုးတာကို ကြိုးစားကြည့်ပြီး အသားကျပြီဆိုမှ ဒုတိယပုံစံ အနေအထားကို ပြောင်း ပါ။ညာလက်ကို အပေါ်ကို မြှောက်ပြီး ခန္ဓာကိုယ်ကိုတော့ ထောင့်ဖြတ်မျဉ်းပုံစံ မျိုး အနေအထား ယူရမှာပါ။ဒီနည်းကို တစ်ဖက် စီ ကြိုးစားကြည့်ပေးရမှာပါ။

ဝိတ်တုံးမရှိပဲ ချိုင်းကြား အဆီတွေကို ဖယ်ရှားနိုင်တဲ့ နည်း

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;littlethings

READ
ဆံပင်အရှည် မြန်ချင်ရင် ဒါတွေကို စားပါ..
SHARE