အရပ်ပုသူလေးတွေ အရပ်မြန်မြန်ရှည်လာအောင် စားသောက်နေထိုင်နည်း

ဆယ်ကျော်သက်အရွယ်မှာ အရပ်ရှည်လာအောင် လေ့ကျင့်လို့ရပါတယ်။ သင့်ရဲ့စားသောက်ပုံ၊ နေထိုင်ပုံတွေကိုပြောင်းပေးလိုက်ပါ။ ဒီအချက်တွေကတော့ ရပ်ရှည်လာအောင် စားသောက်နေထိုင်နည်းတွေပါပဲ။

(၁) စားသောက်ပုံမှန်ပါစေ

သင့်တစ်နေ့တာ စားနေတဲ့ အစာအစားတွေက အာဟာရနဲ့ညီညွတ်တဲ့ အစာအစားတွေပဲဖြစ်ပါစေ။ အာဟာတွေပါတဲ့ အစာအစားတွေကို စားပေးမှ ကျန်းမာပြီး ထွားလာမှာပါ။ ဆိုလိုချင်တာက ကိတ်မုန့်တွေ၊ ဆိုဒါတွေ၊ ပီဇာတွေကို အတတ်နိုင်ဆုံးရှောင်စားပြီး အရွက်တွေ၊ ငါးတွေကို များများစားပေးရပါမယ်။ တကယ်လို့ ငါးမစားချင်ဘူးဆိုရင် တခြားအာဟာရရှိစေမယ့် အစာအစားတွေကို စားပေးလို့ရပါတယ်။

(၂) အသားနဲ့ငါး များများစားပေးပါ

အရပ်ရှည်ချင်ရင် ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကို များများစားပေးပါ။ သင့်အရပ်ရှည်စေဖို့ ပရိုတင်းကြွယ်ဝစွာပါတဲ့ အစာအစားတွေက အရေးကြီးပါတယ်။ ပရိုတင်းပါတဲ့ အစားအစာတွေကတော့ အသား၊ ငါး၊ ကြက်ဥ၊ ပဲ၊ အစေ့အဆန် တွေပါပဲ။ အောက်မှာဖော်ပြထားတဲ့ စာရင်းကတော့ အသက်အရွယ်၊ ကျား၊ မ အလိုက် စားသင့်တဲ့ပမာဏတွေပဲဖြစ်ပါတယ်။

  • မိန်းကလေး (အသက် ၉ – ၁၈ နှစ်) ဆိုရင် နေ့တိုင်း ၅အောင်စ စားပေးသင့်တယ်
  • ယောကျာ်းလေး (အသက် ၉ – ၁၃နှစ်) ဆိုရင် နေ့တိုင်း ၅အောင်စ စားပေးသင့်တယ်
  • ယောကျာ်းလေး (အသက် ၁၄ – ၁၈ နှစ်) ဆိုရင် နေ့တိုင်း ၆.၅ အောင်စ စားပေးသင့်တယ်
READ
ငှက်ပျောသီးစားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

(၃) ဗီတာမင် ဒီ  လုံလောက်ပါစေ

ဗီတာမင် ဒီ ဟာ သင်ရဲ့ အရိုးနဲ့ ကြွက်သားတွေကို ထွားလာစေပါတယ်။ အရိုးနဲ့ ကြွက်သားတွေ ထွားလာမှ အရပ်ရှည်လာမှာပါ။ ဗီတာမင် ဒီ ဓာတ် ပါဝင်တဲ့ အစားအစာတွေကတော့ ငါးကြင်းဆီ၊ မှို တို့ပဲဖြစ်ပါတယ်။ နေရောင်ကလည်း ဗီတာမင် ဒီ ဓာတ်ပါပဲ။ နေ့တိုင်း မနက်နေရောင်ခံတာဟာ ကျန်းမာရေးအတွက်ကောင်းစေပါတယ်။

(၄) ပင်လယ်စာများများစားပေးပါ

ခန္ဓာကိုယ်မှာ သံဓာတ် ချို့တဲ့နေတယ်ဆိုရင်လည်း ထွားလာမှာမဟုတ်ပါဘူး။ အရပ်ရှည်ချင်ရင် သံဓာတ်ပါတဲ့ အစားအစာတွေကို စားပေးပါ။ အခွံမာပါတဲ့ပင်လယ်စာ၊ သိုးသား၊ ဟင်းနုနွယ်ရွက် တို့ကို များများ စားပေးပါ။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE