ကလေးတွေ အသီးအရွက်စားလာအောင် ဘယ်လိုကျွေးမလဲ

ကလေးငယ်တွေရဲ့ အစာအာဟာရနဲ့ ပတ်သက်လို့ မိခင်အများစု ရုန်းကန်ရတဲ့ အခက်အခဲတစ်ခုကတော့ မိမိတို့သားသား၊ မီးမီးလေးတွေ အသီးအရွက် အလွယ်တကူ စားရေးပါပဲ။ အသီးအရွက်တွေမှာ ဗီတာမင်၊ အမျှင်ဓာတ်နဲ့ အန်တီအောက်ဆီးဒင့်ဓာတ်တွေ ပါဝင်ပြီး ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါပါ တယ်။ သို့ပေမယ့်လည်း ကလေးအများစုဟာ အသီးအရွက်တွေစားဖို့ ငြင်းဆန်တတ်ကြပါတယ်။ ကလေးတွေဟာ သွားရည်စာမုန့်တွေ၊ အချိုတွေနဲ့ အပေါ်ယံထုတ်ပိုးမှု လှပတဲ့ အသင့်စားမုန့်တွေကို ပိုမိုနှစ်ခြိုက်တတ်ကြပြီး အသီး အရွက်တွေ စားသုံးဖို့ကိုတော့ တွန့်ဆုတ်တတ်ကြပါတယ်။ ဒါကြောင့် သင့်ကလေးငယ်ကိုယ်တိုင် အသီးအရွက်တွေကို လိုလိုလားလား စားသုံးလာစေဖို့ ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို အကြံပြုလိုက်ပါတယ်။

သူဘာကြိုက်တယ်ဆိုတာ သတိမပေးပါနဲ့။

ကလေးအများစုရဲ့အကြိုက်ဟာ ပုံမှန်အားဖြင့် မကြာခဏ ပြောင်းလဲတတ်ပါတယ်။ ဒီနေ့ ဒီအစားအစာကို စားပေမယ့် နောက်နေ့ကျရင် မကြိုက်ဘူးဆိုပြီး မစားတော့တာမျိုး ဖြစ်တတ်ပါတယ်။ ကလေးတွေရဲ့ လျှာအရသာခံစားမှုဟာ အချိန်နဲ့ အမျှ ပြောင်းလဲနေတတ်တာကို သိရှိထားသင့်ပါတယ်။ ဒါကြောင့် သူအစာမစားခင်မှာ အရင်နေ့တွေက ဘာတွေကို နှစ်နှစ် ခြိုက်ခြိုက်စားတယ်ဆိုတာ သတိသွားမပေးပါနဲ့။ သူ့ဘာသာ စမ်းသပ်ပြီး စားပါစေ။ ဒီနည်းနဲ့ အသီးအရွက်အပါအ၀င် အရသာ အသစ်အဆန်းတွေကို သူကိုယ်တိုင် စားလာနိုင်ပါတယ်။

READ
သားသား၊မီးမီးလေးတွေရဲ့ ပညာသင်ကြားလိုစိတ်ကို နိုးကြားစေမယ့် လျှို့ဝှက်ချက်များ

ဗျူဟာသုံးပါ။

ကလေးတွေ အသီးအရွက်စားလာအောင် ကြိုးပမ်းတဲ့အခါ အတင်းတွန်းအားပေးပြီး ကျွေးတာမျိုး မလုပ်ပါနဲ့။ ဒါက သားနဲ့ တည့်တယ်လေ။ သားအတွက်ကောင်းတယ်၊ စားရမယ်ဆိုတဲ့နည်းလမ်းမျိုးကို ရှောင်သင့်ပါတယ်။ ဒီလို တွန်းအားကြီးကြီး ပေးလိုက်တဲ့အခါ အများအားဖြင့် ကလေးတွေဟာ နဂိုထက် ပိုဆိုးတဲ့ တုံ့ပြန်မှုတစ်ခုနဲ့ ပြန်လည်တုံ့ပြန်တတ်ပါတယ်။ ဒါကြောင့် အတင်းတွန်းအားပေးတာမျိုး မလုပ်ဘဲ သူစိတ်ဝင်စားလာအောင်၊ စားချင်လာအောင် ပြင်ဆင်ချက်ပြုတ်ပြီး ပုံမှန် အတိုင်း ကျွေးသင့်ပါတယ်။

သူချစ်တဲ့ လူတစ်ယောက်ယောက်ရဲ့ လွှမ်းမိုးနိုင်မှုကို အသုံးချပါ။

ကလေးတွေမှာ သူတို့ချစ်ခင်မြတ်နိုးရပြီး လိုက်လံအတုခိုးတတ်တဲ့ အသည်းကျော်၊ အနည်းဆုံးတစ်ယောက်တော့ ရှိနေ တတ်ပါတယ်။ အများအားဖြင့် ကလေးတွေဟာ မိဘက ပြောတာထက် သူတို့အတုခိုးနေတဲ့ တစ်စုံတစ်ယောက် (ဥပမာ စူပါဟီးရိုးတွေ၊ ရုပ်ရှင်မင်းသားမင်းသမီးတွေ)ရဲ့ ပြောပြ၊ လုပ်ပြတာမျိုးကို ပိုပြီးအသာတကြည် လက်ခံတတ်ကြတဲ့ သဘာဝရှိပါတယ်။ ဒါကြောင့် သူတို့ရှေ့မှာ သူတို့ရဲ့ အသည်းကျော်က အသီးအရွက်တွေကို ခုံခုံမင်မင် စားပြတာ၊ စားဖို့အကြံပေးတာစတဲ့ သွယ်ဝိုက်တဲ့ နည်းလမ်းမျိုးကို အသုံးပြုသင့်ပါတယ်။

READ
အာရှတိုက်က ပုရိသတွေ မျက်စိကျတတ်တဲ့ ပျိုမေတို့ရဲ့ဆွဲဆောင်မှုများ

စားချင်စိတ်ဖြစ်စေမယ့် ပြင်ဆင်ချက်ပြုတ်မှု

ကလေးငယ်အများစု အသီးအရွက်တွေကို ငြင်းဆန်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ သူတို့ရဲ့လျှာဖျားမှာ ခံတွင်းမတွေ့လို့လည်း ဖြစ်နိုင်ပါတယ်။ သူတို့ကို အသီးအရွက်တွေ နှစ်နှစ်ခြိုက်ခြိုက် စားသုံးစေဖို့ဆိုရင် စားချင်စဖွယ်ဖြစ် အောင် ပြင်ဆင်ချက်ပြုတ်ဖို့လည်း လိုအပ်ပါတယ်။ အနံ့အရသာနဲ့ ပြည့်စုံပြီး စားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ဖို့ အရသာရှိ တဲ့ အသီးအရွက်ကြော်လေးတွေ ပြုလုပ်ပေးနိုင်ပါတယ်။ သားသားမီးမီးတို့အတွက် ဆွဲဆောင်မှုရှိတဲ့ အသီးအရွက်ကြော် လေးတွေ ချက်ပြုတ်နိုင်ဖို့ဆိုရင်တော့ ဟင်းလျာတိုင်းကို အရသာရှိစေတဲ့ ခနောကြက်သားမှုန့်ကို အသုံးပြုနိုင်ပါတယ်။ ခနောကြက်သားမှုန့်ဟာ အသား၊ငါးတွေအပြင် အသီးအရွက်တွေကိုပါ အရသာရှိစေလို့ သားသား၊မီးမီးလေးတွေ အကြိုက်တွေ့စေမှာ အမှန်ပါပဲ။ အရသာရှိတဲ့ အသီးအရွက်ကြော်လေးတွေ ချက်ပြုတ်ပြီးတဲ့အခါ စားချင်စဖွယ်ဖြစ်အောင် ပန်းကန်လှလှလေးတွေ၊ ပြင်ဆင်ခြယ်သမှု အမိုက်စားလေးတွေနဲ့ သူတို့လေးတွေရဲ့ စားချင်စိတ်ကို နှိုးဆွနိုင်ပါတယ်။

သားသား၊မီးမီးလေးတွေ အသီးအရွက်စားစေဖို့ မေမေတိုင်း နေ့စဉ် ရင်ဆိုင်နေရတဲ့ အခက်အခဲလေးတွေကို အထက်ပါ နည်းလမ်းလေးတွေနဲ့ အလွယ်တကူ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။

Sponsored by Knorr

SHARE