ဆံပင်အရှည်မြန်စေတဲ့ နည်းလမ်းကောင်းလေးများ

သင်ဟာ ဆံပင်အရှည်နှေးတဲ့သူ ဒါမှမဟုတ် ဆံပင်မြန်မြန်မြန်ရှည်ချင်သူ ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက သင့်အတွက် အများကြီးအထောက်အကူ ပြုမှာပါနော်။

(၁) အုန်းဆီလိမ်းပါ

အုန်းဆီဟာ ဆံပင်ကို အစိုဓာတ်ဖြည့်ပေးရာမှာ အစွမ်းထက်တဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ခေါင်းမလျှော်ခင် တစ်ရက်အလိုမှာ ဆံပင်အရင်းကနေ အဖျားအထိ အုန်းဆီကို ရွှဲနေအောင်လိမ်းပါ။ တစ်ညလုံးနှပ်ထားပြီး နောက်နေ့ခေါင်းလျှော်လိုက်ရင် အရင်က  သင်သုံးခဲ့တဲ့ Conditioner တွေထက် အများကြီး ပိုကောင်းတာကိုတွေ့မှာပါ။ နေ့စဉ်ပုံမှန်လိမ်းပေးရင်တော့ ဆံပင်အတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိမှာပါ။

(၂) Protein များများစားပါ

Protein လို့ခေါ်တဲ့ အသားဓာတ်ဟာ ဆံပင်အတွက် အလိုအပ်ဆုံး အရာတွေထဲက တစ်ခုပါ။ သင်ဟာ အသားကြိုက်သူဆိုရင်တော့ အမဲသား၊ ကြက်သား၊ ဝက်သား၊ ငါး နဲ့ အခြားအသားတွေကို လည်းစားသုံးနိုင်ပါတယ်။ ကြက်ဥ နဲ့ တစ်ချို့သော cheese အမျိုးအစားတွေဟာ အသားဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ သင်ဟာ သက်သက်လွတ်စားသူဆိုရင်တော့ ပဲအမျိုးမျိုး၊ အစေ့အဆန်တွေနဲ့ ဟင်းနုနွယ်လိုမျိုး အရွက်တွေကို စားသုံးပေးပါ။

READ
ညဖက်တွေမှာ ဘာကြောင့်လန့်နိုးလာရတတ်သလဲ

(၃) Omega 3

ကဲ Omega 3 ဟာ အလှအပနဲ့ ပတ်သက်ရင်တော့ မပါမဖြစ်ပါပဲနော်။ Omega 3 ဟာ ဆံပင်ကို ကျန်းမာတောက်ပြောင်စေပြီး အသားအရည်ကိုလည်း အထူးလှပစေပါတယ်နော်။ ထောပတ်၊ အစေ့အဆန် နဲ့ Salmon ငါးတွေမှာ Omega 3 ပါဝင်ပါတယ်။ ဆေးတောင့်တွေကိုလည်း ဝယ်ယူသောက်သုံးနိုင်ပါတယ်။

(၄) ရေများများသောက်ပါ

သင်ဟာ ရေသောက်နည်းသူတစ်ယောက်လား ဆိုတာကို သင့်ဆံပင်တွေက ပြနေမှာပါ။ သင့်ဆံပင်တွေဟာ အရောင်မှိန်လာမယ်၊ ခြောက်သွေ့ပြီး ပျက်စီးလွယ်နေမယ် ဆိုရင်သင်ရေများများသောက်ဖို့ လိုနေပါပြီ။ ဒါကြောင့်ရေဟာ ဆံပင်ရဲ့ ကျန်းမာရေးနဲ့ ဆံပင်အရှည်မြန်စေဖို့ အဓိကလိုအပ်ချက် တစ်ခုဖြစ်ပါတယ်။

(၅) ဦးရေပြားကို နှိပ်နယ်ပေးပါ

ဦးရေပြားရဲ့ သွေးလည်ပတ်မှုကောင်းမွန်စေဖို့ သင့်လက်ချောင်းလေးတွေနဲ့ တစ်နေ့ကို ငါးမိနစ်မှဆယ်မိနစ် အထိနှိပ်နယ်ပေးပါ။ အဆီတစ်ခုခုကို အသုံးပြုပြီး နှိပ်နယ်ပေးနိုင်ပါတယ်။ အဲလိုနှိပ်နယ်ပေးခြင်းအားဖြင့် ဦးရေပြားက လိုအပ်နေတဲ့ အာဟာရတွေကို ပို့ပေးနိုင်တဲ့အတွက် ဆံပင်ကို အထူးသန်မာလာစေပါတယ်။

READ
အမြဲတမ်းကျန်းမာတက်ကြွနေစေဖို့ နည်းလမ်း (၆)သွယ်

(၆) အိပ်ရေးဝဝ အိပ်စက်ပါ

လူတစ်ယောက်ရဲ့တစ်နေ့အိပ်ချိန်ဟာ ရှစ်နာရီ ရှိကိုရှိသင့်ပါတယ်။ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကြီးထွားခြင်းနဲ့ပြုပြင်ခြင်းကို ပြုလုပ်ပေးပါတယ်။ သင်အိပ်ရေးမဝခဲ့ရင် သင့်ခန္ဓာကိုယ်က ဆံပင်အတွက် အလုပ်လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

Em Em(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE