ကျန်းမာပျော်ရွှင်တဲ့ အချစ်ရေးကိုပိုင်ဆိုင်နိုင်မယ့်နည်းလမ်းများ

သူငယ်ချင်းမိတ်ဆွေတွေကြားမှာအရမ်းချစ်ကြပြီးအားကျစရာကောင်းတဲ့စုံတွဲတစ်တွဲကတော့အမြဲရှိနေတတ်ပါတယ်။ဒါပေမယ့်အဲဒီလိုအဖက်ဖက်ကနေအပြစ်အနာအဆာမရှိသလောက်တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်နဲ့ချစ်နိုင်ဖို့၊ကျန်းမာပျော်ရွှင်တဲ့အချစ်ရေးကိုပိုင်ဆိုင်ဖို့ဆိုရင်မဖြစ်မနေလိုက်နာရမယ့်အချက်လေးတွေရှိပါတယ်။အဲဒီအချက်လေးတွေထဲက တချို့ကို Shwemomပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

  • မျှမျှတတဆက်ဆံခြင်း

ဆန့်ကျင်ခြင်း၊သဘောထားမတိုက်ဆိုင်ခြင်း၊ ဝေဖန်ရှုတ်ချခြင်းဆိုတဲ့အရာတွေကအချစ်ခရီးလမ်းမှာအနှောက်အယှက်အဟန့်အတားတွေပါပဲ။ချစ်သူတွေကြားမှာနှုတ်နဲ့ဖြစ်စေ၊ကိုယ်ထိလက်ရောက်ဖြစ်စေအပြန်အလှန်တိုက်ခိုက်အနိုင်ယူခြင်းက ပျော်ရွှင်စရာအဆုံးသတ်ကို လက်လွှတ်ရလေ့ရှိပါတယ်။ယောက်ျားလေးဖြစ်လို့၊မိန်းကလေးဖြစ်လို့ဆိုတဲ့အချက်တွေကချစ်သူတွေ ကြားမှာ အဓိကမကျတော့ဘဲ အပြန်အလှန်နားလည်မှု၊ဦးစားပေးမှုတွေနဲ့မျှမျှတတဆက်ဆံခြင်းကသာ  ကျန်းမာပျော်ရွှင်တဲ့ အချစ်ရေးရဲ့အဓိကသော့ချက်ဖြစ်ပါတယ်။

  • ရင်းနှီးမှုရှိခြင်း

တခါတလေချစ်သူတွေကြားမှာအကြောင်းအမျိုးမျိုးကြောင့်အတူရှိနေဖို့အချိန်မပေးနိုင်တာ၊ချစ်သူအနားမှာမနေပေးနိုင်တာတွေရှိပါတယ်။အဲဒီအခါအပြန်အလှန်ရင်းနှီးမှုဆိုတာလိုလာပါတယ်။တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်တာ၊ချစ်သူရဲကလက်ကိုနွေးနွေးထွေးထွေးဆုပ်ကိုင်ထားတာ၊အနမ်းပေးတာတွေက ချစ်သူတွေကြားမှာ ရင်းနှီးမှုကိုပိုတိုးစေပါတယ်။ချစ်သူတွေ ကြားမှာရင်းနှီးမှုတိုးလာလေလေ အချစ်ရေးမှာပိုပျော်ရွှင်ရလေပါပဲ။

  • ရိုးသားပွင့်လင်းမှုရှိခြင်း

နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ချစ်သူစုံတွဲတွေကြားမှာတစ်ယောက်နဲ့တစ်ယောက်ဖုံးကွယ်မထားဘဲရိုးသား ပွင့်လင်းမှုရှိဖို့ပါပဲ။ဒါမှနှစ်ယောက်ပေါင်းဖက်ဖို့ မတူတာတွေကိုညှိပြီးတူညီတဲ့အချက်တွေနဲ့အဖြေရှာနိုင်မှာဖြစ်ပါတယ်။ဥပမာ အလုပ်အကိုင်၊၀ါသနာ၊ မနှစ်သက်တဲ့အရာတွေကို တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင့်လင်းလင်းအသိပေးထားဖို့လိုပါတယ်။

  • အားပါးတရရယ်မောခြင်း

တခါတလေ ၀တ္တရားမပျက်ထမ်းဆောင်နေရတဲ့တာဝန်တွေကြောင့်ဖိအားတွေဖြစ်ပြီး အချစ်ရေးဘက်ကိုမလှည့်နိုင်တော့ဘဲ တစ်ယောက်နဲ့တစ်ယောက်ပျင်းရိငြီးငွေ့မှုတွေခံစားလာရပါတယ်။အဲဒီလိုမဖြစ်အောင်ဟန်ဆောင်မှုကင်းတဲ့ရယ်မောသံ တွေကကူညီပေးနိုင်ပါတယ်။ချစ်သူတွေကြားမှာတစ်ယောက်နဲ့တစ်ယောက်ဟန်ဆောင်ရှက်ရွံ့မှုတွေမထားဘဲအားပါးတရရယ်မောခြင်းကလည်းနွေးထွေးမှုဖြစ်စေသလို ရှေ့ဆက်မယ့်အချစ်ခရီးလမ်းအတွက် ခွန်အားတွေဖြစ်စေပါတယ်။

  • လေးစားမှုရှိခြင်း

ပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးကိုပိုင်ဆိုင်ခြင်းက ကျန်းမာတဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ဖို့ပါအကူအညီဖြစ်ပါတယ်။ဒါပေမယ့်အဲဒီ လိုပျော်စရာကောင်းတဲ့အချစ်ရေးကိုပိုင်ဆိုင်နိုင်ဖို့ လိုက်နာသင့်တဲ့တချို့အချက်လေးတွေကို မလိုက်နာမိတာနဲ့အချစ်ရေးမှာ ကျရှုံးရတော့တာပါပဲ။အဲဒီအချက်ကတော့ ချစ်သူတွေကြားမှာ အပြန်အလှန်လေးစားမှုရှိခြင်းပါပဲ။ကိုယ့်မိသားစုအပေါ်မှာသူ့ ဘက်ကလေးစားမှုရှိသလို သူ့မိသားစုကိုလည်းပြန်ပြီးလေးစားတန်းဖိုးထားဖို့လိုပါတယ်။ဒါ့အပြင် အပြန်အလှန်ထားရှိကြတဲ့ ယုံကြည် မှု၊ ခံစားမှု၊ သစ္စာရှိမှုတွေကိုအသိအမှတ်ပြု လေးစားတန်ဖိုးထားခြင်းကလည်းအချစ်ရေးမှာအောင်မြင်စေတဲ့အဓိက အချက်ဖြစ်ပါတယ်။

READ
ခင်ပွန်းဖြစ်သူကအရင်ကလောက် ကိုယ့်အနားမကပ်တော့ရင် ပြန်ဆွဲဆောင်နည်း (၅) မျိုး

ChoChoThan(Shwemom)

ref:lover.ly

SHARE