ကျန်းမာရေး ကောင်းချင်ရင် အခုကစပြီး ပြောင်းလဲ ပစ်ရမယ့် အမူအကျင့် (၄)မျိုး

Image:freepik.com/marymarkevich

ကျန်းမာခြင်းက လာဘ်ကြီးတစ်ပါးလို့ တောင် ပြောကြပါတယ်။လူတစ်ယောက်ရဲ့ ဘ၀ မှာ အရေးကြီး ဆုံးက ကျန်းမာရေး လို့ တောင် ပြောလို့ရပါတယ်။ကျန်းမာရေး ကောင်းမှ ကိုယ်လုပ်ချင်တာတွေကို လုပ်နိုင်မှာပါ။ကျန်းမာရေး မကောင်းရင် တော့ ကိုယ်ရော ကိုယ့် ပတ်ဝန်း ကျင်က လူတွေ ပါ စိတ်ဆင်းရဲ ရသလို ပိုက်ဆံ လည်း ကုန်ပါတယ်။Asia One မှာ ဖော်ပြထားတဲ့ ကျန်းမာစေဖို့ နည်းလမ်း ကောင်း တွေအကြောင်းကို ကိုးကားပြီး ပြန်လည် ဝေမျှ ပေးချင်ပါတယ်။

ဆားလျှော့စား

Image:freepik.com/goffkein

လူတွေက အငန်ဓါတ်တွေကို စားသုံးလာတာ ပိုများလာပါတယ်။အငန်ဓါတ်က ကျန်းမာရေးကို အများကြီး ထိခိုက် စေပါတယ်။ဆား ကို လျှော့စားပါ။ဒါ့အပြင် အငန်ဓါတ်လွန်ကဲ စွာ ပါဝင်တဲ့ ငါးပိ၊ငါးခြောက် တွေကို လည်း လျှော့ စားပေးဖို့ လိုပါတယ်။ဆိုဒီယမ် မှီဝဲ တာ များရင် သွေးတိုး၊နှလုံး၊လေဖြတ်ရောဂါ တွေ ဖြစ်သွားစေနိုင်ပါတယ်။

Alcohol လျှော့ ရေများများသောက်

Image:freepik.com/jcomp

အခုနောက်ပိုင်းမှာတော့ လူတွေ က ရေသောက်နည်း လာကြပါတယ်။ရေအစားအ ရက်၊အယ်လ်ကိုဟော ပါတဲ့ အရာတွေ၊ကော်ဖီ၊အချို ရည်တွေကို သောက်လာကြပါတယ်။ကျန်းမာချင်ရင်တော့ ရေများများ သောက်တတ်တဲ့အကျင့်ကို မွေးမြူပါ။အရက်သေစာတွေ ကို သောက်စားနေမယ်ဆိုရင်တော့ သွေးတိုး၊နှလုံး၊လေဖြတ်ရောဂါ တွေ ကို ဖြစ်စေနိုင်ပါတယ်။ရေများများသောက်တာက ခန္ဓာကိုယ်ရဲ့ အဆိပ် အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။အမျိုးသားတွေ က တော့ တစ်နေ့ကို ရေ ၃.၇ လီတာ၊အမျိုးသမီးက တော့ ၂.၇ လီတာ သောက်သုံးသင့်ပါတယ်။

READ
လူမမြင်ကွယ်ရာမှာစိတ်ဓာတ်ကျတတ်သူများ၏အပြုအမူများ

 

ကောင်းစွာ အိပ်စက်ပါ

Image:freepik.com/drobotdean

အိပ်ချိန်တွေ နည်းလာတာ၊ညဆို အရမ်းနောက်ကျ မှ အိပ်တာတွေက သင့်ကျန်းမာရေးကိုထိခိုက် ပျက်စီးစေပါတယ်။ကောင်းမွန် စွာအိပ် စက် အနားယူခြင်းက လည်း သင့်ကျန်းမာရေး အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ကောင်းကောင်းမအိပ်ရင် နှလုံးရောဂါ ၊နှလုံး အလုပ်ကောင်းကောင်း မလုပ်တာ၊လေဖြတ်၊ဆီးချို သွေးချို၊ကိုယ်အလေးချိန် တက်လာ တွေကို ဖြစ် စေပါတယ်။တစ်ည ကို အနည်းဆုံး ၇ နာရီ တော့ ပြည့်အောင် အိပ်ပါ။ညမှာ ကောင်းကောင်းအိပ် ပျော်ချင်ရင် အိပ်ခါ နီး Screen မကြည့်ပါနဲ့၊သကြား၊အရက်သေစာ၊ကဖင်းဓါတ်ပါတွေကို ရှောင်ပါ။အလေးချိန် များတဲ့ စောင်ထူထူကို ခြုံ အိပ် တာက သင့်ကို ကောင်း ကောင်း အိပ်ပျော်စေပါတယ်။

READ
အိမ်ထောင်ဘက်ကောင်းပီသတဲ့ ကန်ဒုသမ္မတရဲ့အမျိုးသား Douglas Emhoff

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Image:freepik.com/user18526052

နေ့စဉ် လေ့ကျင့်ခန်း ကိုယ်လှုပ်ရှားမှု တစ်ခုခုကို ပုံမှန် လုပ်တဲ့ အကျင့်ကို မွေးမြူ ပါ။လေ့ကျင့်ခန်းက တော့ ယောဂ၊cardio၊ လမ်း လျှောက်တာ၊ပြေးတာ.အစရှိတဲ့ ကိုယ်နဲ့ သင့်တော်တာ တစ်ခုခုကို ရွေးချယ်ပြီး လုပ်ပါ။လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိ ရင် နောက်ဆက်တွဲ အနေနဲ့ နှလုံး ကျန်းမာရေးကို ထိခိုက်တာ၊အ၀လွန်တာမျိုးတွေ ကို ဖြစ်စေပါတယ်။ cardio ကို တစ်နေ့ ငါးမိနစ် ၁၀ မိနစ် လောက် လုပ်ပေးမယ်ဆိုရင် တော့ နှလုံးနဲ့ ဆိုင်တဲ့ ရောဂါ ဖြစ်ပွားမှုနှုန်းကို ၂၉ ရာခိုင်နှုန်း နည်းပါး စေပါတယ်။

#SHWEMOM

SHARE