အိမ်တွင်းပုန်းရတဲ့ ကလေးတွေကို စာမနောက်ကျစေပဲ ပျော်ရွှင်ကျန်းမာအောင်ထားနည်း

news.sky.com

အင်္ဂလန်နိုင်ငံတစ်လွှားက မိသားစုတွေဟာ ၄င်းတို့ကလေးတွေရဲ့ ပညာရေးကို အိမ်မှာပဲဆက်လက်သင်ယူစေဖို့ ပြင်ဆင်နေကြပါတယ်။ လက်ရှိအချိန် Covid-19 ကပ်ရောဂါအတွင်း အိမ်မှာပဲ အချိန်ကုန်ဆုံးနေရတဲ့ကလေးတွေအတွက် အကူညီဖြစ်စေမယ့် ပညာရေးဆိုင်ရာဆွေးနွေးချက်အချို့ကိုတော့ ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့ တွမ်ရို့စ်နဲ့ ဂျက်ခ်ပန်နက်တ်တို့က ပြောပြခဲ့တာကို skynews သတင်းကနေ ဖော်ပြပေးလိုက်ပါတယ်။

Freepik_nS1

အဓိကသင်ကြားမယ့် ဘာသာရပ်တွေကို ပြင်ဆင်ပါ

ကလေးတွေကို ဘယ်ဘာသာရပ်တွေ အဓိကသင်ကြားမလဲဆိုတာ ပြင်ဆင်ပါ။ ဒါပေမဲ့ ကိုယ်တိုင်က ပရိုဖက်ရှင်ကျောင်းဆရာတစ်ယောက်မဟုတ်တဲ့အတွက် ကလေးရော ကိုယ်ပါ ၀န်ထုပ်ဝန်ပိုးဖြစ်စေအောင်တော့ သင်ရိုးတွေကို မစီစဉ်သင့်ပါဘူး။ သင်္ချာနဲ့ အင်္ဂလိပ်စာလို အဓိကဘာသာရပ်တွေကိုသာ သင်ကြားပေးပါ။ အွန်လိုင်းပေါ်မှာလည်း သင်ကြားရေးအတွက် အထောက်အကူဖြစ်မယ့် အရင်းအမြစ်တွေရှာဖွေနိုင်ပါတယ်။

ကိုယ်ပိုင်ကျောင်းလေးဖန်တီးပါ

မိမိအိမ်လေးကို ကျောင်းလေးတစ်ကျောင်းကို သဘောထားနိုင်ပါတယ်။ ကျောင်းကို နာမည်ပေးမယ်၊ ကျောင်းတံဆိပ်လေးတစ်ခု ဖန်တီးမယ်၊ ဒါတွေနဲ့ ကိုယ့်ကလေးတွေကို  ကျောင်းသွားတက်ရသလို ခံစားမှုမျိုးရအောင် ပေးနိုင်မှာ ဖြစ်ပါတယ်။ စာသင်ခန်းပြုလုပ်ထားတဲ့ အခန်းလေးထဲမှာ  ကလေးတွေစိတ်ဝင်စားမယ့် အကြောင်းအရာတွေကို ဆွဲထုတ်မယ်၊ ပြီးတော့မှ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကလေးတွေကိုပါ ပါဝင်ဆွေးနွေးခိုင်းတာမျိုး၊ အပြင်မှာတက်ရတဲ့ကျောင်းလို ကျောင်းတွင်းစည်းကမ်းချမှတ်တာမျိုး စတာတွေပါ ပြုလုပ်ပေးသင့်ပါတယ်။

READ
တီရှပ်အဖြူနဲ့ သန့်နေအောင်၊ အထာကျနေအောင် ဘယ်လို ၀တ်စားမလဲ....
Freepik_Pexels

အချိန်သတ်မှတ်ပါ

ကလေးတွေနဲ့အတူတူ နေ့စဉ်ကျောင်းတက်ရမယ့် အချိန်ဇယားတစ်ခုရေးဆွဲပါ။ ကလေးတွေရော လူကြီးတွေအတွက်ပါ အတတ်နိုင်ဆုံးနေ့စဉ်လိုက်နာနိုင်တဲ့ ပုံမှန်အချိန်နဲ့ သီးသန့်နေရာလေးတစ်ခုကို သတ်မှတ်ပေးပါ။ ဒါမှ သူတို့လေးတွေဟာ အဲ့ဒီနေရာကိုရောက်တဲ့အခါ စာသင်ကြားရမယ်ဆိုတဲ့ အသိစိတ်ဓာတ်က အော်တိုဝင်နေမှာဖြစ်ပါတယ်။ ပြီးတဲ့အခါ ပုံမှန်ကျောင်းတွေလိုပဲ ခဏနားတဲ့အချိန်၊ နေ့လည်စာစားတဲ့အချိန်တွေကိုလည်း သတ်မှတ်ပေးတာ ကောင်းပါတယ်။

Pexels_pixabay

မိမိကိုယ်ကို ပြင်ဆင်ပါ

မိဘတွေအနေနဲ့ ကလေးတွေကို မသင်ကြားခင်မှာ ဆရာတစ်ယောက်အဖြစ် လိုအပ်မယ့် လိုအပ်ချက်တွေကို စဉ်းစားပေးပါ။ ကိုယ်ငယ်ငယ်တုန်းကရော အတန်းထဲ ကိုယ့်အနှစ်သက်ဆုံးဆရာဟာ ဘယ်သူလဲ၊ ဒီလိုမျိုးဆရာဖြစ်ဖို့ ကိုယ့်ဘက်က ဘာအရည်အချင်းတွေလိုလဲဆိုတာကို စဉ်းစားရမှာပါ။ ဒါမှပဲ ကလေးတွေရဲ့ သင်ကြားရေးနဲ့ ပတ်သက်ပြီး ဘယ်လိုသင်ကြားမှုပုံစံမျိုးဟာ ပိုကောင်းတယ်ဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ ထိရောက်တဲ့စာသင်နည်းတစ်မျိုးကတော့ တပည့်တွေနဲ့ ကိုယ်နဲ့ နေရာချင်းလဲတာ ဖြစ်ပါတယ်။ ကလေးတွေကို သူတို့သင်ချင်တဲ့သင်ခန်းစာကို အရင်လေ့လာခိုင်းပြီး သူတို့ကို ဆရာပြန်လုပ်ခိုင်းကာ ကိုယ့်ကိုပြန်သင်ပြစေတာလည်း နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

READ
ကလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့

လင်းလင်း (ShweMom)

SHARE