လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အဆက်သွယ်ဖြတ်တောက်ကြပါတယ်။ ဥပမာပြောရရင် အွန်လိုင်းကနေ တွေ့ဆုံချစ်ကြိုက်တဲ့ဒိတ်တင်းကိစ္စမျိုးတွေမှာ တစ်ခါတစ်လေ ကိုယ်ကိုတိုင် ဘာကြောင့်ရယ် ရေရေရာရာမသိဘဲ တစ်ဖက်လူရဲ့ တုံးတိအဆက်သွယ်ဖြတ်ခံရတာမျိုး ရှိတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်က အဆက်သွယ်ဖြတ်ချင်တဲ့အခါ လုပ်လေ့ရှိတဲ့နည်းလမ်းတွေကို စာဖတ်သူ ကြိုတင်ပြင်ဆင်ထားနိုင်စေဖို့အတွက် Pink Villa ကတဆင့်ဖော်ပြပေးလိုက်ပါတယ်။

စာလုံးတစ်လုံးပဲ စကားပြန်တယ်
ဒါဟာ သူ ကိုယ့်ကို အဆက်သွယ်ဖြတ်ချင်နေတဲ့ ကနဦးလက္ခဏာပါပဲ။ သင်က စာတွေအရှည်ကြီးရေးထားပေမယ့် တစ်ဖက်လူက စာလုံးတစ်လုံးပဲပြန်တယ်ဆိုရင် ဒါလုံးဝကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။
Reply ပြန်တာနောက်ကျတယ်
နောက်တစ်ခုက ကိုယ် စာရေးတဲ့အခါ သူ reply ပြန်တာနောက်ကျတာမျိုးပါ။ ပုံမှန်ဆို လူတွေဟာ မိုဘိုင်းဖုန်းတွေနဲ့ အမြဲတမ်းထိတွေ့နေတာပါ။ သူအလုပ်များနေတယ် ဒါမှမဟုတ်လည်း နောက်မှစကားပြောမယ် စတာကို reply ပြန်ဖို့ အချိန် ၂မိနစ်လောက်ပဲ ကြာမှာဖြစ်ပါတယ်။
နာရီပေါင်းများစွာကြာအောင် ပျောက်သွားတယ်
အကြောင်းရင်းမရှိဘဲ နာရီတွေနဲ့ချီပြီး ပျောက်သွားတယ်။ ကိုယ်နဲ့မပြောပေမယ့် လိုင်းပေါ်မှာရှိနေတာကိုမြင်ရတာ နာကျင်စရာကောင်းပါတယ်။ စာပို့လိုက်လို့ Seen ပြပေမယ့် သင့်စာကို နာရီတွေအများကြီးကြာတော့မှ စာပြန်တယ်ဆိုရင်လည်း သေချာပါတယ်။ သူ သင့်ကို အဆက်သွယ်ဖြတ်တော့မှာပါ။

သင့်ကိုရှောင်တယ်
သင့်အစီအစဉ်တွေအားလုံးကို သူ အမြဲတမ်းပယ်ချနေတယ်ဆိုရင် သူ အဆက်သွယ်ဖြတ်ချင်နေတာ ထင်ရှားပါတယ်။ သူက သင်နဲ့တွေ့ဖို့အချိန်မရှိတော့ကြောင်း ရုတ်တရက် ဆင်ခြေတွေဆက်တိုက်ပေးလာတယ်ဆိုရင် သင်သိထားလိုက်ပါတော့။
သင်နဲ့ခပ်တန်းတန်းနေတယ်
တစ်ယောက်နဲ့တစ်ယောက် စာနဲ့ အဆက်သွယ်လုပ်တာတော့ အဆင်ပြေပါရဲ့၊ ဒါပေမဲ့ လူချင်းတွေ့တဲ့အခါ သင့်ကို ခပ်တန်းတန်းနေတယ်၊ ရှောင်ဖယ်တယ်၊ အေးတိအေးစက်လုပ်နေတယ်ဆိုရင်တော့ သူဟာ သင်နဲ့အဆက်သွယ်ဖြတ်ဖို့ ပြင်ဆင်ပြီးလောက်ပါပြီ။