Android Phones တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နည်း

Android phone အသုံးပြုသူတွေအတွက် ဖုန်းတွေရဲ့စွမ်းဆောင်ရည်ကို မြှင့်တဲ့ နည်းလမ်းတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ဖုန်းကို အသုံးပြုရတာ ပိုကောင်း ပိုသွက်ချင်သူတွေအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းေ လးတွေကို လိုက်လုပ်ကြည့်ပါ။

(၁)Cached Data တွေကိုရှင်းပါ

သင်အသုံးပြုနေတဲ့  apps တွေဟာ data အသေးလေးတွေ အဖြစ် စုမိနေ တတ်ပါတယ်။အဲ့ဒါတွေကို မရှင်းပဲ ထားရင် ဖုန်းရဲ့ စွမ်းဆောင်ရည်ကို သွားပြီး ထိပါတယ်။တကယ်လို့ ဖုန်းက အရမ်းဟန်းလာပြီဆိုရင်တော့ ပြန်ပြီး fresh ဖြစ်လာအောင် ရှင်းပေးလိုက်ပါ။ဘယ်လိုရှာပြီး ရှင်းရမလဲဆိုတာကိုတော့ ပုံထဲမှာပြထားပါတယ်။Settings  ထဲကိုဝင် Storage ထဲကနေမှ Cached Data လုပ်ရမှာပါ။

(၂)Disable Animations

ဒါကိုလုပ်ဖို့အတွက်လည်း အရင်ဆုံး Settings   ထဲကိုသွားရမှာပါ။ပြီးရင်တော့ About Phone အဲ့ဒီကနေမှ Bulid Number ကို (၇)ချက်နှိပ်ရပါ့မယ်။ ဒီနည်းကတော့ Developer options အစတည်းက ပါမလာတဲ့ ဖုန်းတွေ အတွက်ပါ။နောက်ပိုင်းဖုန်းတွေမှာတော့ Settings  ထဲဝင်တာနဲ့ Developer options  တစ်ခါတည်းပါပြီးသားပါ။

READ
Window 10 အတွက်Facebook နှင့် Messenger Application

ပြီးရင်တော့ Windows animation scale ကို သွား “Animation off” လုပ်ပါ။

(3)  Android  နဲ့ apps တွေကို Updateလုပ်ပါ

Android phone ရဲ့ နောက်ဆုံး firmware ကို Update မလုပ်ပဲ မနေ သင့်ပါဘူး။Google နောက်ဆုံးထွက်တဲ့ Android operating system တွေမှာဆိုရင် ပိုကောင်းပိုအဆင့်မြင့်တဲ့  performance speed တွေ ပါပါတယ်။တခြား App တွေကိုလည်း Update လုပ်ပါ။Updated apps တွေရဲ့ စွမ်းဆောင်ရည်ဟာ ပိုကောင်း၊ပိုမြန်ပါတယ်။

(4)မလိုတဲ့ Apps တွေကိုရှင်း

ရှိသမျှ App တွေကို အကုန်လိုက် Install လုပ်နေလို့ မဖြစ်ပါဘူး။အဲ့ဒီလို တွေလုပ်နေရင်ဖုန်းနဲ့ storage space ထဲမှာနေရာယူတာတွေ များလာပြီး ဖုန်းဟန်းတတ်ပါတယ်။ဒါကြောင့် ကိုယ့်အတွက် အသုံးမလိုတဲ့ app နဲ့ မသုံးဖြစ်တဲ့ App တွေကိုရှင်းပစ်ပါ။

READ
၂၀၁၆ ခုနှစ်အတွင်းမှာ ပေါ်ထွက်ခဲ့တဲ့ နည်းပညာ ပစ္စည်းဆန်းများ

(5)Disable လုပ်ပါ

မလိုအပ်တဲ့ App တွေကို  disable လုပ်ပါ။uninstall လုပ်တယ်ဆိုတာ ကတော့လုံးဝရှင်းပစ်လိုက်တာဖြစ်ပြီး၊အဲ့လိုမလုပ်ချင်ရင်တော့ disable လုပ် ထားလိုက်ပါ။လိုအပ်တဲ့ အချိန်မှာလည်း ပြန်ယူလို့ရပါတယ်။

(6) Memory Card သုံးပါ

memory card ထည့်မသုံးရင်ဖုန်းရဲ့ storage space ကို ထိခိုက်စေ ပါတယ်။ကဒ်ထည့်သုံးခြင်းအားဖြင့် ဖုန်းကိုလည်း သက်သာစေပါတယ်။ 2GB မှ 32GB  ကြိုက်တဲ့ Card ထည့်သုံးပါ။

(7) Live Wallpapers

live wallpaper ကို ရှောင်ပါ။live wallpapers တွေဟာဖုန်းရဲ့ CPU ကို ပို Run ရစေသလို၊ဘက်ထရီပိုစားစေပါတယ်။

Ref;hongkiat

Nilar(shwemom)

SHARE