နှာခေါင်းသွေးလျှံခြင်းကို အလွယ်တကူပျောက်ကင်းစေဖို့

နှာခေါင်းသွေးလျှံခြင်းမှာ အကြောင်းပြချက် အမျိုးမျိုးရှိပါတယ်။ တစ်စုံတစ်ခုနဲ့ ထိခိုက်မိပြီး နှာခေါင်းရိုးကျိုးခြင်း၊ နှာခေါင်းထဲကို အရာဝတ္ထုတစ်ခုခု ၀င်ခြင်း၊ ခန္ဓာကိုယ်ဓာတ်ပြုမှုမှ ဓာတ်မတည့်မှုဖြစ်ခြင်း၊ သွေးပေါင်ချိန်အလွန်များခြင်း၊ အအေးမိခြင်း၊ အပူမိခြင်း၊ ရာသီဥတုအပူဒဏ်ကြောင့် နှာခေါင်းတွင်း သွေးကြောများ ပေါက်ခြင်း၊ သွေးကင်ဆာ-စတဲ့ရောဂါအခြေအနေတွေကြောင့် နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေပါတယ်။ အခုဖော်ပြမှာကတော့ သာမန်အခြေအနေမှာ နှာခေါင်းသွေးလျှံခြင်းကို အလွယ်သက်သာစေမယ့် နည်းလမ်းများကို Shwemom က ဖော်ပြပေးလိုက်ပါတယ်။

(၁) ခန္ဓကိုယ်ကို မက်မက်/ ဦးခေါင်းကို မက်မက်ထားပါ။

(၂) လဲလျှောင်းခြင်း မပြုပါနဲ့ (လည်ချောင်းထဲကို နှာခေါင်းသွေးရောက်နိုင်သောကြောင့်)။

(၃) လက်ညိုးလက်မကို သုံးပြီး ဆယ်မိနစ်ခန့် နှာခေါင်းအ၀နှစ်ဘက်ကို ဖိထားပါ။ အဲဒိလို လုပ်လို့မှ မသက်သာရင်-

(၄) နှာခေါင်းကို စုနေတဲ့အပူချိန်ကို လျှော့ချဖို့ အတွက် ရေခဲကိုငုံထားပါ။ (လည်ချောင်းမှတစ်ဆင့် နှာခေါင်းကို အပူချိန်လျှော့ပေးပါလိမ့်မယ်၊ နှာခေါင်းပေါ်မှာ ရေခဲမတင်ရပါ။ သွေးခဲသွားရင် အခြားမလိုအပ်တဲ့ အရာတွေ ထပ်ဖြစ်နိုင်လို့ပါ။

READ
သင့်ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်နေပြီဆိုတာ ထင်ရှားစေတဲ့ လက္ခဏာများ

(၅) သွေးလျှံတာ ရပ်သွားရင် ၀ါဂွမ်းစကို နှာခေါင်းမှာ တစ်နာရီ/နာရီဝက်လောက် ထည့်ထားပါ။ အကြောင်းကတော့ နှာခေါင်းသွေးလျှံခြင်းဟာ အချိန်မရွေး ထပ်ဖြစ်နိုင်လို့ပါ။

(၆) နှာခေါင်းသွေးလျှံမှု မရပ်ရင် oxymetazoline nasal ဆေးကို သုံးနိုင်ပါတယ်။ Spray ဖြစ်လို့ ဆယ်မိနစ်ခြားတစ်ခါ နှာခေါင်းကို တေ့ပြီး မိမိဘာသာ ကုသနိုင်ပါတယ်။

နတ်စည်တော် (Shwemom)

sm

SHARE