စိတ်စေရာအတိုင်း စားမိနေတာတွေကို ဘယ်လိုရပ်တန့်ပစ်ရမလဲ …?

တချို့တွေက စိတ်စေရာအတိုင်း စိတ်ညစ်ရင်လည်း စားတယ် ၊ ပျော်ရင်လည်း စားတယ် ၊ စိတ်မကြည်ရင်လည်း စားတယ် ၊ စိတ်ဖိစီးနေရင်လည်း စားတယ် ၊ တချိုကကျတော့ စားချင်လို့ကို စားတယ်။ ဒီလိုမျိုး ကိုယ့်စိတ်စေရာအတိုင်း စားနေတယ်ဆိုတာ ကျန်းမာရေးကို ထိခိုက်လာနိုင်ပြီး အ၀လွန်ရောဂါဖြစ်လာနိုင်တဲ့အထိပါ။ ဒါကြောင့် ဘယ်လို ရပ်တန့်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ခံစားချက်တွေကို လွှတ်ပေးလိုက်ပါ 

တချို့တွေက စိတ်ညစ်ရင် ၊ စိတ်ဖိစီးနေရင် အစားစားပစ်လိုက်ပြီး စိတ်ကို ဖြေလိုက်တယ်။ စိတ်ဖိစီးနေတဲ့အချိန်မျိုးမှာ သင့်ရဲ့ခံစားချက်တွေကို အစားအသောက်နဲ့ ဖြေသိမ့်နေတတ်တယ်။ တကယ်လို့ သင်ကိုယ်တိုင်က ဒီလို စိတ်စေရာ စားနေတာကို လျော့ချင်တယ်ဆိုရင်တော့ သင့်ရဲ့ခံစားချက်တွေကို ဖွင့်ချလိုက်ပါ။ ငိုချင်နေတယ် ၊ အသဲကွဲနေတယ် ၊ စိတ်ပင်ပန်းနေတယ်ဆိုရင် သင့်ခံစားချက်တွေကို ဖွင့်လိုက်ပါ။ ငိုချင်ရင် ငိုလိုက်ပါ ။ အားရပါးရ ပေါက်ကွဲပစ်လိုက်ပါ။ အစားအသောက် ချုပ်တည်းထားတယ်ဆိုတာကတော့ မကောင်းပါဘူး။

READ
နာမည်ကျော်စားဖိုမှုးတွေကိုတောင် စိတ်ဝင်စားစေခဲ့တဲ့ ကြက်သွန်ဖြူနွှာနည်းအသစ်

(၂) သင့်ကိုယ်သင် လက်ခံကြည့်ပါ 

ဘာပဲဖြစ်ဖြစ် သင့်ကိုယ်သင်လက်ခံပေးတာက သင့်ပြသနာတွေကို ဖြေရှင်းသွားနိုင်မှာပါ။ သင့်ကိုယ်သင် လက်မခံနိုင်လေ သင်ပဲ ပိုခံစားရမှာပါ။ သင်ခံစားရလေ စိတ်ဖိစီးလာမယ် ၊ စိတ်ပင်ပန်းလာမယ် ။ သင်စိတ်ဖိစီးနေမယ်ဆိုရင် အစားဘက်ကို အာရုံရောက်သွားပြီး စိတ်ဖြေလိုက်တော့မှာပါ။ ဒါကြောင့် သင့်ကိုယ်သင် ဟန်ဆောင်ပြီး ဖုံးကွယ်မနေဘဲ ရိုးသားဖို့လိုပါတယ်။

(၃) တကယ်ရောဗိုက်ဆာရဲ့လား 

တချို့တွေက တကယ် ဗိုက်ဆာနေတာမျိုးမဟုတ်ဘဲ ပါးစပ်နဲ့ အစား မပြတ်အောင်ကို စားနေတတ်တာမျိုးပါ။ ဒါမျိုးက သင့်ကိုယ်သင်တောင် သတိမထားမိပါဘူး။ ဒီလိုဆို သင်တကယ်ဗိုက်ဆာတာဟုတ် ၊ မဟုတ် ကို ပန်းပွင့်စိမ်းနဲ့ စမ်းသပ်ကြည့်ကြရအောင်။ ပန်းပွင့်စိမ်းကို မြင်ပြီး သင့်ကိုယ်သင် ဗိုက်ဆာနေလားလို့ မေးပေးပါ။ မေးပေးလို့ ဗိုက်ဆာတယ်ဆိုမှစားပေးပါ။ မဟုတ်ရင် မလိုအပ်ဘဲ အဆီတွေ ၊ ကယ်လိုရီတွေကို မယူချင်ပါနဲ့။

READ
အမျိုးသမီးတိုင်းအားကျဖွယ်ရဲ ထူးထူးဆန်းဆန်း လက်ထပ်ခွင့်တောင်းနည်းများ

(၄) အိပ်ပျော်အောင် အိပ်ပါ

ကောင်းကောင်း အနားယူပေးတာက စိတ်ဖိစီးမှုတွေကို လျော့နည်းစေနိုင်တယ်။ သင်တစ်ခုခုစိုးရိမ်နေရင်တော့ အိပ်ပျော်အောင်အိပ်လိုက်တာက ဆေးတစ်လက်ပါ။ တကယ်လို့ သင့်အိပ်ချိန်က (၆-၇)နာရီ မပြည့်ဘူးဆိုရင် စိတ်ပင်ပန်း ၊ ကြောင်သွားတာတို့ဖြစ်လာနိုင်တယ်။ အစားဘက်ကို စိတ်ရောက်နေမယ့်အစား Skill သစ်တစ်ခုခု သင်ယူလိုက်တာပဲဖြစ်ဖြစ် ၊ သူငယ်ချင်း ၊ မိတ်ဆွေ တွေနဲ့စကားပြောပေးပါ။

(၅) နှေးနှေးစားပါ

အစားကို ကြေညပ်အောင်စားပေးပါ။ ပန်းကန်နဲ့ ဇွန်းသေးတို့ကို သုံးပေးပြီး အစားကို နှေးနှေးစားပေးပါ။ သင်နှေးနှေးစားပေးရင် စားရင်းစားရင်းနဲ့ အီလာမှာပါ ။ ဒါကြောင့် နှေးနှေးစားတဲ့သူက ပိန်တာပါ။

source : stylecraze

Hannwe Soe (Shwemom)

 

SHARE