ကိုယ်ခံအား ကောင်းပြီး ရောဂါတွေကို ခုခံနိုင်ဖို့ ဒီလို အချက်တွေကို လုပ်ဆောင်ပါ

Image:shutterstock / By Y Photo Studio

ကိုယ်ခံအား ကောင်းမယ်ဆိုရင်တော့  ဘယ်လို ကပ်ရောဂါမျိုးကို မဆို တွန်းလှန်ခုခံ ကာကွယ်နိုင် မှာပါ။နာမကျန်းဖြစ်တဲ့ ၊ဖျားနာတယ်၊ဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတာမျိုးက အဲ့ဒီလူမှာ ကိုယ်ခံအား ကျ နေတဲ့ အချိန်မျိုးမှာ ခံစားရတာပါ။ကိုယ်ဘက်က သာ ကိုယ်ခံအားကောင်းအောင် သေချာ ပြင် ဆင်ထားမယ်ဆိုရင်တော့ ရောဂါကူးစက်ခံရ ရင်တောင်မှ ဒီရောဂါ ကို တွန်းလှန်ခုခံ နိုင်မှာပါ။ကိုယ် ခံ အားကောင်းအောင် ရောဂါဆိုးတွေကို ခုခံ တွန်းလှန် နိုင်အောင် ဒီလို အချက် လေး တွေကို လိုက်နာပေးပါ။

ဆေးလိပ်၊အရက်ဖြတ်ပါ

Image: pixabay/geralt

လက်ရှိဖြစ်နေတဲ့ COVID-19 လို ကပ်ရောဂါ မျိုးက အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ မျိုးပါ။ဒါကြော င့် ကိုယ့်အနေနဲ့ ဆေးလိပ် သောက်နေတယ်ဆိုရင်တော့ ဆေးလိပ်ကို ဖြတ် ပါ။မဖြတ်နိုင်ရင်တောင်မှ နည်းနည်း ချင်းစီ လျှော့ သောက်ပေးပါ။ဒါမှသာ အဆုတ်က ကျန်းမာ လာမှာပါ။မကျန်းမာတဲ့ အဆုတ်က ရောဂါကူးစက်ဖို့ ပို လွယ်ကူ စေပါတယ်။အရက် ကိုလဲ ဒီအ တိုင်းပါပဲ။ဖြတ်နိုင်ရင် ဖြတ်ပါ။လုံးဝ မဖြတ်နိုင်ရင်တောင်မှ လျှော့ သောက်ပေးပါ။ကိုယ် ခံအား ကောင်းပြီး ရောဂါကို ခုခံတွန်းလှန်ချင်ရင်တော့ ဖြတ်တာ အကောင်းဆုံးပါ။

အစာအုပ်စု (၃)စုကို မျှ တ အောင်စားပေးပါ

Image:Fb/ကျန်းမာရေးဦးစီးဌာန

ဆေးတွေ ၀ယ်လို့ ခက်ခဲ နေတဲ့ အနေအထားမှာ အားဆေး တွေကို လိုက်ရှာ ၀ယ်ပြီး မှီဝဲ ဖို့ လုပ် နေတာထက် ပိုထိေ ရာက် လွယ်ကူ တဲ့ အကာင်းဆုံးနည်းကတော့ ကိုယ့်ရဲ့ စားသောက်မှု ပုံစံ ပါ။ ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ ဖူးတဲ့ အတိုင်းအစားအုပ်စု (၃)စုကို မှတ်မိကြမှာပါ။ရောဂါကာကွယ် စေတဲ့ အစာအုပ်စု၊ခန္ဓာကိုယ်ကြီးထွားဖွံ့ ဖြိုးစေ၊ရောဂါ ကာကွယ်စေသော အစာ အုပ်စု ဆိုပြီး (၃) မျိုးရှိပါတယ်။အဲ့ဒီ အစားအစာ တွေ ကို နေ့စဉ် ပုံမှန် မှီဝဲ ပေးပါ။

READ
သွားများကို ညစ်ပတ်စွန်းထင်းစေသော အပြုအမူများ

ရေများများသောက်ပါ

Image:shutterstock /By Yuri Shevtsov

လူတော်တော်များများက အလုပ် ကြောင့်ပဲ ဖြစ်ဖြစ် တခြား စီးပွားရေး လူမှုရေး ကိစ္စ တွေ  ကြောင့် ရေ မကြာမကြာ သောက် ပေးဖို့ ကို မေ့နေတတ်ကြပါတယ်။ဒါဟာ ကျန်းမာရေး အတွက် အရမ်းကို ဆိုးရွားတဲ့အပြုအမူပါ။ရေများများ သောက်ပေးပါ။ရေ သောက်ဖို့ မမေ့ပါနဲ့။ခန္ဓာကိုယ်မှာ ရေဓါတ် ပြည့်ဝ အောင် နေပါ။

စိတ်ဖိစီးမှုကို နည်းနိုင်သမျှ နည်းအောင် နေပါ

အခုဆိုရင် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေကို လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ တွေ့ နေ ရပါတယ်။လူတွေ က သေချာ သတိ မထားမိပေမယ့် အဲ့ဒီသတင်းတွေ ကြောင့် စိတ် ပူပန် ၊စိတ် ဖိစီးမှုတွေ လူတွေရဲ့ စိတ်ထဲမှာ ဖြစ်ကုန် ပါတယ်။အလုပ်တွေ ပဲ နားကုန်မှာလား၊ကုန်ဈေးနှုန်းတွေ ပဲ တက်မှာလား၊ဘယ်လောက်ထိ အခြေအနေ ဆိုးလာမလဲ ဆိုတဲ့ စိုးရိမ်ပူပန်စိတ် လွန်ကဲ မှုတွေ က သင့်ရဲ့ စိတ်ကျန်းမာရေးကို အများကြီး ထိခိုက်စေပါတယ်။ဒါကြောင့် ပြည်သူေ တွကို တိုက်တွန်းချင် တာက ဒီလို အချိန်မှာ စိတ်ကို ပျော်အောင်နေပါ။စိတ်ဖိစီးမှု တွေကို နည်းနိုင်သမျှ နည်းအောင် လျော့ချပါ။တရားထိုင်တာပဲ ဖြစ်ဖြစ်၊ယောဂ လေ့ကျင့်ခန်းပဲ ဖြစ်ဖြစ်၊တခြားကိုယ်ကိုးကွယ်တဲ့ ဘာသာ ရေးကို လိုက်စား တာမျိုးပဲ ဖြစ်ဖြစ် လုပ်ပြီး စိတ်ကျန်းမာအောင် ကြိုးစားနေကြည့်ပါ။

READ
လက်ကောက်ဝတ်မှာ ထွက်နေတဲ့ အရည်ကြည်အိတ်ဖုကို သဘာဝအတိုင်း ဘယ်လိုကုနိုင်မလဲ

အိပ်ရေးဝ အောင်အိပ်ပါ

Image:shutterstock / By Lia Koltyrina

အိပ်ရေးဝ အောင် အိပ်မှ လူရောစိတ်ပါ ကျန်းမာမှာပါ။အိပ်ရေး မ၀တဲ့ အခါ မှာ ခန္ဓာကိုယ်မှာ နေရ ထိုင်ရတာ လုံးဝ မ လန်းပဲ နုံးစီစီ ကြီး ဖြစ်နေတတ်ပါတယ်။ကိုယ်ခံ အားကောင်းဖို့ အိပ်ရေးကို တစ်နေ့ (၈)နာရီ လောက်တော့ ၀အောင် အိပ်ပေးပါ။ညနက်တဲ့အ ထိ မအိပ်ပဲ နေတာမျိုးက ကျန်းမာရေးကို ထိခိုက်စေပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

ကိုယ့်ရဲ့အိမ် ဒါမှမဟုတ် ခြံ ထဲမှာ နာရီ ၀က် လောက် လမ်းလျှောက်တာပဲ ဖြစ်ဖြစ် ၊Youtube ထဲမှာ အိမ်မှာပဲ လုပ်လို့ရတဲ့ ကိရိယာလွတ် လေ့ကျင့်ခန်း လုပ်တာပဲ ဖြစ်ဖြစ်၊Zumba အကနဲ့ တခြား ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်းအက တွေကို ကြည့်ပြီး လိုက်လုပ်တာမျိုးပဲ ဖြစ်ဖြစ်လိုက် လုပ်ကြည့်ပါ။အိပ်လိုက် ၊ထိုင်လိုက် လုပ်နေတာမျိုးက ကျန်းမာရေးနဲ့ မညီညွတ် စေပါတယ်။ဒါကြောင့် နေ့စဉ် အနည်းဆုံး (၁၅)မိနစ် (သို့)နာရီ ၀က်လောက်တော့ လေ့ကျင့်ခန်း လုပ် ပေးကြပါ။

ရောဂါကူးစက်မှု မဖြစ်ရ အောင် ကျန်းမာရေး သတိပေးချက်တွေကို လိုက်နာပါ

Image:pixabay/zukunftssicherer

လူထူတဲ့ နေရာတွေကို မသွားပါနဲ့။လက်ကို မကြာခဏ ဆေးပါ။အိမ်ထဲမှာပဲ နေနေ၊အိမ်ပြင်ပဲ ထွက်ထွက် လက်ကို မကြာခဏ ဆေးပေးပါ။တခြားရောဂါ ဗိုင်းရပ်စ် ကူးစက်တာမျိုး မဖြစ် ရ အောင် အသားငါးတွေကို စားမယ်ဆိုရင်လည်း ကျက် အောင် ချက်ပြုတ် ပြီးမှ စားသုံးပေးပါ။

#SHWEMOM

SHARE