မိမိကောင်မလေးရဲ့အလှအပကို ချီးကျူးနည်း

သင့်မှာရည်းစားပဲရှိရှိ၊ ဇနီးမယားပဲရှိရှိ သူတို့ကို တန်ဖိုးထားပါ။ သူတို့ဟာ သင့်အတွက်အဖိုးတန်ပြီး သင့်မျက်လုံးထဲမှာ
လှပနေကြောင်း ခဏခဏပြောပေးပါ။ အမျိုးသမီးတွေဟာ သူတို့ချစ်ရသူဆီက အဲ့ဒိလိုစကားမျိုးကို အရမ်းမြတ်နိုးတတ်
ကြပါတယ်။ သင်က ထုတ်ဖော်မပြောပဲနေတာများရင် သူတို့စိတ်ထိခိုက်တတ်ကြပါတယ်။

(၁) နှုတ်ကထုတ်ဖော်ပြောပါ။

ပထမဆုံးစတွေ့တဲ့အချိန်မှာပြောတဲ့ “အရမ်းလှတယ်”ဆိုတဲ့စကားရယ် အိမ်ထောင်သက်၁၅နှစ်လောက်မှကြားရတဲ့
“အရမ်းလှတယ်”ဆိုတဲ့စကားဟာ မိန်းကလေးတွေအတွက်တော့ အတူတူကိုတန်ဖိုးရှိပါတယ်။ ဘယ်လိုအချိန်မျိုးပဲကြား
ရကြားရ သင်သာတကယ် ရိုးရိုးသားသားပြောနေရင် မိန်းကလေးတွေ အရမ်းပျော်ကြပါတယ်။

(၂) ခဏခဏပြောပါ။

မနေ့ကပဲ တစ်ခါပြောထားသေးတယ်။ ဒီတစ်ပတ်တော့ နားလိုက်ပါအုံးမယ်တော့ မလုပ်ပါနဲ့။ အခါအခွင့်သင့်တိုင်းခဏ
ခဏပြောပေးပါ။ မိန်းကလေးတွေရဲ့ခံစားချက်က အရမ်းကိုနူးညံ့လွန်းပါတယ်။ သူအလှပြင်ထားရဲ့သားနဲ့ သင့်ဆီကလှ
တယ်ဆိုတဲ့ စကားမကြားရတာ ကြာရင် သူတို့ကိုသူတို့ ယုံကြည်မှုကျလာတတ်ပါတယ်။ သင့်ချစ်သူကို ခဏခဏလှ
ကြောင်းပြောပေးပါ။

READ
ကောင်မလေးတစ်ယောက်ကိုအွန်လိုင်းမှာကြူမယ်ဆိုရင် သိထားသင့်တာလေးတွေ

(၃) စာရွက်ကလေးနဲ့ရေးပြီးပြောပါ။

ရှေးရိုးကျတယ်လို့တန်ဖိုးထားခြင်းမှာ မရှိပါဘူး။ သူမလှကြောင်းကို သင်တတ်စွမ်းသလောက် သီကုံးပြီးရေးကာ အခြား
လက်ဆောင်တစ်ခုခုနဲ့တွဲပေးပါ။ သင်ပေးတဲ့စာရွက်ကလေးကို သူမဆီက ပိုက်ဆံသိန်းချီပေးပြီးဝယ်တဲ့သူရှိတောင် သူမ
ရောင်းမှာ မဟုတ်ပါဘူး။

(၄) သူမလှကြောင်းပြောတဲ့အခါ ဖြစ်ကတတ်ဆန်းမပြောပါနဲ့။

ဖြစ်ကတတ်ဆန်းပြောမယ့်အစား မပြောတာကပိုကောင်းပါတယ်။ သူမလှကြောင်းပြောတဲ့အခါ သူမမျက်လုံးထဲကိုသေ
ချာကြည့်ပါ။ သင့်ရဲ့ရိုးသားမှုတွေ၊ အလေးထားမှုတွေကို သူမမြင်ပါစေ။

(၅) သူမကိုယ်ပေါ်က အသေးစိတ်အရာလေးတွေကိုသတိထားပါ။

မိန်းကလေးတစ်ယောက်ကို လှကြောင်းပြောနိုင်တဲ့အခြားနည်းက သူမရဲ့ကိုယ်ပေါ်ကအသေးစိတ်လေးတွေကိုမှတ်ထား
ခြင်းပါ။ ဥပမာ သူမရဲ့လက်သည်း၊ သူမရဲ့ဆံပင် စတာတွေပုံပြောင်းပြီးပြင်ဆင်ထားတဲ့ အခါ လှကြောင်းချီးကျူးပါ။

(၆) အမူအရာနဲ့ပြပါ။

တစ်ခါတစ်လေ စကားနဲ့ပြောစရမလိုပါဘူး။ သူမကို စိုက်ကြည့်ပါ။ ဘာလို့စိုက်ကြည့်နေကြောင်းမေးတော့မှ အရမ်းလှ
လို့ဖြစ်ကြောင်း ဖြေပါ။

(၇) ရိုးသားပါစေ။

မိမိချစ်ရသူ အမျိုးသမီးကို ရိုးသားစွာ ချီးကျူးပါ။ သူမနဲ့ကြည့်မကောင်းတဲ့ ဆံပင်ပုံစံမျိုးကြီးကို ကျိတ်မှတ်ပြီးချီးကျူးတာ
မျိုးမပြောပါနဲ့။ အလိမ္မာနည်းနဲ့သူမသိအောင်ပြောပါ။ သူမအနေနဲ့ ဘယ်လိုဆံပင်ပုံစံမျိုးနဲ့ဖြစ်ဖြစ် ကြည့်ကောင်းကြောင်း၊
ဒါပေမယ့် အရင်ဆံပင်ပုံစံလေးက သူမရဲ့အလှအပကို ပိုမိုပေါ်လွင်စေကြောင်း၊ ဒီဆံပင်ပုံစံကလှပေမယ့် သူမရဲ့အလှအပ
ကို အပြည့်အဝမပေါ်လွင်စေကြောင်း စသဖြင့် လိမ္မာပါးနပ်စွာပြောပါ။ သူမသဘောပေါက်ပါလိမ့်မယ်။

READ
စိတ်ဝင်စားတဲ့ကောင်မလေးနဲ့ပထမဆုံးချိန်းတွေ့တဲ့အချိန်မှာ ဆောင်ရန်ရှောင်ရန်များ

Source:lovepanky

shwemom post photo

SHARE