စိတ်ဖိစီးမှုတွေကို ကိုယ့်အတွက်ကောင်းကျိုးရရှိအောင်ဘယ်လိုပြန်အသုံးချမလဲ

စိတ်ဖိစီးမှုဆိုတာဘ၀မှာ ဖြစ်ချင်တာနဲ့ဖြစ်နေတာအံဝင်ခွင်ကျမဖြစ်တဲ့အခါခံစားရတာပါပဲ။ဒီလိုအံဝင်ခွင်ကျမဖြစ်တာကလည်း အချိန်တိုင်းလိုလိုဆိုတော့ ဘ၀မှာစိတ်ဖိစီးမှုကြုံရတယ်ဆိုတာ မထူးဆန်းတော့ပါဘူး။ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဘယ်လိုပြန်လည်အနိုင်ယူမလဲ။စိတ်ဖိစီးစေတဲ့အရာတွေကနေကိုယ့်အတွက်အကျိုးရှိအောင်ဘယ်လိုပြန်အသုံးချမလဲဆိုတာနဲ့ပတ်သက်ပြီး အသုံးဝင်မယ့်နည်းလမ်းလေးတွေကို Shwemom ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

ပြောပါ၊ မျှဝေပါ၊ ရင်ဖွင့်ပါ

တခါတလေကိုယ့်တစ်ယောက်တည်းအကြီးအကျယ်ကျိတ်ခံစားနေရတဲ့အရာတွေကတစ်စုံတစ်ယောက်ဆီမှာဖွင့်ဟတိုင်ပင်လိုက်တဲ့အခါ ဖြေရှင်းစရာနည်းလမ်းတွေရလာတတ်ပါတယ်။အရာရာတိုင်းကို ကိုယ်တစ်ယောက်တည်းအကောင်းဆုံး ဖန်တီးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါကြောင့်ကိုယ့်ကိုခက်ခဲကြပ်တည်းစေပြီးစိတ်ဖိစီးစေတဲ့အရာတွေကိုအကြံဥာဏ်ပေးနိုင်တဲ့သူ၊ ယုံကြည်ရတဲ့သူတွေဆီမှာ ဖွင့်ဟတိုင်ပင်သင့်ပါတယ်။

အကောင်းမြင်စိတ်ထားပါ

အတိတ်က မှားခဲ့တဲ့အရာတွေအပေါ်အဆိုးမြင်စိတ်နဲ့ကြည့်နေမိတဲ့ သင့်ရဲ့အမြင်တွေကိုပြောင်းလိုက်ပါ။အရာရာတိုင်းက ပုံစံတစ်မျိုးတည်းပဲဖြစ်တည်နေတာမဟုတ်တဲ့အတွက် ရလဒ်ဆိုတာ အဆိုးအကောင်းနှစ်မျိုးရှိနိုင်သလို အောင်မြင်မှုရှိရင် ကျရှုံးမှုဆိုတာလည်းရှိနေမှာပါပဲ။ဒီအချက်ကိုလက်ခံပြီးအကောင်းမြင်စိတ်နဲ့ကြည့်မယ်ဆိုရင်သင့်ရဲ့အမြင်တွေပြောင်းသွားမှာဖြစ်သလို စိတ်ဖိစီးမှုဖြစ်စေတဲ့အရာတွေလည်း မရှိနိုင်တော့ပါဘူး။

လက်လွှတ်တတ်ဖို့ သင်ယူပါ

သင့်အနေနဲ့ကမ္ဘာကြီးကိုထိန်းချုပ်လို့မရပါဘူး။ကမ္ဘာတစ်ပတ်လည်ပတ်မယ်ဆိုရင်တောင်ဒါမှမဟုတ်ကမ္ဘာကြီးဆီမျက်နှာမူထားမယ်ဆိုရင်တောင် ကမ္ဘာကြီးက သူ့ရဲ့တာဝန်အတိုင်းလည်ပတ်နေမှာပါ။အဲဒီလိုပဲ စိတ်ဖိစီးမှုတွေဆိုတာကလည်း ဘ၀မှာအံဝင်ခွင်ကျမဖြစ်တိုင်း ခံစားနေရမှာပါပဲ။ဒါကို ထိန်းချုပ်လို့မရသလို လက်မခံလို့လည်းမရပါဘူး။ဒါပေမယ့် စိတ်ဖိစီးစေတဲ့အရာတွေကို သင့်အနေနဲ့ လျစ်လျူရှုထားလို့တော့ရပါတယ်။တခါတလေ ထိန်းချုပ်ဖို့ခက်တဲ့အရာတွကို လက်လွှတ်လိုက်တာ သင့်အတွက်အကောင်းဆုံးဖြစ်မှာပါ။

ရှုထောင့်ပေါင်းစုံကိုထည့်သွင်းစဉ်းစားပါ

တခါတရံမှာသင့်ရဲ့ဘ၀နဲ့သင့်ရဲ့relationshipကိုမတူညီတဲ့ရှုထောင့်ကနေကြည့်ဖို့လိုပါတယ်။တကယ်တော့စိတ်ဖိစီးမှုဆိုတာတစ်ခုခုကိုလုပ်ကိုပြီးပြည့်စုံတဲ့အကြောင်းပြချက်ဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့အမြင်တွေပြောင်းလဲလက်ခံသင့်ရင်ပြောင်းလဲလက်ခံဖို့လိုပါတယ်။အခွင့်အလမ်းသစ်တွေအတွက်သင့်ရဲ့စိတ်ကိုဖွင့်ဟထားပါ။မတူညီတဲ့ရှုထောင့်ကနေကြည့်ပြီး ကိုယ့်ကိုဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ခံစားချက်တွေကို အဝေးကိုဖယ်ထုတ်လိုက်ရုံပါပဲ။

READ
စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာ (၅) ခု

ChoChoThan(Shwemom)

ref:lifehack.org

SHARE