အဖြူရောင် မျက်လုံးဆွဲခဲတံနဲ့ ဘာတွေလုပ်လို့ ရနိုင်မလဲ

Eyeliner မှာ အဖြူရောင် eyeliner ကို ဘာအတွက် သုံးလို့ရတယ်ဆိုတာကို မသိကြတာများတယ်။ သင့်ဆီမှာ White Eyeliner ရှိပြီး ဘာအတွက်သုံးလို့ရမှန်း မသိလို့ ဒီအတိုင်း ထားထားလိုက်ရင် မှားမယ်နော်။ အဖြူရောင် eyeliner နဲ့ မျက်လုံးကို ဒီလိုတွေ ခြယ်သလို့ရပါတယ်။

(၁) မျက်လုံးရဲ့ Waterline မှာဆိုးလို့ရတယ် 

မျက်လုံးအောက်မှာရှိတဲ့ waterline ကို အဖြူရောင် eyeliner နဲ့ဆွဲပေးမယ်ဆိုရင်တော့ သင့်မျက်လုံး ကြီးလာတယ်လို့ခံစားရမှာပါ။ မျက်ရစ်မပါတဲ့သူတွေအတွက်ဆို ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ waterline ကို အဖြူရောင်နဲ့ဆွဲပေးလိုက်တာက မျက်လုံးပိုကြီးလာသလိုဖြစ်နေလို့ပါ။

(၂) Eyeshadow အဖြူရောင် အဖြစ်သုံးလို့ရတယ် 

အဖြူရောင် eyeliner ကို သုံးပြီး မျက်ခွံတစ်ခုလုံးကို ခြယ်လိုက်ပါ။ ပြီးရင် တော့ ခြယ်ထားတဲ့ အဖြူရောင်တွေကို လက်နဲ့ ဖြန့်ပေးပါ။ ဒီလိုမျိုးလေးလည်း eyeshadow အနေနဲ့ သုံးလို့ရသလို မျက်လုံးထောင့်ကိုလည်း ခြယ်ပေးလို့ရပါတယ်။

READ
ဒီအချက်တွေကြောင့် သင့်အသားအရေ မကောင်းဘဲ ပျက်ဆီးနေရတာပါ။

(၃) နှုတ်ခမ်းလိုင်းဖော်လို့ရတယ် 

အဖြူရောင် eyeliner နဲ့ နှုတ်ခမ်းလိုင်းဖော်ပေးရင် နှုတ်ခမ်းထူထူလေးဖြစ်လာမှာပါ။  နှုတ်ခမ်းအပေါ်လေးကို မသိမသာ ခြယ်ပေးပြီး ဖြန့်လိုက်ပါ။ ဒီလိုဆို နှုတ်ခမ်းဖူးဖူးလေးဖြစ်လာမှာပါ။

source :stylecraze

Hannwe Soe (Shwemom)
SHARE