ချစ်သူနှစ်ဦးကြား တစ်နေ့တခြား အချစ်တွေတိုးလာစေမယ့် နည်းလမ်း(၅)သွယ်

Image -shutterstock

တစ်ယောက်တည်းနေတဲ့သူထက် ချစ်သူနဲ့ပျော်နေတဲ့သူက ပိုပြီးကျန်းမာရေးကောင်းတယ်လို့ လေ့လာချက်တွေအရ သိရတယ်။ ချစ်သူရှိပြီးပျော်နေတဲ့သူက စိတ်ကိုပျော်စေတယ်၊ လိုအပ်နေတဲ့အချိန်မှာ နှစ်သိမ့်ပေးမယ့်သူရှိတယ်။ အဲ့ဒါေ တွကြောင့် သင့်နဲ့သင့်ချစ်သူ ပျော်ရွင်ရတဲ့ relationship တစ်ခုကိုတည်ဆောက်ကြပါ။ ဒီအချက်တွေက သင့်နဲ့သ င့်ချစ်သူ တစ်ရက်ထက်တစ်ရက် ပိုပိုချစ်လာစေမယ့်နည်းလမ်းတွေပဲဖြစ်တယ်။

၁။ များများ ထိတွေ့ပေးပါ

Image -shutterstock

သင့်ချစ်သူနဲ့ ထိတွေ့မူများများလုပ်ပေးပါ။ အသားချင်းများများထိပေးရင် ချစ်စိတ်တွေပိုပြီးတိုးလာစေလို့ပါ။ အဲ့ဒါကြောင့် လက်ကိုင်တာပဲဖြစ်ဖြစ်၊ ပါးကိုင်တာပဲဖြစ်ဖြစ်၊ သူ့ဆံပင်လေးကိုထိတာပဲဖြစ်ဖြစ်၊ ဖက်ထားတာပဲဖြစ်ဖြစ် သင့်ချစ်သူနဲ့ အမြဲထိတွေ့အောင်နေပါ။ အဲ့ဒါမှ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေပိုတိုးလာကြမှာပါ။

၂။ ဖုန်းသုံးချိန် ကန့်သတ်ထားပါ

သူနဲ့တွေ့နေတဲ့အချိန်မှာ နှစ်ယောက် ဖုန်းသုံးချိန်ကို ကန့်သတ်ထားပါ။ သင့်နဲ့လည်း အပြင်မှာ တွေ့နေရတာဖြစ်တဲ့အ တွက် သူ့ကို ဖုန်းသုံးချိန် ကန့်သတ်ပေးထားပါ။ ဖုန်းကြောင့် သင့်တို့နှစ်ယောက် တွေ့ချိန်လျော့သွားတာမျိုးအဖြစ်မခံ ပါနဲ့။ ဖုန်းကြောင့်ပဲ အပြင်မှာ စကားပြောနည်းသွားတာမျိုးလည်း အဖြစ်မခံပါနဲ့။ အဲ့လို ဖုန်းသုံးချိန်ကို သတ်မှတ်ထား လာရင် တစ်ယောက်နဲ့တစ်ယောက် စကားပြောချိန်တွေပိုရလာမှာပါ။ အဲ့ဒါမှ သင့်နဲ့သင့်ချစ်သူရဲ့အချစ်တွေ ပိုနီးစပ် လာမှာပါ။

READ
ဒိုမီနိုပီဇာဆိုင်မှာ ဗြောင်ကျကျချစ်တင်းနှောတဲ့စုံတွဲ၊ ထောင်ကျမည့်အရေး ရင်ဆိုင်နေရ

၃။ တစ်ယောက်အတွက် တစ်ယောက်ရှိနေပေးပါ

Image -shutterstock

သင့်ချစ်သူ စိတ်ညစ်နေချိန်၊ ပြသနာတွေ ၀ိုင်းနေတဲ့အချိန်မှာ သင်က ဘေးမှာ ရှိနေပေးပါ။ အဲ့ဒါမှ သင့်ချစ်သူရဲ့စိတ် ထဲမှာ လုံခြုံသွားသလိုခံစားလာရပြီ သင်ရှိနေရင် ပြည့်စုံသွားပြီ ဆိုတဲ့အတွေးတွေရှိလာမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်လည်း ပိုပြီးရင်းနှီးသွားသလိုခံစားလာရသလို ပိုပြီးလည်းချစ်လာမှာပါ။

၎။ တစ်ခုခုကို အတူတူဖန်တီးကြည့်ပါ

Image -shutterstock

သင်ဝါသနာပါတဲ့အရာ (ဒါမှမဟုတ်) သူဝါသနာပါတဲ့အရာတွေကိ အတူတူဖန်တီးပြီးလုပ်ကြည့်ပါ။ နှစ်ကြာနေပြီးဖြစ်တဲ့ စုံတွဲတွေက စိတ်လူပ်ရှားစရာတွေကို အမြဲအတူတူဖန်တီးတတ်ကြတယ်။ အဲ့ဒါကြောင့် သင့်နဲ့ သင်ချစ်သူ အချစ်တွေ ပိုတိုးလာအောင် အမှတ်တာတစ်ခုခုကို အတူတူဖန်တီးကြည့်ပါ။ ပရဟိတတွေအတူတူလုပ်တာတို့၊ စွန့်စားရတာတွေကို အတူတူလုပ်ကြည့်တာကို လုပ်ကြည့်ပါ။

၅။ တစ်ယောက်ကို တစ်ယောက် ချီးမွမ်းပေးပါ

တစ်စုံတစ်ယောက်ကို Appreciate လုပ်ပေးတာက ကောင်းတဲ့အလုပ်ပါ။ သူ့အတွက်လည်းအားဖြစ်စေသလို သင့်စိတ်ထဲလည်း ပီတိတွေဖြစ်လာစေတယ်။ သူ့ကြိုးစားခဲ့တဲ့ အရာတွေ၊ အလုပ်တွေအတွက် ချီးမွမ်းပေးပါ။ အဲ့ဒါမှ သင်တို့နှစ်ယောက်အချစ်တွေပိုတိုးလာမှာပါ။

READ
လိင်တူလက်ထပ်ပွဲဓာတ်ပုံတွေ တင်ခဲ့လို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ ကျောင်းဆရာမလေး

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE