မွေးရပ်နိုင်ငံကိုလွန်ပြီး နိုင်ငံရပ်ခြားမှာ အခြေချအောင်မြင်နေကြတဲ့ တရုတ်ဘီလျံနာများ

instagram/vulcanpost, WeChat, www.dfic.cn

ချမ်းသာတဲ့သူအများစုက ချမ်းသာပြီးရင်း ချမ်းသာနေကြတာ များပါတယ်။ ဘီလျံနာအများစုဟာလည်း လက်ရှိသန်းကြွယ်သူဌေးဖြစ်နေသည့်တိုင်အောင် ပိုပြီး စီးပွားအရှာကောင်းမယ့်နေရာတွေဆီ ရွှေ့ပြောင်းကာ စီးပွားရေးလုပ်ငန်းတွေကို ချဲ့ထွင်ကြပါတယ်။ ရှန်ဟိုင်းအခြေစိုက် ဟာရွန်းသုတေသနသိပ္ပံက ပြုလုပ်တဲ့ဆာဗေးမှာတော့ ကျိကျိတက်ချမ်းသာလွန်းတဲ့ တရုတ်သူဌေးကြီးတွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ နိုင်ငံရပ်ခြားဆီ ပြောင်းရွှေ့နေထိုင်ဖို့ စဉ်းစားကြတယ် ဆိုပါတယ်။

(၂၀၁၉) ခုနှစ်အရ တရုတ်နိုင်ငံမှာ ဘီလျံနာ (၆၅၈) ဦး ၊ အမေရိကန်မှာ (၅၈၄) ဦးရှိကြောင်း ဟာရွန်းရဲ့တစ်ကမ္ဘာလုံးဆိုင်ရာ သန်းကြွယ်သူဌေးစာရင်းအရ သိရပါတယ်။ ကုန်သွယ်စစ်ပွဲဖြစ်နေပေမယ့် ပြီးခဲ့တဲ့ (၁၂) လတာ ကာလအတွင်း တရုတ်နိုင်ငံက ဘီလျံနာဦးရေဟာ အမေရိကန်ထက် ပိုများနေတာကို တွေ့ရပါတယ်။ အခုကတော့ ချမ်းသာကြွယ်ဝလာတဲ့အခါ မူရင်းဇာတိကိုစွန့်ပြီး နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်ဖို့ ကြိုးစားခဲ့ကြတဲ့ တရုတ်ဘီလျံနာတွေအကြောင်း smcp သတင်းစာမျက်နှာကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

စင်ကာပူ

 

View this post on Instagram

 

Meet the founder of the famous hot pot chain, Haidilao. While Zhang Yong may have scored a spot on Forbes’ 2019 List of Billionaires, his story began when he was a factory worker in China, earning just 93 yuan (about S$19) a month. Originating in Sichuan in the 1990s, he has built up the brand based on a strong focus on providing the best customer service. That explains why Haidilao goes way beyond serving food, to even giving free massages and manicure while customers wait. Find out what else went into making the US$12 billion hotpot chain. – WeBarre is Singapore’s first barre studio, teaching a method that combines elements of ballet, yoga, pilates and strength training. Its founders Anabel Chew and Linda Tang used to be a professional musician and a marketer, but they gave this new business a shot with no holds ‘barre’-d. In three years, they opened 4 studios and have 14,000 members. – WonderBrew just began brewing and selling kombucha in Malaysia last November, from their own home kitchen. Leveraging on millennials’ demand for healthier options, its founders Joseph, Adam, and Boon, source local ingredients and make their drinks fresh each day. They’ve now moved into a commercial facility, and put their drinks in 13 locations by the first month. – Catch up on these stories, and others like them, in our weekly newsletter. Link in our bio!

A post shared by • Vulcan Post • (@vulcanpost) on


စီချွမ်ဟော့ပေါ့ Haidilao ကိုတည်ထောင်သူ Zhang Yong ဟာ မနှစ်ကမှ စင်္ကာပူနိုင်ငံသား ဖြစ်လာခဲ့ပြီး စင်္ကာပူရဲ့ အချမ်းသာဆုံးသူကြွယ်အယောက် (၅၀) စာရင်းမှာ ပါလာခဲ့သူပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၀၁၈) ခုနှစ် ဟောင်ကောင်မှာ သူ့ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ (၉၆၃) သန်း ရှိခဲ့ရာကနေ (၁၆) ဘီလီယံတန်ဖိုးအထိ  တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူ့ရှယ်ယာဈေးတွေက သိသိသာသာကျသွားလိမ့်မယ်လို့တော့ ခန့်မှန်းရပါတယ်။

READ
အရင်ခေတ်ကဆေးပညာရှင်တွေအသုံးပြုခဲ့တဲ့ ကျောချမ်းဖွယ်ရာနည်းလမ်းများ

ၾသစေတးလ်

Photo: WeChat

အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ Yuhu Group ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Huang Xiangmo ဟာ (၂၀၁၁) ခုနှစ်မှာ သြစတေးလျကို ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် စက်တင်ဘာလမှာတော့ Huang Xiangmo ကို အမေရိကန်ဒေါ်လာ (၈၄) သန်း အခွန်ငွေတွေရှောင်လို့ဆိုပြီး သြစတေးလျအခွန်ရုံးကနေ တစ်ကမ္ဘာလုံးက သူ့လုပ်ငန်းတွေကို ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်း Huang Xiangmo ရဲ့လက်ထဲမှာတော့ ငွေပြတ်လပ်ပုံမရပါဘူး။ အခွန်ရုံးက အမိန့်စာလာတဲ့လမှာပဲ သူဟာ ဟောင်ကောင်မှာ အမေရိကန်ဒေါ်လာ (၆၇) သန်းတန်တဲ့ အိမ်ကြီးတစ်လုံးကို ၀ယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ သြစတေးလျအာဏာပိုင်တွေက Huang Xiangmo ဟာ နိုင်ငံရေးထဲဝင်ရောက်လှုပ်ရှားနေပြီး အခွန်တွေလိမ်လည်ထားတာကြောင့် နိုင်ငံတွင်း အမြဲနေထိုင်ခွင့်ပါမစ်နဲ့ နိုင်ငံသားအဖြစ် လျှောက်ထားခွင့်တွေကိုပါ အကုန်ပယ်ဖျက်ခဲ့တယ်လို့ သိရပါတယ်။

READ
သင်လုံးဝယုံကြည်နိုင်မှာမဟုတ်ပေမယ့် တကယ်ဟုတ်နေတဲ့လောကကြီးရဲ့အမှန်တရားများ

ကနေဒါ

Photo: Weibo

ဘဲကျောင်းသမားဖြစ်ခဲ့ဘူးတဲ့ Chen Mailin ဟာ အခုဆို သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်နေပါပြီ။ သူဟာ ကနေဒါနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ရထားသူ ဖြစ်ပါတယ်။ (၂၀၁၅) ခုနှစ်မှာတော့ ဗန်ကူးဗားမှာ အမေရိကန်ဒေါ်လာ သန်း (၄၀) တန်တဲ့ အိမ်ကြီးကို ၀ယ်လိုက်ပါတယ်။ ကနေဒါ အိမ်ခြံမြေလောကမှာတော့ ဒါက အရမ်းတန်ဖိုးကြီးတဲ့ အိမ်ခြံမြေရောင်းဝယ်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း Chen Mailin ရဲ့သားဟာ ကနေဒါဒေါ်လာ (၅.၁) သန်းတန်တဲ့ အထူးထုတ် Bugatti ကားကို ဖခင်ဖြစ်သူရဲ့ UnionPay ခရက်ဒစ်ကတ်နဲ့ ၀ယ်ယူခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်

www.dfic.cn

Zhang Yin ဟာ Nine Dragons Paper Holdings ရဲ့ဥက္ကဌဖြစ်ပါတယ်။ အမေရိကန်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်းမှ သူမဟာ တရှိန်ထိုး ချမ်းသာလာခဲ့ပါတယ်။ ကွမ်တုန်းဖွား Zhang Yin ဟာ ဟောင်ကောင်မှာ စက္ကူနဲ့ပျော့ဖတ်ကုမ္ပဏီကို စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Zhang Yin ဟာ အမေရိကန်မှာ ပိုကောင်းတဲ့အရည်အသွေးနဲ့ စက္ကူတွေပိုပြီး ပေါပေါများများရနိုင်တယ်ဆိုတာ သိပါတယ်။ လက်ရှိ Green card ကိုင်ဆောင်ထားသူဖြစ်တဲ့ သူမဟာ အမေရိကန်က စက္ကူကုန်ကြမ်းတွေကို တရုတ်နိုင်ငံဆီတင်ပို့ပြီး တရုတ်မှာ ကုန်ချော ပြန်ထုတ်လုပ်ပါတယ်။ အခုဆိုရင် Zhang Yin ဟာ တရုတ်နိုင်ငံရဲ့အချမ်းသာဆုံးအမျိုးသမီးတွေထဲမှာ တစ်ဦးအပါအ၀င် ဖြစ်နေပါပြီ။

လင်းလင်း (ShweMom)

SHARE