မိုးလေဝသကြေငြာသူဖြစ်ချင်တဲ့ အမျိုးသမီးရဲ့ကိုယ်တိုင်ရိုက် ဗီဒီယိုကြောင့် Fan များရာချီလာခဲ့

Facebook

အသက် (၄၂) နှစ်အရွယ် Nev G DeMarni ဟာ ငယ်စဉ်ကတည်းက သူမဖြစ်ချင်တဲ့ မိုးလေဝသ ကြေငြာသူတစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ရှိနေခဲ့ပါတယ်။

Facebook

ဒါပေမဲ့ သူမဖြစ်ချင်သလိုဖြစ်မလာခဲ့ဘဲ အိုးအိမ်ကောင်စီအရာရှိတစ်ဦးအဖြစ် အသက် (၄၀) ကျော်အထိ လုပ်ကိုင်ခဲ့ပါတယ်။ အိုးအိမ်ကောင်စီ အရာရှိရာထူးမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပစ်ခဲ့ရအပြီးမှာတော့ သူမဝါသနာပါရာအလုပ်ကို ဘယ်သူ့ အကူအညီမှ မယူဘဲ စတင်လုပ်ကိုင် ခဲ့ပါတယ်။

Facebook ကို အသုံးချကာ Nev ဟာ နေ့တိုင်းလိုလို စက္ကန့်(၃၀)စာ မိုးလေဝသ ကြေငြာထားတဲ့ ဗီဒီယိုကို မနက် (၉) နာရီတိုင်း တစ်နေ့တစ်ခု တင်ပေးခဲ့ပါတယ်။

Facebook

ဒါကြောင့်ပဲ အချိန်မှီ ဗီဒီယိုတင်နိုင်ဖို့ မနက် (၄) နာရီမှာ ကြေငြာတဲ့ Met Office website မှ မိုးလေဝသကြေငြာချက်ကို အလျင်မီအောင် ထကြည့်ရပါတယ်။ သူမဗီဒီယို ရိုက်တဲ့နေရာကတော့ အိမ်နောက်ဘက်က ဥယျာဉ်လေးမှာပဲ ဖြစ်ပါတယ်။

READ
လမ်းလျှောက်သင်နေဆဲကလေးငယ် အမည်မသိလူတစ်စုက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံး
Facebook

သူမရဲ့ ကိုယ်ပိုင်ဟန်ပန်ကတော့ ရာသီဥတုနဲ့လိုက်ပြီး ဝတ်ဆင်ကာ သတင်းကြေငြာတဲ့ပုံစံကြောင့်ရယ်၊ တိုတိုနဲ့လိုရင်းကို စက္ကန့် (၃၀) အတွင်း ကြေငြာနိုင်တဲ့ အတွက်ကြောင့်ရယ်ပဲဖြစ်ပါတယ်။ သူမ အစီအစဉ်တွေရဲ့ ကြည့်ရှုသူနှုန်းက သူမမျှော်လင့်ထားသလို ဖြစ်မလာသေးပေမယ့်လည်း စိတ်ဓာတ်မကျပဲ ရအောင်ဆက်ကြိုးစားသွားမယ်လို့ Nev က ဆိုပါတယ်။

အခုလို ကျော်ကြားလာတာနဲ့အညီ သူမကို ရုပ်သံအစီအစဉ်တစ်ခုခုမှ မိုးလေဝသသတင်းကြေငြာသူအဖြစ် ကမ်းလှမ်းလာမယ့်နေ့ကိုလည်း စောင့်နေပါတယ်လို့ ဆိုပါတယ်။

Source: Daily Mail

Penny

SHARE