သူမရဲ့ တင်ပါးကို ဗီဒီယိုရိုက်နေတဲ့ အမျိုးသားကို ထိပ်တိုက်တွေ့ခဲ့တဲ့ အမျိုးသမီး

အာဂျင်တီးနားနိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ဗီဒီယိုလိုက်ရိုက်နေတဲ့ အမျိုးသားတစ်ဦးကို ထိပ်တိုက်ရင်ဆိုင် တွေ့ခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးဟာ အသက်(၂၅) နှစ်အရွယ် ဆိုးလ်ပီရေ့ဇ်ဆိုသူဖြစ်ပြီး တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ “Gente Opinando” အတွက် စကားပြောနေတာ ဖြစ်ပါတယ်။ ဆိုးလ်ဟာ ရိုက်ကူးရေးလုပ်နေတုန်းမှာ သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပိုလိုအယ်လ်ဗာရေးက လူအုပ်ကြားထဲက အမျိုးသားတစ်ယောက်ရဲ့ ဆိုးဝါးလှတဲ့အပြုအမူကို ညွှန်ပြခဲ့တာ ဖြစ်ပါတယ်။

CEN

ဆိုးလ်ဟာ ချက်ခြင်းပဲ သူမရဲ့ လုပ်ဖော်ကိုင်ဖက် ဆိုလိုချင်တာကို နားလည်သဘောပေါက် ပုံရပြီး သူမကို ဗီဒီယိုရိုက်နေတဲ့ အမျိုးသားဆီ ရင်ဆိုင်ဖို့ သွားလိုက်ပါတယ်။ ထိုအမျိုးသားကို ဘာတွေ ဗီဒီယိုရိုက်နေလဲ မေးလိုက်တဲ့အခါ ထိုသူက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဆီကို ပို့ပေးနေတာလို့ ဆိုပါတယ်။ ဆိုးလ်က သတင်းရိုက်ကူးတယ် ဆိုရင်လည်း ကြေညာတဲ့သူကို နောက်ဖက်ကနေ ရိုက်တာ အဓိပ္ပါယ်မရှိကြောင်းနဲ့ မလျော်မကန် ရိုက်ကူးနေတာ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

READ
လိင်အားတိုးဆေးအသောက်လွန်ပြီး လေဆိပ်မှာဝတ်လစ်စလစ်နဲ့လျှောက်ရမ်းခဲ့သူအမျိုးသား
CEN

ထိုအမျိုးသားကလည်း မလျော့ပဲ ခုလက်ရှိနေရာကနေ မရိုက်ရရင် ရှေ့ကို သွားရိုက်ရမလားဆိုပြီး ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆိုးလ်က ပုံမှန် ဗီဒီယိုရိုက်ကူးတာဆိုရင် ဘယ်နေရာမဆို အဆင်ပြေပေမယ့် တကယ်လို့ သူမရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ရိုက်တာမျိုးဆိုရင်တော့ အဆင်မပြေပါဘူးလို့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

CEN

ဆိုးလ်ရဲ့ တုံ့ပြန်ပုံနဲ့ ပတ်သက်လို့ အွန်လိုင်းမှာ မကြိုက်နှစ်သက်သူတွေလည်း ရှိနေပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူမဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ သူမရဲ့ တင်ပါးကို အသားပေးတဲ့ ဓာတ်ပုံတွေ မကြာမကြာတင်လေ့ရှိတာကြောင့်ပါ။ ဒါကြောင့် လူမြင်အောင် တင်ပါးကြီးတဲ့ ပုံတွေလည်း တင်သေးတယ်၊ ခုလို ဓာတ်ပုံရိုက်တော့လည်း မကြိုက်ဘူး၊ ဘာသဘောလဲ၊ ပိုက်ဆံလိုချင်လို့လား စသဖြင့် ဝေဖန်သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ “ဒီမိန်းမက သူ့တင်ပါးနဲ့ပဲ ကျော်ကြားနေတာလေ။ ခုနောက်ကနေ ဗီဒီယိုရိုက်တော့မှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့…” လို့ ဆိုနေသူတွေရှိသလို တချို့ကလည်း ဘာပဲပြောပြော ကာယကံရှင်ရဲ့ သဘောဆန္ဒမပါပဲ ဗီဒီယိုရိုက်တာကတော့ ရိုင်းပျတဲ့အပြုအမူဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

READ
နှစ်(၇၀)ကျော် နှိပ်စက်ခံရပြီးနောက် လွတ်မြောက်ခွင့်ရခဲ့လို့ မျက်ရည်ကျခဲ့ရှာတဲ့ ဆင်ကြီး

လင်းလင်း (ShweMom)

Ref: dailymail, sputniknews

SHARE