Oscar Entry ထဲဝင်သွားခဲ့ပြီဖြစ်တဲ့ ဒုတိယမြောက် ဂျပန် Animation ရုပ်ရှင်အကြောင်း

ToHo-Weathering With You

ဂျပန်ဟာ ကမ္ဘာကို anime တွေနဲ့ လွှမ်းမိုးချုပ်ကိုင်ထားတယ်ဆိုတာ သင်သတိထားမိပါသလား။ Anime ဇာတ်ကောင်တွေ၊ anime ဇာတ်လမ်းတွဲတွေ၊ ဂိမ်းတွေ၊ animation ရုပ်ရှင်တွေ အစရှိသဖြင့်ပေါ့။ အာရှတစ်လွှားသာမကဘဲ အနောက်နိုင်ငံတွေအထိ ဂျပန်ဆိုရင် anime လို့ တွဲမြင်ရလောက်အောင် လူကြိုက်များအောင်မြင်မှု ရရှိလာခဲ့ကြတာပါ။

အဲဒီအထဲကမှ ကျွန်တော့်အနေနဲ့ အကြိုက်ဆုံးကတော့ animation ရုပ်ရှင်တွေပါပဲ။ ဒီ animation ရုပ်ရှင်တွေမှာဆိုရင် တကယ့်လူကားတွေလိုပဲ အမျိုးအစားတွေ ကွဲပြားတတ်ကြပါတယ်။ Horror လား၊ သဘာဝလန်လား၊ သိပ္ပံနယ်လွန်ခေတ်စားလား၊ ဒါမှမဟုတ် ဒရာမာလားပေါ့။ ကျွန်တော်က တကယ့်လူစစ်စစ်တွေနဲ့ရိုက်တဲ့ ရိုမန်းတစ်ဒရာမာသာမကြိုက်ရင်နေမယ် ဒီလို animation ရုပ်ရှင်တွေရဲ့ ရိုမန်တစ်ဒရာတွေကိုတော့ အသည်းစွဲပဲဗျ။

ဥပမာပြောရရင် 5 Centimeters per Seconds တို့၊ Your Name တို့၊ The Garden of Words တို့လို မျိုးပေါ့။ အခုဖော်ပြသွားတဲ့ ရုပ်ရှင်ကားတွေအကုန်ရဲ့ ဒါရိုက်တာက Makoto Shinkai ဆိုတဲ့ ဒါရိုက်တာဖြစ်ပါတယ်။ ဆိုတော့.. ရိုမန်တစ်ဒရာမာ animation ရုပ်ရှင်တွေထဲကမှ Makoto Shinkai ရဲ့ လက်ရာတွေက အကြိုက်ဆုံးလို့ဆိုနိုင်မှာပါ။

ToHo-Weathering With You

Makoto Shinkai အနေနဲ့ ဒီလောကထဲကို ၁၉၉၈ ခုနှစ်တုန်းက The World be Enclosed ဆိုတဲ့ animation ရုပ်ရှင်ကိုရိုက်ကူးရင်း ဝင်ရောက်လာခဲ့တာဖြစ်ပေမယ့်လို့ စစချင်းတော့ အောင်မြင်မှုကို သိပ်မရခဲ့ပါဘူး။ ၂၀၀၂ ခုနှစ်တုန်းက ထွက်လာခဲ့တဲ့ Voices of a Distant Star နဲ့မှ ပရိတ်သတ်ရဲ့အားပေးမှုကို အများကြီးခံခဲ့ရပြီးနောက်ပိုင်း ခုဏကပြောခဲ့တဲ့ 5 Centimeters per Second (၂၀၀၇) တို့၊ Children Who Chase Lost Voices (၂၀၁၁) တို့၊ Someone’s Gaze (၂၀၁၃) တို့၊ The Garden of Words (၂၀၁၃)၊ ကမ္ဘာကရုပ်ရှင်ချစ်ပရိတ်သတ်တွေကို ကိုင်လှုပ်ခဲ့တဲ့ Your Name (၂၀၁၆) တို့ကို တာဝန်ယူ ရိုက်ကူးထားခဲ့ပါတော့တယ်။

READ
2016 ခုနှစ်မှာ စိတ်လှုပ်ရှားစရာကောင်းဆုံး ပေးခဲ့တဲ့ ဗွီဒီယိုဖိုင်များ
ToHo-Weathering With You

အခု ၂၀၁၉ ထဲမှာတော့ ဒါရိုက်တာ Makoto Shinkai  ရိုက်ကူးခဲ့တဲ့ “Weathering With You” ဆိုတဲ့ animation ရုပ်ရှင်တစ်ကားထွက်လာခဲ့ပြီးပါပြီ။ ရုပ်ရှင်ထွက်ခဲ့တဲ့လဟာ ဇူလိုင်လကမှဖြစ်တာကြောင့် ကြည့်ပြီးသားပရိတ်သတ်တွေရှိနေသလို တချို့မကြည့်ရသေးတဲ့သူတွေလည်း ရှိလို့နေဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် “Weathering With You” အကြောင်းလေး အရင်ဆုံးမိတ်ဆက်ပေးပါရစေ။

“Weathering With You” ဟာ Makoto Shinkai ရဲ့ ထုံးစံအတိုင်းပဲ သဘာဝလွန်ဖြစ်ရပ်လေးတွေ စွက်နေခဲ့ပါတယ်။ Hodaka Morishima ဆိုတဲ့ အထက်တန်းကျောင်းသားလေးဟာ တိုကျိုကိုထွက်လာရင်း Hina Amano ဆိုတဲ့ ရွယ်တူမိဘမဲ့ကောင်မလေးတစ်ယောက်နဲ့ ရင်းနှီးသွားခဲ့ကြပါတယ်။ အဒီနေ့ကမိုးတွေကလည်း ရွာနေတာပေါ့။ ဒါပေမဲ့ Hina Amano ကြောင့် ရွာနေတဲ့မိုး ချက်ချင်းတိတ်သွားခဲ့တဲ့အချိန်မှာတော့ Hodaka Morishima ဟာ မယုံကြည်နိုင်ပေမယ့်လို့ ဒီကောင်မလေးဟာ မိုးကိုလိုသလို ထိန်းချုပ်လို့ရတယ်ဆိုတာ ကိုယ်တွေ့မြင်ခဲ့ရပါတော့တယ်။ ဒီလောက်ပဲ ဖော်ပြထားပေမယ့်လို့ တကယ်ဇာတ်လမ်း ကြည့်လိုက်ရတဲ့အခါမှာ “Weathering With You” အနေနဲ့ ဘယ်လောက်တောင် လေးနက်တဲ့ ရုပ်ရှင်တစ်ကားလည်းဆိုတာ ခံစားလို့ရမှာပါ။

READ
ပုဂံမြို့ဟောင်းမှာ အထာကျကျလန်းနေတဲ့ သက်မွန်မြင့်တို့ ဇနီးမောင်နှံနှစ်ဦး

Business Insider ရဲ့ ဖော်ပြချက်အရတော့ ထုတ်လုပ်ရေး Toho ဟာ ရုပ်ရှင်ထွက်ပြီး ၁ လအကြာမှာပဲ ဂျပန်နိုင်ငံရဲ့ ထိပ်တန်းလူကြည့်အများဆုံးရုပ်ရှင် ၁၀ ကားစာရင်းထဲ ဝင်သွားခဲ့ပါတယ်တဲ့လေ။ ဒါကြောင့်လည်း ဂျပန်အနေနဲ့ လာမယ့်နှစ် Oscar ပေးပွဲမှာ “Weathering With You” ကို ဝင်ရောက်ယှဉ်ပြိုင်စေဖို့အတွက် အခွင့်အရေးရသွားခဲ့တာပါ။ အမေရိကကိုတော့ လာမယ့် ၂၀၂၀ မှာ ဖြန့်ချီဖို့ ကြိုးစားနေကြပါတယ်တဲ့။

ဂျပန် animation ရုပ်ရှင်သမိုင်းမှာ ပထမဆုံး Oscar ဆုရခဲ့တဲ့ ရုပ်ရှင်ကတော့ ၂၀၀၁ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ “Sprited Away” ပါ။ နာမည်ကြီး Studio Ghibli ကနေ ထုတ်လုပ်ခဲ့တာဖြစ်ပြီး အော်စကာဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အခု Makoto Shinkai ရဲ့ Weathering With You ကရော ၂၀၁၉ မှာ Oscar ဆု ရသွားမှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါပဲ။

Penny

SHARE