ဟောလိုးဝင်းပွဲတော်အတွက် အထူးပြင်ဆင်ပြီး မိုးလေဝသကြေငြာခဲ့တဲ့ ကိုလူချော

YouTube-Global News

ဝိဥာဉ်များနိုးကြွတဲ့နေ့ သို့မဟုတ် ဟောလိုးဝင်းပွဲတော်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့တုန်းက ပြီးဆုံးသွားခဲ့ပါပြီ။ ပွဲတော်ကို အနောက်နိုင်ငံတွေမှာတော့ နှစ်တိုင်းလိုလို ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပနေကျဖြစ်ပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် ရုပ်သံလိုင်းတစ်ခုရဲ့ မိုးလေဝသသတင်းကြေငြာတာတောင်မှပဲ ဟောလိုးဝင်းအတွက်ဆိုပြီး အထူးတလည်ပြင်ဆင်လာပြီးကို ကြေငြာတာပါတဲ့လေ။ Mashable မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Global News ရဲ့အခွဲ Global Calgary မှာတော့ အောက်တိုဘာလ ၃၁ ရက်နေ့တုန်းက မိုးလေဝသသတင်းကြေငြာပေးဖို့ဆိုပြီး လူတစ်ဦးကိုဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီအချိန် တီဗီဖန်သားပြင်ထဲကို ခုန်ဝင်လာခဲ့တာကတော့ Ferdinand ပါ။ Ferdinand ဟာ Global Calgary သတင်းဌာနရဲ့ မိုးလေဝသပညာရှင်တစ်ဦးဖြစ်ပြီး နာမည်အရင်းကတော့ Jordan Witzel ပါတဲ့။

မိုးလေဝသပညာရှင်တစ်ယောက်က မိုးလေဝသတင်းကြေငြာပေးတယ်ဆိုတာ သိပ်တော့ အထူးအဆန်းမဟုတ်ပေမယ့်လို့ Ferdinand ရဲ့ ပုံစံကြောင့် သတင်းတင်ဆက်သူတွေပါ ဝက်ဝက်ကွဲရယ်ပွဲဆင်ခဲ့ကြပါတော့တယ်။ Unicorn ပုံစံကြီးဝတ်လာပြီး မိုးလေဝသတင်းကြေငြာပေးတယ်တဲ့လေ။ အဖြူရောင်ကိုယ်ကြပ်အင်္ကျီနဲ့၊ အမြီးရောင်စုံလေးတပ်၊ ခေါင်းမှာလည်း ပန်းဆီရောင်ဆံပင်တုနဲ့ ဂျိုနဲ့၊ ကျောဖက်မှာလည်း တောင်ပံလေးပါတပ်ထားတဲ့ Ferdinand တစ်ယောက် မျက်နှာဘေးကလည်း ပြောင်စပ်စပ်နဲ့ရယ်ပါလေ။

READ
သင်မမြင်ဖူးသေးတဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံးကြောင်လေးများ

လက်မှာလည်း ငွေရောင်မြင်းခွာလေးတပ်ထားတဲ့ ကို့ရို့ကားယားပုံစံကြောင့် သတင်းတင်ဆက်သူအမျိုးသမီးခင်ဗျာ ကင်မရာချိန်ထားတာတောင်မှပဲ မျက်ရည်ထွက်အောင်တခွီးခွီးနဲ့ရယ်နေပါတော့တယ်။ Ferdinand အနေနဲ့ ဟောလိုးဝင်းနေ့တွေမှာ ဒီလိုအထူးတလည်ပြင်ဆင်လာပြီး မိုးလေဝသတင်းကြေငြာပေးတယ်ဆိုတာ ပထမဆုံးမဟုတ်တော့ပါဘူး။ အရင်နှစ်တွေတုန်းကလည်း ဒီလိုပုံစံတွေ ဝတ်ခဲ့ပါတယ်တဲ့လေ။

YouTube-Global News
YouTube-Global News

Penny

SHARE