ကမ္ဘာ့မြေဆွဲအားကို ဆန့်ကျင်ထားသလိုတွေ့ရတဲ့ မျက်နှာကြက်ပေါ်က မင်္ဂလာကိတ်မုန့်ကြီး

twitter/FLjasmy

သတို့သမီးအများစုက သူတို့မင်္ဂလာဆောင်တဲ့အခါ သူများထက်ကိုပိုထူးခြားနေမှ ကျေနပ်ကြပါတယ်။ မင်္ဂလာပွဲမှာ သူတို့စိတ်ကူးထဲကအတိုင်း ပုံပေါ်လာအာင်လည်း အတတ်နိုင်ဆုံး စီမံကြပါတယ်။ တစ်ချို့အမျိုးသမီးတွေကျတော့ တတ်နိုင်ရင်တတ်နိုင်သလို လူတကာအားကျရတဲ့ မင်္ဂလာအပြင်အဆင်မျိုးရအောင် ပိုပြီးခမ်းခမ်းနားနား ပြင်ဆင်ကြပါတယ်။

Worldofbuzz ကနေ အခုတွေ့ရတဲ့ မလေးရှားသတို့သမီးကတော့ သူမရဲ့မင်္ဂလာပွဲကို ပိုပြီးထူးထူးခြားခြားဖြစ်စေဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မင်္ဂလာကိတ်ကိုသူများနဲ့မတူစေပဲ မှာယူထားခဲ့တာပါ။ အောက်မှာတော့ အမှတ်တမဲ့ကြည့်ရင် မီးပန်းဆိုင်းကြီးချိတ်ဆွဲထားသလို တွေ့ရတဲ့ ကိတ်မုန့်ကြီးပါ။

ဒီကိတ်မုန့်ကြီးရဲ့ဓာတ်ပုံကို ဖာလီဟင်ဂျက်စ်မီဆိုသူက ရိုက်ကူးကာ “ဇောက်ထိုးဆွဲထားတဲ့ မင်္ဂလာကိတ်ကြီး” ဆိုပြီး တွစ်တာပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။ ကိတ်မုန့်ကြီးကို မျက်နှာကြက်ကနေချိတ်ဆွဲထားသလို တွေ့ရပေမယ့် အောက်ပြုတ်မကျအောင် စက်နဲ့တွယ်ချိတ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ အံ့သြစရာကောင်းလောက်အောင် မီးပန်းဆိုင်းကြီးလိုတွေ့ရတဲ့ မင်္ဂလာကိတ်ကိုတော့ Lily & Lola ကိတ်ဆိုင်မှမှာယူထားကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE