တာဝန်မဲ့ သတို့သားကြောင့် မင်္ဂလာပွဲလာတဲ့ ဧည့်သည်နဲ့ လက်ထပ်ခဲ့ရတဲ့ သတို့သမီး

Image:freepik.com/freepic-diller

အိန္ဒိယက မင်္ဂလာပွဲ တစ်ခု မှာ ဖြစ်သွားတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ် ကို Shwemom စာဖတ်သူတွေ အတွက် ပြန်လည် ဝေမျှ ပေးချင်ပါတယ်။ဒီဖြစ်ရပ် က တော့ အိန္ဒိယ နိုင်ငံ Karnataka ပြည်နယ်၊ Tarikere မြို့က ရွာလေး တစ်ရွာ မှာ ဖြစ်ပွားခဲ့တာပါ။အိန္ဒိယ မှာဆိုရင်  မင်္ဂလာပွဲ နဲ့ ပတ်သက်လာရင် အယူ သည်း ကြပါတယ်။မင်္ဂလာပွဲကို ဒီနေ့ကျင်းပမယ်ဆိုရင် အပျက် အစီးမခံပဲ ရအောင် မဖြစ်ဖြစ်တဲ့ နည်းနဲ့ ကျင်းပ တာမျိုးတွေ ရှိပါတယ်။အခု ဖော်ပြ ပေးမယ့် ဖြစ် ရပ် က တော့ လက်ထပ် ခါ နီး မှ တာဝန်မယူပဲ ပျောက်သွားတဲ့ သတို့သား ကိုယ်စား မင်္ဂလာပွဲ ကို တက်ရောက်လာတဲ့ ဧည့်သည်က သတို့သမီးကို တာဝန်ယူ လက်ထပ် လိုက်ရတဲ့အ ကြောင်းပါ။ဒီသတင်းကိုတော့ storypick မှာ ဖော်ပြထားတာပါ။

Image:freepik.com/freepic-diller

Ashok နဲ့ Naveen ဆိုတဲ့ ညီအစ်ကို နှစ်ယောက်က သီတင်းပတ်ကုန် ပိုင်းမှာတော့ မင်္ဂလာ ခန်းမှာ တစ်ခု တည်းမှာ လက်ထပ် ကြမယ်ဆိုပြီး စီစဉ်ထား တာပါ။ဒါ ပေမယ့်လည်း မင်္ဂလာ ပွဲ မတိုင်ခင်မှာတော့ Naveen နဲ့ သတို့သမီး Sindhu တို့က pre-wedding အတွက် ဓါတ်ပုံ ရိုက်ကူးတာ၊ဧည့်သည် တွေ ဆီ က နေ နှုတ် ဆက် မင်္ဂလာ ဆုတောင်းတွေ ကို ခံယူ ခဲ့ကြပါတယ်။စီစဉ် ထားတာတွေ အကုန် အဆင် ပြေ နေခဲ့ပြီး ည ပိုင်းမှာတော့ Naveen တစ်ယောက် ပျောက် ဆုံး သွားခဲ့ပါတယ်။သတို့သား ကို လိုက်ရှာ ကြမယ့် ဘယ်လို မှ ရှာ မတွေ့ ခဲ့ပါဘူး။ Naveen ရဲ့ ချစ်သူက ဧည့်ပရိသတ်တွေ ရှေ့မှာ အဆိပ် သောက် သေမယ်၊ မင်္ဂလာ ပွဲကို ဖျက်စီးမယ်လို့ ခြိမ်း ခြောက်ခဲ့ပြီး နောက်မှာ တော့ Naveen က သူ့ချစ်သူနဲ့ လိုက် ပြေး သွားခဲ့တာပါ။

READ
တိုက်ရိုက်သတင်းကြေငြာနေတုန်း ခင်ပွန်းသေဆုံးသူရဲ့ သတင်းကိုတွေ့ပြီး အံ့သြခဲ့ရသူ
Image:freepik.com/niksads

Naveen ရဲ့ ပွဲအစီအစဉ် ကမောက်ကမ တွေ ဖြစ်သွားတာကြောင့် အစ်ကို ဖြစ်သူနဲ့ ဇနီးလောင်း Sindhu နဲ့ မိသားစု တွေ လည်း စိတ် ဆင်း ရဲ ခဲ့ရပါတယ်။ယူ ခါနီးမှ သတို့ သား မရှိ တော့ တဲ့ သတို့သမီး Sindhu ကလည်း ငို ကြွေး ခဲ့ပါတယ်။နောက်ဆုံးမှာတော့ မိသားစု တွေက သတို့ သမီး အတွက် နေရာမှာတင်ပဲ ဧည့်သည် တွေ ထဲက သင့်တော်ရာ တစ်ယောက်ကို ချက်ချင်း ရှာ ပေးခဲ့ပါတယ်။သနားစရာ သတို့သမီး ရဲ့ အဖြစ်ကို မျက်မြင် ကိုယ်တွေ့ မြင်လိုက် ရတဲ့ Chandrappa ဆိုသူက တော့ နောက်ဆုံးမှာ Sindhu ကို လက်ခံ လက်ထပ် ပေးခဲ့ပါတယ်။နောက်ပိုင်း အခြေအနေ တွေ က တော့ ဘာတွေ ဆက်ဖြစ် မလဲ မသိရ ပေမယ့် လက်တလော အဆုံးသတ်က တော့ မင်္ဂလာပွဲလာရင်း သတို့သား နေရာ ရောက် သွားတဲ့ Chandrappa  နဲ့ စီစဉ်ထားတဲ့ သတို့သား ရဲ့ ပစ်ပယ်မှု ကို ခံခဲ့ရတဲ့ Sindhu  တို့ ကတိသစ္စာပြု ပြီး လက်ထပ်ဖြစ်ခဲ့ပါတယ်။

READ
တို့ဆေးနဲ့ ဆံပင်ကျစ်ဆံမြီးတွေအဖြတ်ခံရတဲ့ အိန္ဒိယအမျိုးသမီးများ စိုးရိမ်ကြောက်လန့်နေကြ
Image:.freepik.com/freepic-diller

#SHWEMOM

SHARE