ကာစီနိုသူဌေးကြီးရဲ့ သားနဲ့ မော်ဒယ် Ming Xi တို့ရဲ့ မင်္ဂလာဓါတ်ပုံများ ထွက်ပေါ်

Image:IG/Ming Xi

တရုတ်မော်ဒယ် Ming Xi ကိုတော့ ပြီးခဲ့တဲ့ မေလ (၁၃) ရက်နေ့တုန်းက သူမရဲ့ ချစ်သူ Mario Ho က လက်ထပ်ခွ င့်တောင်းခံခဲ့ပါတယ်။Ming Xi  ကတော့ ချစ်သူရဲ့ လက်ထပ်ခွင့်ကို Yes အဖြေပြန်ပေးခဲ့ပါတယ်။မော်ဒယ် မလေး ရဲ့ အသက် ကတော့ အသက် (၃၀)ဖြစ်ပြီး Mario Ho ကတော့ (၂၄)မို့ မောင်လေးနဲ့ မမ စုံတွဲပါ။သူမရဲ့ သတို့ သား လောင်း ကတော့ တကယ့်ကို ကြီးကြီးတတ်ချမ်းသာတဲ့ မိသားစုကပါ။Mario Ho ကတော့  မကာ အို ကာစီနိုလောင်း ကစားလောကရဲ့ ဘုရင်တစ်ပါလို့ တောင် တင်စားခံထားရတဲ့ သူဌေးကြီး Stanley Ho ရဲ့ သားပါ။ ဘယ်လောက်ထိ ချမ်းသာသလဲ ဆိုရင်တော့ Stanley Ho ရဲ့ ချမ်းသာကြွယ်ဝမှုဟာ မတ်(၂၀၁၈) အထိ စစ်တမ်းအရ အမေရိက န်ဒေါ် လာ(၂.၅) ဘီလီယံရှိပါတယ်။

Image:IG/Ming Xi
Image:IG/Ming Xi

Image:IG/Ming Xi

Image:IG/Ming Xi

အခုဆိုရင်တော့ ပထမဆုံး အနေနဲ့ မင်္ဂလာ ဓါတ်ပုံလေးတွေ ထွက်လာခဲ့ပါတယ်။ဒီအကြောင်းကိုတော့ Asiaone မှာ ဖော်ပြထား တာပါ။ နှင်းဆီပန်းပွင့် (99,999 ) ပွင့်နဲ့ ပန်းရောင်ရဲတိုက် လေး.. ရိုမန်တစ်ဆန်လွန်းတဲ့ ပုံစံလေးနဲ့  လက်ထပ် ခွင့် တောင်းခံခဲ့တာပါ။မင်္ဂလာပွဲမှာရော ဘယ်လိုတွေ ခမ်းနားကြီးကျယ်မလဲ ဆိုတာကိုတော့ စောင့် ကြည့် ရမှာ ပါ။အရင်ဆုံး မင်္ဂလာပုံလေးတွေကိုတော့ ဇူလိုင် (၄)ရက်နေ့ မှာ ထွက်ပေါ် လာခဲ့ပါတယ်။နှစ်ယောက်လုံးက Weibo မှာ တင်ခဲ့ကြတာပါ။ပုံထဲမှာတော့ Ho နဲ့ Ming တို့က Pose အမျိုးမျိုး ပေးထားကြတာကို တွေ့ရမှာပါ။

READ
2018 ပြက္ခဒိန်အတွက် အလန်းစားဓာတ်ပုံတွေရိုက်လိုက်တဲ့ မေရတီဇော်
Image:IG/Ming Xi
Image:IG/Ming Xi

အရင်ဆုံး Ming က ပုံတွေကို ရှယ်ထားပြီး အဲ့ဒီနောက်ကျမှ Ho က လိုက်ပြီး ရှယ်ထားတာပါ။သူတို့ရဲ့ Post ကိုတော့  အတော်လေးလူကြိုက်များခဲ့ပြီး Comment ပေါင်း (၃)သောင်းကျော်ခဲ့ပါတယ်။ပုံတစ်ပုံမှာတော့ Ming က သူမရဲ့ ခင်ပွန်းလောင်းကို နောက်ကနေ သိုင်းဖက်ထားပါတယ်။Ming Xi ကတော့ သူငယ်ချင်းရဲ့ မောင်လေးနဲ့ အကြောင်းပါ ခဲ့တာပါ။Ming Xi  နဲ့ Mario Ho ရဲ့ အစ်မအကြီး Sabrina Ho တို့က အရမ်းခင်ကြတဲ့ သူ ငယ်ချင်း မိတ် ဆွေ တွေ ပါ။ဒီလိုနဲ့ပဲ Ming Xi နဲ့ Mario Ho  တို့နှစ်ယောက် Sabrina ရဲ့ မိတ်ဆက်ပေးမှုကြောင့် ခင်လာကြတာပါ။ တရုတ် reality dating show  Mr Left Mr Right မှာ ပါဝင်ခဲ့ပြီးနောက်မှာတော့ Xi နဲ့ Mario တို့ နှစ်ယောက် ဟာ ချစ်သူတွေ ဖြစ်သွားခဲ့ပါတယ်။ ချစ်သူ သက်တမ်း (၂)နှစ်အကြာမှာတော့ လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။

READ
ကိုရီးယားရိုးရာဝတ်စုံတွေနဲ့တွေ့ရတဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံ

 

 

View this post on Instagram

 

Best memory of the year💗🌸 @victoriassecret

A post shared by Ming Xi (@mingxi11) on

Image:IG/Ming Xi
Image:IG/Ming Xi

#SHWEMOM

SHARE