မင်္ဂလာဆောင်ဓာတ်ပုံရိုက်နေတုန်း မမျှော်လင့်တဲ့ ဧည့်သည်လေးကြောင့် ပျော်ခဲ့ရတဲ့ စုံတွဲ

[email protected]

မင်္ဂလာပွဲဆိုတာ လူတိုင်းရဲ့ ဘဝမှာ အမှတ်တရအဖြစ်ဆုံး အချိန်တစ်ခုပါ။ ဒီလိုအမှတ်တရအချိန်အခါဟာ တစ်သက်မှာ တစ်ခါပဲ ရှိတာကြောင့် မင်္ဂလာဆောင်ဖူးတဲ့ စုံတွဲတိုင်းဟာ အဲဒီအချိန်လေးကို တစ်သက်လုံး အမှတ်တရ ရှိနေကြမှာ အမှန်ပါပဲ။ ဒါပေမယ့် အခုပြောပြချင်တဲ့ မင်္ဂလာဇနီးမောင်နှံ့ကတော့ သူတို့မင်္ဂလာပွဲကို သူများတွေထက်ပိုပြီး အမှတ်တရ ရှိနေကြမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ မင်္ဂလာဆောင်မှာ အမှတ်တရဓာတ်ပုံရိုက်နေစဉ်အတွင်း လိပ်ပြာလေးတစ်ကောင်ဟာ သူတို့ မင်္ဂလာမောင်နှံရဲ့ အနားမှာ တောက်လျှောက်ကပ်နေပြီး မင်္ဂလာပွဲဓာတ်ပုံတိုင်းမှာ အဆိုပါ လိပ်ပြာလေးပါဝင်ခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

laurendamariephotography
laurendamariephotography

အပေါ်မှာ တွေ့ရတဲ့ မင်္ဂလာမောင်နှံကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့မှာ မင်္ဂလာဆောင်ခဲ့တဲ့ Brooke Naumcheff လို့ အမည်ရတဲ့ သတို့သမီးလေးနဲ့ Drew Parker လို့ အမည်ရတဲ့ သတို့သားပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အမေရိကန်နိုင်ငံ၊ Michigan ပြည်နယ်၊ Jenison မြို့မှာရှိတဲ့ Grand Ravines ပန်းခြံမှာ မင်္ဂလာပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ COVID 19 ကပ်ရောဂါဖြစ်နေတာကြောင့် သူတို့မင်္ဂလာပွဲကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းအချို့သာ ဖိတ်ကြားပြီး မင်္ဂလာပွဲ ကျင်းခဲ့ပါတယ်။

READ
ထောင်ထဲက အလှပန်းပင်တွေကို ဝင်စားလို့ (၄)ရက်အထိန်းသိမ်းခံခဲ့ရတဲ့ မြည်း(၈)ကောင်
laurendamariephotography
laurendamariephotography

ဒါပေမယ့် အပေါ်က မင်္ဂလာဆောင်ဓာတ်ပုံတွေထဲမှာ ရောင်စုံလိပ်ပြာလေးတစ်ကောင်ကို တော်တော်များများ သတိထားမိခဲ့ကြမှာပါ။ အဲဒီလိပ်ပြာလေးဟာ မင်္ဂလာဆောင်ဓာတ်ပုံရိုက်နေတဲ့ အချိန်တောက်လျှောက် သတို့သမီးရဲ့ လက်ပေါ်မှာနားလိုက်၊ သတို့သားရဲ့ လက်ပေါ်မှာနားလိုက်နဲ့ လုပ်နေခဲ့ပါတယ်။ အစကတော့ Brooke လေး အမှုမှတ်အမှတ်မဲထင်ခဲ့ပြီး ခဏအကြာမှာတော့ တဖြည်းဖြည်းနဲ့ သတိထားမိခဲ့ပြီး လိပ်ပြာလေးကိုသာ Focus ထားပြီး ဓာတ်ပုံတွေ ရိုက်ခဲ့ကြပါတယ်။

laurendamariephotography
laurendamariephotography

“အဲဒီလိပ်ပြာလေးဟာ ကျွန်မရဲ့ အဖွားလို့ ကျွန်မယုံပါတယ်။ ဘာကြောင့်လဲဆိုတော့ မင်္ဂလာမဆောင်ခင် ရက်ပိုင်းကပဲ ကျွန်မရဲ့ အဖွားသေဆုံးသွားခဲ့လို့ပါပဲ။ ပြီးတော့ အဖွားက လိပ်ပြာ အရမ်းချစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့ Drew တို့ရဲ့ မင်္ဂလာပွဲဟာ ကျွန်မတို့နှစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံး အမှတ်တရ ဖြစ်သွားစေတာတော့ အမှန်ပါပဲ”လို့ Brooke က ပြောကြားခဲ့ပါတယ်။

What a beautiful day yesterday celebrating Brooke & Drew!Before getting to a larger preview, I had to share this sweet…

Posted by Laurenda Marie Photography on Saturday, August 15, 2020

Pyi Hein Kyaw

SHARE